Saturday, November 30, 2013

ကချင်ဒီမိုကရက်တစ်ပါတီအားတရားဝင်ပါတီတည်ထောင်ခွင့်ပေးလိုက်



=======================================
(KNG)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) ဦးဆောင်သော ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) ပါတီကို ယနေ့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ပါတီတည်ထောင်ခွင့်ပေးလိုက်ကြောင်းသိရသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲကော်မရှင် နေပြည်တော်သံအမတ်မှ နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) အား ကချင်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ပြုရန် လျှေက်ထားချက်ကို ခွင့်ပြုလိုက်သည်ဟု အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။

၎င်းကို ရန်ကုန်မြို့ရှိ ကချင်ဒီမိုကရေတစ်ပါတီအဖွဲ့ဝင် ၁ ဦးဖြစ်သူ ဆလန်ဇော်ဘန် (Salang Zau Ban) အား ယနေ့ နံနက် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အတွင်းရေးမှူးကိုယ်စား ဇေယျာဇော် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပေးပို့သော ၎င်းပါတီနှင့် ပတ်သက်သောအချက် (၄) ချက်ကို မြစ်ကြီးနားတွင် လက်ခံရရှိခဲ့သည်ဟု ဦးဂွမ်ဂရောင် အောင်ခမ်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ကချင်ဒီမိုကရေတစ်ပါတီ “ကချင်ပြည်သူလူထုအတွက် ခိုင်မာစွာရပ်တည်ရန်ဖြစ်ပြီး၊ ကချင်ပြည်သူလူထုများ၏ အကျိုးနှင့် ကချင်ပြည်သူလူထုနှင့် အတူလက်တွဲ လုပ်ဆောင်သွားမည့်ပါတီ ဖြစ်ကြောင်း” အသက် ၄၅ နှစ်အရွယ်ရှိ ဦးဂွမ်ဂရောင်အောင်ခမ်း ကပြောသည်။

ပါတီရရှိသောကြောင့် ၀မ်းမြောက်ကြောင်းနှင့် ကချင်ဒီမိုကရက်တစ်ပါတီမှ ၂၀၁၄ ဇွန်လနောက်ပိုင်းမှ စည်းရုံးရေးများပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

ယခုလအတွင်း ပါတီ ဖွဲ့စည်းပုံများနှင့် ပါတီ အမှတ်တံဆိပ် များကိုပြုလုပ်ကာ ၁ လအတွင်း ပါတီခေါင်ဆောင်နှင့် ဒုအတွင်းရေးမှူး နေပြည်တော်တို့ပြန်လည် တင်ပြလျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ဒီမိုကရေတစ်ပါတီ (Kachin Democratic Party) မှ ပါတီတည်ထောင်ခွင့်ရရန် စက်တင်ဘာလ ၄ ရက် ၂၀၁၃ တွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ခြင်းဖြစ်ရာ ယနေ့ မှတ်ပုံတင် ချပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှ လူထုကိုယ်စား ပါဝင်ယှဉ်ပြိုင်သော ပါတီများအနည်းအကျဉ်းသာဖြစ်သော်လည်း ယခုနှစ်အတွင်းမူ ၃ ပါတီအထက် ကချင်လူထုများထဲမှ ပါတီဖွဲ့စည်းကာ လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ အသီးသီးချပေးခဲ့ခြင်းဖြစ်သည်။

Read more »

YUP Kalang hprang

Read more »

Friday, November 29, 2013

စစ်သည်အများအပြား တပ်မှ ထွက်ပြေး

ကဲ ကြည့်အမြင်မှန်၇ပြီး စစ်မတိုက်ချင်တဲ့သူတွေကြတော့ ဂိုဏ်းချုပ်တွေရဲ့လက်ကလွတ်အောင်ထွက်ပြေးကြရပြီပေါ့....
အစိုးရတပ် အရာရှိ စစ်သည်အများအပြား တပ်မှ ထွက်ပြေး ================================ ( သျှမ်းသံတော်ဆင့်) သျှမ်းပြည်အတွင်းရောက်ရှိလှုပ်ရှားနေသည့် တပ်များမှ အရာရှိ စစ်သည်အများအပြား တပ်မှ ထွက်ပြေးနေသည်ဟု ဒေသခံများ ပြောပြချက်အရသိရပါသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရရှိထားသည့် သတင်းအရ အစိုးရတပ်မတော် ဗိုလ်ကြီးအဆင့် ၄ ဦး တပ်သားအဆင့် ၃ ဦး - စုစုပေါင်း ၇ ဦးထက်မနည်း တပ်မှ ထွက်ပြေးနေသည်ဟု ဆိုသည်။ အစိုးရတပ်များ သျှမ်းပြည်အတွင်း တာဝန်ကျ လှုပ်ရှားပြီး အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်နေရသောကြောင့် တပ်မှထွက်ပြေးရခြင်းဖြစ်ကြောင်း နိုင်ငံရေးသင်တန်းတက် ရောက်နေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များက ပြော ပြပါသည်။ “လက်နက်ကိုင်တပ်ဖွဲ့တွေ တော်တော်များများကအပစ်ရပ်ထားပြီ၊ ဒါပေမယ့် တိုက်ဖို့ နယ်မြေ ရှင်းလင်းဖို့အမိန့်က လာတုန်း၊ ဘယ်သူမှ အလကား မသေချင်ဘူးလေ။ ဒါ့ကြောင့် ထွက်ပြေးကြတာ” - ဟု RCSS/SSA နာယက ဆရာ ခွန်းဆေ က ပြောပါသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA ပိုင် သတင်း ဝဲပ်ဆိုက်တွင်လည်း ထွက်ပြေးသည့် မြန်မာ့တပ်မတော်မှ အရာရှိများ တပ်သားများ၏ နာမည်များကိုပါ ဖေါ်ပြထားသည်။ အဆိုပါ တပ်ပြေးများမှာ ခလရ ၁၃၂ မှ ဗိုလ်ကြီး အောင်အောင်၊ တပ်သားသန့်ထူး၊ ခမရ ၃၄၂ မှ ဗိုလ်ကြီးသက်နိုင်ဦး၊ ခမရ ၄၃၆ မှ ဗိုလ်ကြီးမြင့်ဦး၊ ဆေးတပ်ရင်းဗိုလ်ကြီး သိန်းထိုက်အောင်၊ ၁၄၄ မှ တပ်သားအောင်စိုးဝင်း၊ ၂၉၀ မှ တပ်သားဇော်ဝင်း တို့ ဖြစ်သည်ဟု ဆိုသည်။ ယခုလဆန်းပိုင်းကလည်း တပ်သားတဦးက ရှေ့တန်းပွိုင့်ဦး မထိုးလိုသောကြောင့် နမ္မတူမြို့နယ် မိုင်းယင်အုပ်စု ဝမ့်ကောင်းဟုန်း(ရွာ) တွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့မှုလည်း ရှိပါသည်။

Read more »

တိုင်းရင်းသားအခွင့်အရေးတွေ ရမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်မယ်

Read more »

Thursday, November 28, 2013

Jinghpaw ni Yangung mare htim na

""

Bai du wa na bat December praw kaw nna Jinghpaw ni Yangung mare hpe htim kaput kau na matu jin jin hkyen nga masai. Jinghpaw ni a prat rai mat sai ngu ai hpe htawng madun mayu nngai. Poi nga jang Jinghpaw ni hpe kadai wa shingdang da lu na n rai nga ai. 

Yangung myu ting Jinghpaw ni bai kaput mat na hta sha n-ga, Yagung mare ting Jinghpaw ni la sa ai gumhpraw ni hkrai kahpoi mat na re, "N kam taw gaw, tinang jai kau na gumhpraw hpe Nhtu ginchyai X mahkret shakap" nna jai dat u nang bai mu mada lu na ra ai.

Read more »

၂၀၁၄-ခုဟာ လူထုတိုက်ပွဲနှစ်

၂၀၁၄-ခုဟာ လူထုတိုက်ပွဲနှစ်

မိဘပြည်သူများက သမ္မတဦးသိန်းစိန်အစိုးရကို အနည်းငယ် အသိအမှတ်ပြုနေခြင်းကို အဓိပ္ပါယ်အကောက်မလွဲကြဖို့ လိုတယ်။ ၂၀၀၈-ခုဥပဒေကို ထောက်ခံလို့ မဟုတ်၊ ဖားတပိုင်းငါးတပိုင်း အစိုးရကို ထောက်ခံလို့လည်း မဟုတ်။

သမ္မတဦးသိန်းစိန်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို လုပ်နေတယ်၊ ၂၀၀၈-ခုဥပဒေကိုလည်း ပြင်ဆင်ပေးဖွယ်ရှိတယ်၊ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်အတွက် ကောင်းမွန်တဲ့ အဖြေတစ်ခုကို ရှာပေးနိုင်မယ်လို့ မျှော်လင့်ချက်ထားပြီး ဝန်းရံကြခြင်းဖြစ်တယ်။

လာမဲ့နှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ တစ်ခုခုကို လုပ်ပြရပါလိမ့်မယ်။ စစ်တပ်၊ ဦးပိုင်၊ ခရိုနီ၊ တရုတ်အကျိုးစီးပွားကိုပဲ ကာကွယ်ဖို့ ကြိုးစားနေမြဲဆိုရင်၊ ၂၀၀၈-ခုဖွဲ့စည်းပုံကို ဒီတစ်ခါမှာလည်း မိမိအလိုကျ ပြင်ဆင်ချင်တဲ့နေရာမှာပဲ ပြင်ခဲ့ရင် လူထုတိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်။

Read more »

အချုပ်အခြာအာဏာနဲ့ နိုင်ငံကြီးသြဇာသက်ရောက်မှု


နိုင်ငံတစ်ခုရဲ့ ကံကြမ္မာဟာ နိုင်ငံကြီးတစ်နိုင်ငံရဲ့ သြဇာအောက်ကို ရောက်သွားတာနဲ့ ပြည်တွင်းတည်ငြိမ်မှုဟာ အဲဒီနိုင်ငံကြီးရဲ့ သဘောထားအပေါ်မှာ မူတည်နေပါတော့တယ်။ 

အခု ယူကရိန်းကို ကြည့်ရင် ပိုပြီး သိသာပါတယ်။ ယူကရိန်းဟာ အကြီးဆုံးဥရောပနိုင်ငံတစ်ခုပါ။ ယူကရိန်းနိုင်ငံဟာ ရုရှားပြီးရင် ဥရောပမှာ အကြီးဆုံးနိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ခဲ့ပေမဲ့ အခုအချိန်အထိ ရုရှားလောင်းရိပ်ကနေ ရုန်းမထွက်နိုင်သေးပါ။

လောလောဆယ်မှာ အီးယူနဲ့ ကုန်သွယ်ဖို့တောင် ရုရှားသဘောတူညီချက်ကို စောင့်ဆိုင်းနေရတဲ့ သဘောပါ။ အီးယူနဲ့ ရုရှားတို့ ဆွေးနွေးပြီး အပေးအယူတည့်မှ ယူကရိန်းက ဥရောပဘုံဈေးကို ဝင်ရောက်နိုင်မဲ့သဘောပါ။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် လွတ်လပ်ရေးရတိုင်းလည်း မလွတ်လပ်ကြဘူးဆိုတာပဲ။

မြန်မာနိုင်ငံကို ကြည့်ရင်လည်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အင်ဒိုပြီးရင် အကြီးဆုံးပါ။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် အခုအချိန်မှာ တရုတ်သဘောမတူရင် ဘာမှ မလုပ်နိုင်ပါဘူး။ ယူကရိန်းမှာ ရုရှားမွေးထားတဲ့ အစိုးရ ရှိသလို မြန်မာနိုင်ငံမှာလည်း တရုတ်မွေးထားတဲ့ အစိုးရ ရှိပါတယ်။ မြန်မာစစ်တပ်က ကချင်၊ ပလောင်၊ ရှမ်းတို့ကို တိုက်ခိုက်နေခြင်း၊ မုံရွာမှာ မြန်မာ့ရဲတွေက ဒေသခံများကို ဖိနှိပ်နေခြင်း၊ မြန်မာနိုင်ငံမှာ ပြည်သူတို့မသိရှိဘဲ တရုတ်နဲ့ သဘောတူထားတဲ့ စီမံကိန်းကြီးများ အများအပြားရှိနေခြင်းတို့ကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို တရုတ်က ဘယ်လောက်အထိ လွှမ်းမိုးထားနိုင်ပြီလဲဆိုတာကို သိရမှာဖြစ်တယ်။

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားများနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ နိုင်ငံတော်ရဲ့ အချုပ်အခြာနဲ့ နယ်နိမိတ်ကို ထည့်သွင်းမဆွေးနွေးဖို့ ဘယ်လောက်ပဲပြောပြော သူ့အစိုးရကိုယ်နှိုက်က အဲဒီအချုပ်အခြာအာဏာကို ထိန်းမထားနိုင်ခဲ့ပါဘူး။

Read more »

Monday, November 25, 2013

UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ



===========================================
(ဧရာဝတီ)
မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသား တွေက ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်တခု လိုချင်တယ်လို့ ပြောတယ်။ ပြည်ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ဆိုတာကတော့ ပြည်ထောင်စုထဲမှာဆိုရင် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော် ပဲ ဖြစ်ရမှာ ပေါ့´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး ဆိုသော မူဝါဒ ၂ ခုတွင် တိုင်းရင်းသားများနှင့် NLD အမြင်မတူ သော်လည်း သဘောထားကွဲလွဲခြင်းမဟုတ်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထွန်းကားရေးဖြစ်ကြောင်း ပြောဆိုကြသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အတွင်းရေးမှူး ဦးနိုင်ဟံသာက ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်း မှတဆင့် ထိုးဖောက်ဝင်ရောက်မည်ဖြစ်ပြီး UNFC သည် လွှတ်တော်လမ်းကြောင်းမှ ၀င်ရောက်ဆောင်ရွက်၍ မရသောကြောင့် လွှတ်တော်ပြင်ပမှ တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိသော ဖွဲ့စည်းပုံကို အသစ်ရေးဆွဲမည်ဖြစ်ကြောင်း ပြောသည်။

“စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်။ ဒါကကျနော်တို့ ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးပွဲ မဟုတ်ပါဘူး။ ကျနော်တို့ အပြင်မှာနေတဲ့လူတွေက လွှတ်တော်ထဲမှာလည်း ၀င်တိုးလို့မရဘူး။ ဒီဖွဲ့စည်းပုံ အနေအထားအရ လွှတ်တော်ထဲမှာလည်း ပြင်ဖို့ မလွယ်ဘူးလို့ မြင်တယ်။ ဒါကြောင့် အန်ကယ် တို့ကတော့ အသစ်ရေးတာကတော့ မြန်တယ်။ လွယ်တယ်လို့ပဲ ယူဆတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရမယ်လို့ ယုံကြည်ပြီးတော့ အဲဒါကို ပြောပြတာ´´ဟု ဦးနိုင်ဟံသာက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား အရေးအတွက် အသိသက်သေအနေဖြင့်သော်လည်းကောင်း၊ ၀ိုင်းဝန်းကူညီသူအနေဖြင့်သော်လည်း အမြဲတမ်းကြိုဆိုဖိတ်ခေါ်နေကြောင်း၊ တိုင်းရင်းသားများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လိုအပ်ကြောင်း ဦးနိုင်ဟံသာက ဆက်လက်ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေအနေနဲ့ရော ၊ ၀ိုင်းဝန်းကူညီနိုင်တဲ့ အနေအထားကနေ ပါဖို့ရော အန်ကယ်တို့ က အမြဲတမ်းဖိတ်ခေါ်နေပါတယ်။ထာဝရ ငြိမ်းချမ်းရေးရဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုတယ်ဆိုတာ တော်တော် လေးကို အဓိကကျတဲ့ အခန်းဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်နိုင်ဖို့က ပြည်ထောင်စုအစိုးရကို အာဏာ တချို့ အပ်ပြီးတော့မှ ပြည်နယ်အစိုးရတွေမှာ ထိုက်သင့်တဲ့ အာဏာတွေ လွဲအပ်ပေးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ဆိုတဲ့နေရာမှာ တန်းတူညီမျှရှိဖို့ လိုအပ်ပါတယ်´´ဟု ဦးနိုင်ဟံသာက ရှင်းပြသည်။

အခြေခံဥပဒေ နှင့် ပတ်သက်၍ UNFC နှင့် ချည်းကပ်သည့် လမ်းစဉ်မတူသော်လည်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် နှင့် UNFC သဘောထား မကွဲလွဲကြောင်း၊ အဓိကမှာ စစ်မှန်သော ပြည်ထောင်စု စနစ် တရပ် ပေါ်ထွန်းရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ ဒီကိစ္စပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံးလိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုပဲ။ အဲဒီ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပုံစံနဲ့ တော့ မရဘူးဆိုတာ ကျမတို့ အားလုံး လုံးဝ သဘောတူတယ်။ အားလုံးအတူတူလက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ အားလုံးလက်တွဲလုပ်မှ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမှာ။ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို အန်တီအနေနဲ့ အမြဲတန်းဖြည့်ဆည်းပေးမှာပါ´´ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုသည်။

UNFC သည် ယနေ့ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ခေါင်းဆောင် များ နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည်ဖော်သွားရန် သဘောတူညီကြသည်ဟု ယနေ့ ကြေညာချက်တရပ် ထုတ်ပြန်သည်။

Read more »

ဘယ်လို လုပ် ရင်ချမ်းသာ မှာ လည်း.

ဘယ်လို လုပ် ရင်ချမ်းသာ မှာ လည်း...........ရှင်းရှင်း ပြောစမ်းပါ...
ချမ်းသာမယ်ဆို မာရှယ်လောအောက် နေရနေရ 

တရုတ်ကို မမုန်းဘူး
ဒါပေမဲ့ တရုတ်အစိုးရရဲ့ဂုတ်သွေးစုတ်မှု
အထက်မြန်မာပြည်တဝှမ်း တရုတ်ခိုးဝင်တွေလွှမ်းပြီး
ပြည်ကြီးကိုပဲ သစ္စာစောင့်သိမှာကိုတော့
ဆန့်ကျင်ရလိမ့်မယ်။

ကုလားကို မမုန်းဘူး။
ဒါပေမဲ့ ရခိုင်ပြည်တဝှမ်း ဘင်္ဂလီလွှမ်းပြီး
ပြဿနာတွေဖြစ်
ဒါကိုအကြောင်းပြုပြီးဘင်္ဂလားဒေ့ရှ်ကသြဇာသံပေး
ကိုယ့်ပြည်ထဲနေပြီး တိုင်းတပါးသြဇာခံမှာကိုတော့
ဆန့်ကျင်ရလိမ့်မယ်။

တပ်ကို မမုန်းဘူး
ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကိုတော့
ဆန့်ကျင်ရလိမ့်မယ်။
နှစ်ပေါင်း၆၀ အလုပ်မှ မဖြစ်တာပဲ။
ဗျူရိုကရေစီခြစားမှုနဲ့ အာဏာရှင်စနစ်နဲ့ပေါင်းတော့
သွားရော။

ဒီမိုကရေစီဆိုတာ ချမ်းသာသွားစေမယ့်
မှော်ဓာတ်လုံးမဟုတ်တာလက်ခံပါတယ်
ဒါပေမယ့်
လွတ်လပ်ခွင့်ကို ပေးတယ်။
လူ့တန်ဘိုး လူ့သိက္ခာကို ပြန်ပေးတယ်။
အာဏာရှင်စနစ်အောက်မှာ လူတွေဟာ … တစ်သွေး တစ်သံ တစ်မိန့်
ဆန္ဒပါပါ မပါပါ
အမိန့်ရဲ့ဓားစက်အောက်က ခွေးသွားစိတ်လေးတွေလို ဖြစ်နေတာ

ဒီမိုကရေစီကတော့ ပြည်သူ့ဆန္ဒသည်သာ အခရာ။
အာဏာနဲ့ အဓမ္မချုပ်ကိုင်ခြင်းမရှိ။
ဒါလူ့သိက္ခာကို ပြန်ပေးအပ်တာပါပဲ။

ဒီတော့ ဆင်းရဲတာချင်းတူရင်တောင်
လွတ်လွတ်လပ်လပ် သိက္ခာရှိရှိလေး ဆင်းရဲတာ
ပိုမကောင်းဘူးလားဗျာ။

အာဏာရှင်တွေအောက်မှာ နှစ်ခြောက်ဆယ်ကျော်ပြီလေ
သတင်းစာတွေမှာ...တော့
အဘက်ဘက်က တိုးတက်ဖွံ့ဖြိုးနေတဲ့အကြောင်းတွေ နှစ်ပေါင်းများစွာဖတ်ခဲ့ရလျက်က
မွဲသထက် မွဲဆင်းခဲ့ရတာပဲ။
အာဏာရှင်တွေလုပ်ပေးလို့ ဒီတသက် ချမ်းသာနေမယ်ဆို
မာရှယ်လောအောက် နေရနေရဗျာ။
ဘယ်လို နေရ မလဲ... ခင်ဗျားတို့ စဉ်းစားကြည့် ပါ....

Thanks For Sending Thorn Nay Soe

Read more »

NINGSIN KATA KAW NYAU CHYANG TAM AI HPA

Ningmu nsan seng ai myen asuya hte simsa lam jawm tam ai gaw ningsin kata kaw wa hkawm hkawm nna nyau chyang hpe jawm tam abram masawp hkawm ai hte bung wa nga ai. Nyau hpe mung nmu, shada da mung nmu hkat re majaw lahtan shada ahkawk hkat ai lang law wa jang gaw gamu anut hkat ra ai madang de du wa chyalu sha re.
Tsun mayu ai lachyum gaw Anhte myit mada ai Federal a ntsa e myen asuya ni a ningmu nsan seng ai. Myen asuya ni hku nna mungdan ting gap hkat jahkring lu na matu Rawt Malan hpung ni hpe tang madun ai Frame Work gaw Federal de lahkam mayu ai Frame work nre. Rawt Malan hpung ni hpe gau ngwi ngwi ginchyum dat shamyit kau mayu ai Die Walk she re.
Dai majaw myen asuya hte mahtai nlu ai hkrum jahta lam lang nau law wa jang gaw Anhte npawt mayu tim shanhte myen ni pawt mayu wa chyalu sha re. Shanhte myen asuya ni jahkrat tawn ya ai Frame Work (Die Walk) hpe Anhte nhkap la hkraw ai majaw Anhte hpe a-gajawng sha htim gamu wa jang grau yak wa na re.
Myen asuya hte hkrum jahta ai lam lang shalaw na malai Laknak lang Rawt Malan taw nga ai myu bawsang ni yawng jawm pawng ai n-gun kaba wuhpung byin na matu dai hpe shawng shakut ra sai.
Ningsin htawng kata kaw rawng nga ai myen asuya gaw ningmu nsan seng ai re majaw gade lang hkrum jahta tim simsa lam mahtai mu mada wa na malai nhtang de madaw gwi lagut daru rai mara tam wa na masa nga ai. Grau nna Anhte KIO/KIA ni hpe grai n ju taw nga ai ten mung re. Thein Sein a maw lanyet masing rai nga ai mungdan ting gap hkat jahkring masing nmai awngdang hkraw ai majaw KIO/KIA hpe hpyen kaba madung hku nan masat kau sai ten mung rai nga ai. Maga mi de mungmasa jahta ga ngu tsun masu nna maga mi de gaw majan kaba a matu ahkyak ai shara ni hta hpyen man shajin tawn lu htim ganaw gasat taw nga ai rai nga ai.
Dai majaw Anhte hku nna dawdan shajin tawn ra ai gaw..
(1) Laknak lang Rawt Malan nga Myu Bawsang ni jawm pawng nna n-gun kaba ai Wuhpung langai byin hkra shawng shakut ra sai.
(2) Anhte myit mada ai Federal Munghpawm hkrang hpe shawng ka shajin mat wa na.
(3) Dai Federal Munghpawm hkrang hpe myen asuya hku nna myit hkrum jang she mungdan ting gap hkat jahkring sign htu lu na.
(4) Dai Federal Munghpawm hkrang hpe myen asuya hku nna nhkap la jang gaw myen nlawm ai lak san federal Munghpawm hpe gawgap mat wa sana re lam hpe mungkan de ndau shabra nna jawm shakut mat wa ra sai.
Daini na democracy mungkan gaw ga shadawn hku tsun ga nga yang myit nhkrum ai Num kasha langai hpe n-gun hte dip hkung ran la na hkum tsun, n-gun hte shinggyim roirip pyi nmai ai ten re. Tsun mayu ai lachyum gaw.. Anhte hpe ndai daram dip gamyet dang sha, sat nat, zing ri zing rat re ai myen amyu asuya hte naw jawm nga na matu hpyi aput taw nga ai gaw mana bungli she rai sai.
Dai majaw ningsin kata kaw myen asuya hte nyau chyang jawm tam nga na malai ninghtoi de gale pru mat ai gaw hta ni hta na ngwi pyaw lam rai na re. Myen asuya hte sha jawm nga dingsa gaw hkik hkam ai amyu nmai byin ai. Karai Kasang gaw Annau ni hpe hkik hkam ai amyu byin shangun mayu ai re. Dai majaw laga amyu kaji ni hpe Annau ni nan woi awn ra sai.
Sau Nan Du
JPKS

Read more »

မန်ဝိန်းကြီးကျေးရွာ၊ မန်စီမြို့နယ် အား အချိန်မရွေး တိုက်ခိုက်နိုင်သော အခြေအနေတွင် ရှိနေသည်။



ထိုရွာတွင် အထင်ကရ စစ်ဘေးဒုက္ခသည်စခန်း ၂ ခု၊ ကက်သလစ်အသင်းတော် 
ကျောင်းဝင်း (လူဦးရေ ၁၈၀၀ နှင့်၊ နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်း (လူဦးရေ ၈၀၀ ကျော်) ရှိနေပြီး ရွာအတွင်း မိမိတို့ အစီအစဉ်ဖြင့် နေထိုင်သော စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော်ခန့်၊ ရွာခံလူဦးရေ ၁၀၀၀ ကျော် ရှိနေပါသည်။ အနီးနားရှိ လဂတ်ယန် တွင် နမ့်လင်းပါ တိုက်ပွဲကြောင့် လွန်ခဲ့သော ၁၀ ရက်အတွင်း ရောက်ရှိလာသော ဒုက္ခသည် ၂၀၀၀ ကျော် ရှိနေပါသည်။
 
 
Comment:
  • Nan Nan OMG!!! 
    7 hours ago via mobile · Like
  • Nan Lwin Oh My God! God bless them ;(
    7 hours ago via mobile · Like
  • Zau Lawt hpa majaw?
    7 hours ago via mobile · Edited · Like
  • Naw Ja If Father Luke Hka Li is still there, it is not going to happen - it is not about who will have upper hand in term of Militarily- but it is all about the safety of people (local and IDPs) ------ Plsssssssssssssssssssssssssssssssssssssssssss
  • Nang Pu့ုhkrit chyu hkrit tsang ra ai anhte myu sha ni wa
  • Zau Hkum hkrit magang jahkrit magang rai ma ai..dai majaw dang lu ai daram adawt nga ai sha mai ai..teng man ai lam hpe tsun ai ,adawt ai lam gaw hpa mara nnga ai, yu bka nlu ai...shaman chyeju madaw hkam la lu na re...
    3 hours ago · Unlike · 2
 

Read more »