Friday, May 31, 2013

မြစ်ကြီးနား ဆွေးနွေးပွဲ အပစ်ရပ် ဆက်စပ်သတင်းများ

Jade Land's photo.
KIO ကိုယ်စားလှယ်များ မြစ်ကြီးနား-၀ိုင်းမော်ရှိ စစ်ရှောင်စခန်းများသို့သွားရောက်ပြီး စစ်ဘေးတိမ်းရှောင်သူများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။

KIO ကိုယ်စားလှယ်များနှင့် UN ကိုယ်စားလှယ်များပါ လိုက်ပါခဲ့သည်။

------------------------------------------------------------------
Jade Land's photo.
ဦးဘရန်ရှောင်အား (၁) ပတ်အတွင်းလွတ်မည်ဟု ၀န်ကြီးဦးအောင်မင်းဆို

 မေ ၃၁ ၊ မြစ်ကြီးနား by Kachin wave 

ဇွန် ၁၇ ၂၀၁၁ခုနှစ်မှစတင်ပြီး မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် နှစ်ခြင်းအသင်းတော်ရှိ စစ်ဘေးဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းခံနေရသော ဦးဘရန်ရှောင်အား (၁) ပတ်အတွင်းလွတ်ပေး မည် ဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းမှ ယနေ့မေ ၃၁ ရက်နေ့ တွင် ပြည်ထောင်စု ၀န်းကြီးဦးအောင်မင်း အပါအ၀င် ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့နှင့် UN ကိုယ်စားလှယ်များ ဂျန်မိုင်ကောင်စစ်ရှောင်စခန်းသို့ လာရောက်စဉ် ပြောဆိုခဲ့ကြောင်းသိရသည်။

----------------------------------------------------------------------------------
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပြီး တပတ်အတွင်း မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူများကို ပြန်လည်လွှတ်ပေးသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အာမခံ ပြောဆိုသည်။
==========http://burma.irrawaddy.org/archives/41102=====
ဦးအောင်မင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့သည် မြစ်ကြီးနားမြို့အနီးရှိ ဒုက္ခသည်စခန်းများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားနှင့် လှည့်လည်ကြည့်ရှုစဉ် လက်ရှိတွင် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးရပြီးဖြစ်၍ မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်သွားရန်ရှိကြောင်း၊ ထို့နောက် မတရားအသင်း ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများမှာ “လုပ်ထုံးလုပ်နည်းအရ” လွှတ်မြောက်မည်ဟု ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
မတရားအသင်း ဆက်သွယ်မှုများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပုဒ်မ ၁၇/ ၁ နှင့် ဖမ်းဆီးခံထားရသူများအရေး မြစ်ကြီးနား ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီသို့ တင်ပြခဲ့ကြောင်းနှင့် အလားအလာ ကောင်းကြောင်း ပြောသည်။
“တိုင်းရင်းသားတိုင်းမှာ ဒီပုဒ်မနဲ့ စွဲခံခဲ့ရသူတွေရှိတော့ လွှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စက အကောင်အထည်ပေါ်လာမယ် ထင်ပါတယ်။ ဘယ်လောက်မြန်မြန်ဖြစ်မလဲဆိုတာကတော့ လုပ်ဆောင်မယ့် အစိုးရအပေါ် မူတည်ပါတယ်” ဟု ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဂျာမိုင်ကောင်း နှစ်ခြင်းဒုက္ခသည်စခန်း အရောက်တွင်လည်း မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခုံရုံးတင် ခံရသော ကချင်စစ်ပြေးဒုက္ခသည်တဦးဖြစ်သည့် ဦးဘရန်ရှောင် ပြန်လွှတ်ပေးရေးအတွက် စခန်းတာဝန်ခံက တင်ပြရာ ဦးအောင်မင်းက ဦးဘရန်ရှောင်ကို နောက်ဆုံးအမိန့်ချပြီး တပတ် အတွင်း ပြန်လွှတ်မည်ဟု ကချင်လူထုရှေ့တွင် အာမခံပြောကြားခဲ့သည်။
” ဦးဘရန်ရှောင်အမှု နောက်ဆုံးအမိန့်ချဖို့ထိ ရောက်နေပြီ။ အမှုမှာ ထောင်ဒဏ်ကျသည်ဖြစ်စေ မကျခံရသည်ဖြစ်စေ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ဦးဘရန်ရှောင် တပတ် အတွင်း နေရပ်ကို ပြန်လာနိုင်ဖို့ အာမခံတယ် ”ဟု ဦးအောင်မင်းက ပြောကြားသည်။
ဦးအောင်မင်းက လက်ရှိ ၎င်းအနေဖြင့် တရားရုံးမှ၎င်း တဦးတည်း အမိန့်ဖြင့်၎င်း ခေါ်ယူပေး၍မရကြောင်း၊ ယခင် တပ်မတော်လက်ထက်တွင် ချက်ချင်းခေါ်ယူ၍ ရသော်လည်း ယခု ဒီမိုကရေစီစနစ်တွင် တရားရေးအာဏာနှင့် လွှတ်တော်အာဏာတို့အပေါ်တွင် အစိုးရက စွက်ဖက်၍ မရကြောင်း၊ သို့အတွက် တရားရုံး နောက်ဆုံးအမိန့်ချပြီးမှသာ ပြန်လည်လွှတ်ပေးရန် သမ္မတ၏ အထူးအာဏာကို သုံးပြီး လွှတ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
“ဒီကိစ္စကို ကျနော့်သိက္ခာနဲ့ ရင်းပြီး အာမခံပါတယ်”ဟုလည်း ဧရာဝတီမှ မေးမြန်းချက်ကို ဦးအောင်မင်းက တုန့်ပြန်ပြောဆိုသည်။
ဦးဘရန်ရှောင်အမှုကို ဦးအောင်မင်းထံတင်ပြခဲ့သူ ဂျာမိုင်ကောင်းဒုက္ခသည်စခန်းမှ ဦးအောင်မြတ်က အမှုကို တရားမျှတစွာ ဖြစ်စေလိုကြောင်း ပြောသည်။
“ခု ချက်ချင်းလွှတ်ပါလို့ မပြောပါဘူး။ တရားမျှမျှတတ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ စစ်မှန်တဲ့ မျှတမှု လိုချင်ပါတယ်”ဟု ပြောသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း မတရားအသင်းပုဒ်မနှင့် အရေးယူထားသည့် အမှုပေါင်း ၆၁ မှုရှိပြီး ဖမ်းဆီးစွပ်စွဲခံထားရသူ ၇၆ ယောက်ရှိကာ စုစုပေါင်း ဖမ်းဆီးစွပ်စွဲခံထားရသူများအနက်မှ ၄၉ ဦးမှာ အမှုစစ်ဆေးပြီးဖြစ်ကြောင်းနှင့် ၂၇ ဦးမှာ ဆက်လက် စစ်ဆေးခံနေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ကောက်ယူထားသောစာရင်းများအရ သိရသည်။
 
Read more »

KBC NI KIO DAT KASA NI HPE MAGUN LIT (74) HTE HKALUM

http://www.kbckachin.com
Myen asuya hte mung masa bawngban na matu du sa wa ai KIO dat kasa ni hpe KBC hku nna htunghking magun lit hte hkungga jaw hkalum la ai lamang hpe May 29 ya shana 7:00 pm ten hta Myitkyina mare Shatapru lawk (1), KIO Kyithkai Rung kaw galaw lai wa sai lam chye lu ai.

Dai lamang hta KBC Ginjaw hte Ginwang (15), Myitkyina, Htingnai, Waimaw Ginwang ni de na Buga Hpung ni, Norway, Singapore, Japan, Thai, Australia, Malaysia Mungdan ni de du nga ai Wunpawng sha ni hku nna gun jaw ai magun lit yawng (74) du ai lam chye lu ai.

Lamang hta KBC Ginjaw magam gun ni, Gunwang Amu madu ni, Buga Hpung de na Hpung woi Sara/num ni, Hpung ningbaw ningla ni yawng marai (300) jan du lawm nna KIO ningbaw ningla ni hte hku hku hkau hkau hkrum shaga kanawn mazum lu ai lam, Akyu hpyi ya ai lam, Rev. Gunhtang La Myen hku nna Karai mungga hte n-gun jaw, Rev. Sinwa Naw kyu hpyi ya ai hte KIO dat kasa ni mung grai n-gun lu myit pyaw kabu ma ai lam chye lu ai.

Ndai zawn galaw ai lam a yaw shada ai lam gaw Wunpawng myu sha ni yawng hte KIO gaw langai sha re lam hte KIO gaw Wunpawng sha ni a gawng malai re lam hpe Asuya hte maigan ni yawng chye lu na matu yaw shada ai lam lamang hpe woi awn ai KBC Amu madu Rev. Dr. Hkalam Samson kaw nna chye lu ai. KBC MNK

Read more »

P R E S S R E L E A S E U . S . E M B A S S Y R A N G O O N

Union Government – Kachin Independence Organization (KIO) Peace Talks
################################################

The United States welcomes the constructive talks which took place between the Union Government and the Kachin Independence Organization (KIO) May 28-30 in Myitkyina, Kachin State. We are encouraged by the seven-point joint agreement that resulted from the talks and look forward to continued progress in building trust and delivering lasting peace, as envisioned in the agreement. As a fundamental matter, the United States supports dialogue as the best and only way to address the root causes of longstanding conflict and to ultimately achieve lasting peace, justice, reconciliation, and equitable development throughout the country, including Kachin State.

Read more »

ကချင်ဆွေးနွေးပွဲ ရလာဒ်(VOA news)

Published 31.05.2013 ကချင် လက်နက်ကိုင် KIO ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ မနေ့က နှစ်ဖက်တပ်တွေအကြား ပစ်ခတ်မှု လျော့ချဖို့ အပါအ၀င် သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်၊ ၂ ဖက် လက်မှတ်ထိုးခဲ့ကြတဲ့ အချက်တွေထဲမှာ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြရတဲ့ ပြည်သူတွေ အတွက် ပြန်လည် ထူထောင်ရေးကို ဆက်ပြီး ညှိုနှိုင်း ဆောင်ရွက်ရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း မြစ်ကြီးနားမြို့ကို ကိုယ်တိုင်သတင်းသွားယူတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက အခုလို သတင်းပေးပို့ထားပါတယ်။

Read more »

ပူတာအိုက ကျေက်စိမ်း ထွက်တဲ့ ဆန်ဂေါင် က နေ ရေခဲတောင်ထိ တေဇ ယူလိုက်ြပီ။

ပူတာအိုက ကျေက်စိမ်း ထွက်တဲ့ ဆန်ဂေါင် က နေ ရေခဲတောင်ထိ တေဇ ယူလိုက်ြပီ။ သူလက်ဝါးကြီးအုပ်ထားလိုက်ပြီ။ ဒေသခံတွေ အတွက် မြေ မရှိ တော့ဘူး။
KIO နဲ့  မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ မနောကွင်း၊ မဂျွယ်ခန်းမရဲ့ 
ပြင်ဆင်စရိတ် ကျပ်သိန်း ၁၂၀၀ ကျော်ကို တေဇ က အိတ်စိုက်ထုတ်ပေးသတဲ့။

နေပါဦး..
တေဇက ဘယ်ကဘယ်လို ဒီခန်းမပြင်ဆင်ဖို့  လုပ်ပိုင်ခွင့် ရသွားတာလဲ။
ကြားက ဘယ်သူတွေ ပွဲစားလုပ်ခဲ့တာလဲ။ မေးကြမြန်းကြ စစ်ကြဆေးကြပါဦး။

ကချင်ပြည်သူတွေဆီ ဖလားကိုင်ပြီး အလှူခံထွက်ကြပါလားဗျာ။
မလောက်သေးဘူးလား..၊ ရှမ်း ကရင် ချင်း ရခိုင် မွန် ဗမာ စတဲ့ 
တိုင်းရင်းသားတွေဆီ တောင်းပလုံးလေးတွေကိုင်ပြီး လှူခိုင်းစမ်းပါဗျာ။

ခုဟာက ငြိမ်းချမ်းရေးဗန်းပြပြီး ဟိုလူအမြတ်ထုတ် ဒီဟာအမြတ်ထုတ်နဲ့ 
မလုပ်ကောင်းတဲ့ကိစ္စတွေ.. ရွံသဗျာ။

By:FB-https://www.facebook.com/aungmyo.tun.52

Read more »

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ခရီးကြမ်း နောက်ဆုံးရသတင်း

မေလ ၂၉ ရက်နေ့က KIO က လူထု ဆန္ဒခံယူပွဲ လုပ်ရန် တောင်းဆိုလို့ အစိုးရ အငိုက်မိ အကြပ်ရိုက်သွားတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အစိုးရက ခွင့်မပြုသေးတဲ့ အချိန်မှာ
ကချင်နှစ်ခြင်း အသင်းတော် ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ Rev ခလာမ်ဆမ်ဆွန်နဲ့ ဘာသာရေး ခေါင်းဆောင်များက ဖိအားပေး တောင်းဆိုခဲ့လို့ ဆန္ဒခံယူပွဲ အစား ရပ်မိရပ်ဖ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ထုတ်နှုတ်စေပြီး ရှင်းလင်းပွဲ ပုံစံကို လိုက်လျော ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ စီတာပူ မနောကွင်းရှိ ကချင် ယဉ်ကျေးမှု ကော်မတီ ဗဟိုရုံးမှာ (၃) နာရီကြာ ကျင်းပပေးခဲ့ရပါတယ်။ ရှင်းလင်းပွဲနှင့် ဆန္ဒခံယူပွဲကို ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေါက်တာ တူးဂျာတို့ အပါအဝင် အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်သူလူထုရဲ့ သဘောထား တချို့ကို ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။+++read more++click on link++

Read more »

Thursday, May 30, 2013

Seven Points Agreement of Myanmar's Union Peacemaking Committee and the Kachin Independence Organization (KIO) signed in Myitkyina today.

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်

(၁)-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

(၂)-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

(၃)-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

(၄)-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

(၅)-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

(၆)-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

(၇)-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။
Agreement of Myanmar's Union Peacemaking Committee and the KIO (4 photos)
 
Read more »

Sarama Kaba , Yungwi ning hkring Nhpan Ja Ra kawn KIO de hpaji jaw ga.

ဝါရင့် ကချင် သေးသံရှင်၊ဆရာမဒေါ်အင်ဖန်းဂျာရာ ၏ (၂၉.၅.၂၀၁၃) ရက်နေ့ KIO နှင့် ကချင်လူထု တွေ့ဆုံ ပွဲ အခမ်းအနား မြစ်ကြီးနား၌ KIO သို့ အကြံပြု စကား" ( KIO/KIA သည် ကချင် လူထုတရပ်လုံး၏ အသည်း၊ နှလုံး ၊ သွေး သားဖြစ်သည်)

Read more »

Wednesday, May 29, 2013

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်နှင့်တွေ့ဆုံခြင်း

7Day News Journal's photo.
၂ နှစ်အတွင်းမှာ လူမှုရေးပြဿနာတွေကလည်း တော်တော်များတယ်။ များတော့ ဒါကို အမြန်ဖြေရှင်းစေချင်တယ်
-------------------
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်နှင့်တွေ့ဆုံခြင်း
------------
ရေးသားသူ- အေးမြကျော်

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ကချင်ပြည်နယ်တွင် တိုက်ပွဲများပြန်ဖြစ်ခဲ့သည်မှာ ဇွန်လ ၉ ရက်ဆိုလျှင် ၂ နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ၂ နှစ်အတွင်း အစိုးရနှင့်ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အို)တို့အကြား ဖြစ်ပွားခဲ့သော ရာနှင့်ချီသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက်မှာ ၂ နှစ်ပြည့်တော့မည့်အချိန်တွင် တစ်သိန်းကျော်အထိရှိလာခဲ့လေသည်။ မေလ ၂၈ ရက်တွင်မူ ၂ နှစ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့သော ရလဒ်တစ်ခုအနေဖြင့် ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့တွင် နှစ်ဖက်တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ခဲ့ပြီဖြစ်သည်။ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း၊ ကေအိုင်အိုဘက်မှ ကေအိုင်အေဒုစစ်ဗိုလ်ချုပ်ဂွန်မော်တို့ကို တွေ့ဆုံခဲ့သူ၊ စစ်ဘေးဒုက္ခသည်များကို အစဉ်တစိုက်အကူအညီပေးနေသော ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အထွေထွေအတွင်းရေးမှူးဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားဆွေးနွေးပွဲ စစ်ဘေးဒုက္ခသည်များအရေးတို့ကို မြစ်ကြီးနားမြို့တွင် မေလ ၂၇ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အရင်ဆုံးအစိုးနဲ့ ကေအိုင်အိုတို့ရဲ့ မြစ်ကြီးနား ဆွေးနွေးပွဲကို ဘယ်လိုမြင်ပါသလဲ။
ဒီတစ်ခေါက်ဆွေးနွေးပွဲကတော့ ရွှေလီဆွေးနွေးပွဲရဲ့ အဖြေပေါ့။ နောက်ဆုံးတွေ့တဲ့ အချိန်မှာ UN ဦးဆောင်မှုနဲ့ဆိုရင် ဘယ်မှာဖြစ်ဖြစ်တွေ့မယ်လို့ ကေအိုင်အိုကပြောတော့ တွေ့ဖြစ်သွားတာပါ။ တနင်္ဂနွေနေ့(မေ-၂၆)က ဦးအောင်မင်းတို့ ရောက်တဲ့အခါ ဒီက(မြစ်ကြီးနား)ဘာသာရေးခေါင်းဆောင်တွေအဖွဲ့တွေနဲ့ တွေ့တဲ့အခါ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးမှသာလျှင် အဆင်ပြေမယ်လို့ ပြောခြင်းအားဖြင့် ခေါင်းစဉ်ကတော့ အပစ်အခတ်ရပ်စဲဖို့  လက်မှတ်ထိုးဖို့ ဦးတည်မယ်လို့ ယူဆရတယ်။ ဒီနေ့ (မေ ၂၇) ကေအိုင်အိုနဲ့တွေ့တော့လည်း ကေအိုင်အိုကတော့ အပစ်အခတ်ရပ်ရေးထက် စစ်အရှိန်လျှော့ဖို့လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးသွားမယ်လို့ သဘောရတာတွေ့ရတယ်။ အဖွဲ့အစည်းနှစ်ခုရဲ့ပန်းတိုင်က တစ်ခုစီဖြစ်နေတော့ အဖြေက မျှော်မှန်းသလောက်ဖြစ်လာမယ်မထင်ဘူး။

 ဒီဆွေးနွေးပွဲက ကချင်ပြည်နယ်ထဲမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အိမ်ပြန်ဖို့အတွက် မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါသလား။
မထင်ဘူး။ ဘာလို့မထင်လဲဆိုတော့ အခုရှေ့တန်းနေရာတွေမှာ တပ်မတော်ရဲ့ တပ်စခန်းတွေ ပိုများလာတယ်။ ကျေးရွာတွေမှာ စခန်းတွေပိုများလာတယ်။ အဲဒီလို များလာတာနဲ့အမျှ စစ်ပြေးဒုက္ခသည်တွေလည်း ရွာတွေကို မပြန်ရဲကြဘူး။ နောက်ပြီး တွေ့ဆုံပွဲ အောင်မြင်ဖို့ကလည်း ငါးဆယ်၊ ငါးဆယ်(ရာခိုင်နှုန်း)ဆိုတော့ သူတို့အတွက် အိမ်ကိုပြန်ဖို့ မစဉ်းစားနိုင်ကြသေးဘူး။

အဲဒါဆို ဆရာအနေနဲ့က ဒီဆွေးနွေးပွဲကို သိပ်မမျှော်လင့်ထားဘူးပေါ့။
မျှော်လင့်ချက်ကတော့ နည်းတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးနှစ်ဖက်ရဲ့ ဦးတည်ချက်ကို သိနေရပြီလေ။ အဖွဲ့နှစ်ဖွဲ့ရဲ့ ဦးတည်ချက်က တခြားစီဖြစ်နေတယ်။

အခုဆိုရင် လာမယ့် ဇွန်လ ၉ ရက်မှာ စစ်ပွဲတွေဖြစ်ခဲ့တာ နှစ်နှစ်ပြည့်တော့မယ်။ ဒုက္ခသည် အရေးကို ဆက်တိုက်ကူညီလာတဲ့သူ
တစ်ယောက်အနေနဲ့ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေကို ဘယ်လိုများတိုက်တွန်းချင်ပါသလဲ။
အရမ်းကိုတိုက်တွန်းချင်တာပေါ့။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ကို တိုက်တွန်းချင်တာကတော့ နိုင်ငံရေးပြဿနာကြောင့်ဖြစ်လာတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးအနေနဲ့ပဲ အဖြေရှာပြီးဆွေးနွေးစေချင်တယ်။ အပစ်အခတ်ရပ်စဲရေးတို့၊ ဖွံ့ဖြိုးရေးတို့ဆိုတာက ကေအိုင်အိုအတွက်ကတော့ ဒါတွေပြီးနေပြီ။ ၁၇ နှစ်လုံးလည်း အပစ်အခတ်ရပ်ခဲ့ထားပြီးဆိုတော့ ကေအိုင်အိုက အဲဒီဘက်ကိုပြန်မသွား ချင်တော့ဘူး။ ဒါကြောင့်မို့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာတဲ့ နည်းနဲ့ အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်းချင်တယ်။ ကေအိုင်အိုကလည်း နိုင်ငံရေးအရဆွေးနွေးပြီး ကမ်းလှမ်းလာတယ်ဆိုရင်တော့ ကေအိုင်အိုအနေနဲ့လည်း လက်ခံသင့်တယ်လို့ မြင်တယ်။ ဒါပေမဲ့ အဲဒီအဆင့်မရောက်ဘူး ဖြစ်နေတယ်။ ကေအိုင်အိုကတော့ နိုင်ငံရေးဆွေးနွေးဖို့ အမြဲတံခါးဖွင့်ထားတာပဲ။ ဦးအောင်မင်းတို့ အဖွဲ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ တစ်ခုပဲ ဆန္ဒရှိနေတယ်လို့ မြင်တယ်။ သူတို့ဆီမှာ နောက်တစ်ဆင့်အတွက် အစီအစဉ်က မရှိသလိုဖြစ်နေတယ်။ အဲဒါတွေက ကေအိုင်အိုအတွက်လည်း မရေရာမသေမချာဖြစ်စေတာပေါ့။ စစ်ပြေးဒုက္ခသည်တွေရဲ့ ၂ နှစ်တာ ကာလ  ကချင်ရဲ့စစ်ပြေးဒုက္ခကက ရင်နဲ့မတူဘူး။ ကရင်ဘက်မှာဖြစ်ရင် ထိုင်းနိုင်ငံက သူတို့ကိုကြိုဆိုတယ်။ နိုင်ငံတကာလည်းလွယ်တယ်။ ကျွန်တော်တို့ ကချင်က တရုတ်က လက်မခံဘူး။ နိုင်ငံတကာသွားဖို့ကလည်း ခက်တယ်။ ပြောရမယ်ဆိုရင် အခုထက်ထိ နိုင်ငံတကာရဲ့ အကူအညီ ထိထိရောက်ရောက် ဘာမှမရသေးဘူး။ KBC လို၊  ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းတို့လို ၊ ဂရုဏာတို့လို ပြည်တွင်းအဖွဲ့အစည်းတွေကနေ ရတဲ့ အကူအညီလောက်ပဲ ရှိသေးတယ်။ ဒါကြောင့် ကချင်မှာအခြေအနေက တခြားထက်စာရင် ဆိုးသွားတယ်။ ၂ နှစ်အတွင်းမှာ လူမှုရေးပြဿနာတွေကလည်း တော်တော်များတယ်။ များတော့ ဒါကိုအမြန်ဖြေရှင်းစေချင်တယ်။

ဘယ်လိုလူမှုရေး ပြဿနာတွေအဖြစ်များလဲ။
လူမှုရေးကတော့ အမျိုးမျိုးပေါ့။ အိမ်ထောင်ရေးပြဿနာတွေ။ စခန်းမှာက ကျပ်ကျပ်သိပ်သိပ်နဲ့ လိုင်းခန်းတွေကဆောက်ထားရတော့ သူ့သားသမီးအရေး၊ ကိုယ့်သားသမီးအရေး၊ လူပျို၊ အပျိုအရေးရှိတာပေါ့။ အိမ်ထောင်ဦးစီးတွေကလည်း အလုပ်မရှိတော့ အရက်မူး၊ ဘိန်းရှုပေါ့။ အဲလို လူမှုရေး ပြဿနာတွေအများကြီး ဒုက္ခသည်စခန်းတွေမှာ ခံစားနေရတယ်။ စားဝတ်နေရေးကတော့ တစ်နေ့တစ်နေ့ကျော်လွန်နိုင်တာပေါ့။ ဒါပေမဲ့ စိတ်ဒုက္ခတွေ စိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေမဖြေရှင်းနိုင်ခဲ့ဘူး။

အခုအစိုးရထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဘေးဒုက္ခသည် အရေအတွက်ပေါင်းဘယ်လောက်ရှိသွားပြီလဲ။ 
အစိုးရထိန်းချုပ်ထားတဲ့ ဧရိယာမှာ သုံးသောင်းနီးပါးရှိတယ်။ အားလုံးစုစုပေါင်းဆိုရင်တော့ တစ်သိန်းကျော်တယ်။ ဖားကန့်ဘက်က ဒုက္ခသည်တွေနဲ့ ပေါင်းရင် ဒီထက်ကျော်ဦးမယ်။ ဖားကန့်မှာ ကျောက်တူးတဲ့သူတွေ များတော့ ပြန်သွားကြတော့ နည်းနည်းလျော့သွားတာပေါ့။

နောက်တစ်ပတ်ဆို ကျောင်းတွေဖွင့်ကြတော့မယ်ဆိုတော့ စစ်ပြေးဒုက္ခသည်စခန်းက ကလေးတွေအတွက် ပညာရေးကိုရော ဘယ်လိုစီစဉ်ထားတာတွေရှိလဲ။
အခုစေတနာ့ဝန်ထမ်းဆရာ ၊ ဆရာမအနေနဲ့ တစ်ရာလောက်လို နေတယ်။ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ကျောင်းတော့ရှိတယ်။  ကျောင်းမှာမတက်ချင်တဲ့ ကျောင်းသားတွေလည်းရှိသေးတယ်။ ကျောင်းမှာအဆင်မပြေတာတွေပေါ့။ နယ်ခြားမှာရှိတဲ့ စစ်ပြေးဒုက္ခသည် ကူညီရေးကော်မတီက အဲလိုပဲ ကျောင်းမပျော်တဲ့ ကလေးတွေ စုထားတာ နှစ်ထောင်ကျော်လောက်ရှိတယ်။ အဲဒီနှစ်ထောင်ကျော်အတွက် ကျောင်းဆရာအကူအညီတောင်းတယ်။ ကျွန်တော်တို့ စေတနာ့ဝန်ထမ်းဆရာတွေ စုပေးနေရတယ်။ အစိုးရထိန်းချုပ်နယ်မြေမဟုတ်တဲ့ နေရာမှာ ပညာရေးကတော့ စိုးရိမ်ရတာပေါ့။ အစိုးရထိန်းချုပ်နယ်မြေမှာကြတော့ ဒီလောက်မစိုးရိမ်ရဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရကျောင်းတွေကတော့ လက်ခံလိုက်တယ်။ အခမဲ့ပဲ။ နယ်စပ်စစ်ပြေးစခန်းတွေကတော့ အားလုံးကအခမဲ့။ ဒါတောင်ကလေးတွေက စိတ်လေတယ်။ စစ်ပြေးလာရတော့ စိတ်ဒဏ်ရာရ ပြီး ဗီဒီယိုတွေ ရုပ်ရှင်တွေကြည့်ပြီး မိုက်ချင်တဲ့သူ ပိုများလာတယ်။

စစ်ပြေးဒုက္ခသည်တွေမှာ မူးယစ်ဆေးဝါးပြဿနာကရော ဘယ်လောက်တောင်ကြီးမားပါသလဲ။ 
ရှိတယ်။ ကန်ပိုက်တီးလမ်းပေါ်က ရှင်ဂျိုင်ဒုက္ခသည်စခန်းမှာဆိုရင် ဘိန်းပြဿနာအများကြီးပဲ ။ 
အဲဒီနားမှာ ဘိန်းခင်းတွေချည်းပဲလေ။ သူတို့ရဲ့လုပ်ငန်းကလည်း အဲဒီ ဘိန်းသွားခြစ်တာပဲ။ ဘိန်းခြစ်တယ်ဆိုတာ ဘိန်းသွားစွတ်တာပေါ့။ လုပ်အားခက ဘိန်းပဲပေးတာကိုး။ အဲဒီတော့ ဘိန်းပဲရှုတာပေါ့။ တချို့ ဘိန်းမရှူတဲ့သူတွေကတော့ ရောင်းစားကြတယ်။ အဲဒါမျိုးတွေက နယ်ခြားမှာရှိတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာတော့ မူးယစ်ဆေးဝါးပြဿနာက အဆိုးဆုံးပဲ။ ကေအိုင်အေထိန်းချုပ်တဲ့ နေရာမှာတော့ နည်းနည်းသာတယ်။ ကေအိုင်အေက ဘိန်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတယ်။ ဘိန်းပြဿနာ လျော့တယ်။ အဲဒီနယ်ခြားဒေသမှာ အဆိုးဆုံး။ တရုတ်ကလာစိုက်တယ်။ ဒီဘက်ကလူတွေက အလုပ်သမား။ ဘိန်းစိုက်တယ်ဆိုတာ ပိုက်ဆံရှိမှ။ စစ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး လာလုပ်ကြတာပေါ့။ 

ဒီနှစ်နှစ်အတွင်းမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အစီအစဉ်ချတာတွေဘာတွေ မကြားမိဘူးနော်။ အဲဒါဘာကြောင့်လို့ ထင်ပါသလဲ။
အစိုးရဘက်ကတော့ ဆွဲတယ်။ အကြိမ်ကြိမ်ဆွဲတယ်။ ကျွဲဘယ်နှကောင်၊ နွားဘယ်နှကောင် ပေးမလိုလိုနဲ့ ၊ စာရင်းကောက် တာတွေပဲရှိတယ်။ ကေအိုင်အိုဘက်ကတော့ ဘာမှတော့ မလုပ်ဘူး။ 

တကယ်လို့များ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘယ်လိုအချက်တွေက အဓိကလိုအပ်ချက်တွေဖြစ်မလဲ။ သူတို့တွေရဲ့ ဘ၀တွေပြန်လည်ထူထောင်နိုင်ဖို့အတွက် အစိုးရအနေနဲ့ရော ဘာတွေလုပ်ပေးစေချင်လဲ။
အထူးသဖြင့်တော့ ဒီလူတွေ နေရပ်ပြန်မယ်ဆိုရင် လုံခြုံရေးကတော့ အရေးအကြီးဆုံးပေါ့။ သူတို့ ရွာတွေမှာ တပ်မတော်စခန်းတွေ မရှိရင်တော့ သူတို့ပြန်ရဲတယ်။ တပ်မတော်စခန်းတွေ ရှိနေသရွေ့တော့ တိုက်ပွဲတွေပြန်ဖြစ်လာရင် သူတို့ပြန်ခံရပြီး ပြေးရမယ်ဆိုတဲ့ အသိတွေရှိနေတယ်။ အဲဒါကြောင့် သူတို့ရွာတွေမှာ စခန်းတွေမရှိတော့ဘဲ ဆုတ်သွားမယ်ဆိုရင်တော့ ပြန်ရဲကြလိမ့်မယ်။  နောက်ပြန်တဲ့အချိန်မှာ သူတို့အလိုအပ်ဆုံးကတော့ နေရေးပေါ့။ လောလောဆယ်မှာ သူတို့ရဲ့ အိမ်တွေက ပျက်စီးဆွေးမြည့်သွားတော့
ဘယ်လိုပြန်ဆောက်ပေးမလဲဆိုတာပေါ့။ နောက်ထပ် အရေးကြီးတာက မိုင်းကိစ္စပေါ့။မိုင်းတွေကြောင့် အခုအချိန်ပြန်မယ်ဆို သိပ်လုံခြုံမှု
မရှိဘူး။ UN ကလည်း ပါဝင်ဖို့လိုတယ်။ မိုင်းကို ဘယ်နေရာမှ ဘယ်လိုတွေ ထောင်ခဲ့သလဲ မသိကြတော့ ကိုယ်ထောင်တဲ့ မိုင်းကိုနင်း
မိပြီးသေတာတွေလည်းရှိတယ်။ 

၂ နှစ်လည်း ပြည့်တော့မယ်ဆိုတော့ အခုအချိန်မှာ စစ်ဘေးဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး အရေးတကြီးဖြေရှင်းဖို့ လိုအပ်နေတဲ့ ပြဿနာက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။
အရေးတကြီးဖြေရှင်းရမယ့် ကိစ္စကတော့ ခုနကပြောတဲ့အတိုင်း မိဘတွေအတွက်ကတော့ သားသမီးတွေရဲ့ ပညာရေးပေါ့။ နောက်တစ်ခုကတော့ အိမ်ထောင်စုတိုင်းရဲ့ ၀င်ငွေပြဿနာပေါ့။ နှစ်နှစ်တာကာလမှာ သူတို့အနေနဲ့ ၀င်ငွေကမရှိတော့ဘူး။ ဒုက္ခသည် အနေနဲ့ နေ့စဉ်တော့ စားရသောက်ရတာပေါ့။ ဒါပေမဲ့ အသေးသုံး ပိုက်ဆံမ၀င်တော့ဘူး။ ပိုက်ဆံမရှိတော့ လူကုန်ကူးမှုတွေဖြစ်လာတယ်။
ကျေးဇူးတင်ပါတယ်။        ။

ကုလအထူးကိုယ်စားလှယ်နှစ်ဦးအား ကချင်လူထုခေါင်းဆောင်များ ဂုဏ်ပြု

By:Jade Land's photo.
ကုလအထူးကိုယ်စားလှယ်နှစ်ဦးအား ကချင်လူထုခေါင်းဆောင်များ ဂုဏ်ပြု

Post 29 May 2013 by Kachin Wave News 

မေလ ၂၉ ရက်တွင် မနော်ကွင်းရှိ ရိုးရာခန်းမ ဆောင် ၌ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့(WMR) နှင့် ကချင်လူထုခေါင်းဆောင်းများမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တက်ရောက်လာသော ကုလအထူးကိုယ်စားလှယ် Mr.VJ Nambia နှင့် Mrs.Maria တို့အား ကျေးဇူးတင်သည့် အနေဖြင့် ကချင်ရိုးရာ မဂွန်လစ်( Magun Lit) ထမင်းပလိုင်နှင့် ကချင်ရိုးရာ ၀တ်စုံများ ဖြင့် ချီးမြင့်ဂုဏ်ပြုခဲ့ကြသည်။

ကချင်လူထုများမှ ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် ပါဝင်လာသော ကုလအထူးကိုယ်စားလှယ် ၂ ယောက်အား ကျေးဇူးတင်သည့် အနေဖြင့် အခုလို ကချင်ရိုးရာလုပ်ထုံ လုပ်နည်းအတိုင်း ကျေးဇူဆပ်၊ အသိအမှတ်ပြုကာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိလာအောင် အဆုံးထိ ပါဝင်သွားရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်နဲ့ မာရီယာတို့ က ခင်ဗျားတို့နောက်မှ အမြဲရပ်တည်ပေးနေမှာပါ။ ခင်းဗျားတို့ကြိုဆိုခဲ့တဲ့ ခင်းဗျားတို့ရဲ့လက်ဆောင်တွေ ခင်းဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ပြီး ကျွန်တော်တို့ ၂ ယောက် ဘယ်မှ ပြေးလို့မရတော့ဘူးဆိုတာကို သိနေပြီ။ ဆက်လက်ပြီး ဆွေးနွေးပွဲတိုင်းမှာ ပါဝင်သွားဖို့ ကတိပေးပါတယ်” ဟု Mr.VJ Nambia က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒေသခံပြည်သူများမှ ကုလအထူးကိုယ်စားလှယ် ၂ ယောက်အား ကချင်တိုင်းရင်းသားတွေ အတွက် မားမားမတ်မတ် ရပ်တည်ပေးဖို့ မျော်လင့်ကြောင်း ဆွေးနွေးပွဲတိုင်းကို ကုလ အစီအစဉ်အတိုင်း မှန်ကန်စွာ ပါဝင် ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း စစ်ရှောင်သူများအား ဆက်လက်ကူညီပေးရန် မျော်လင့်ကြောင်းနှင့် ကတိပေးထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ မျော်လင့်ကြေင့် အစရှိသည်တို့ကို တင်ပြခဲ့ကြသည်။

ဆွေးနွေးပွဲအား မေလ ၃၀ မှ ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။

Myitkyina Simsa Lam Bawngban Hpawng A Mahtai

mkazp8.jpgMay 28-29, 2013 lahkawng ya laman KIO datkasa ni hte myen asuya simsa lam tam datkasa ni bawngban ai hta myen asuya maga na KIO hpe (ceasefire) gap hkat jahkring na matu laja lana shadut wa ai lam na chye lu ai. Myen asuya maga na tsun ai hta: KIO ni tang shawn ai hte maren Mung Masa Bawngban sa wa na ngu ai hpe myit hkrum ya sai rai tim mung masa bawngban na matu gap hkat shawng jahkring ra ai, gap hkat jahkring sen htu saga nga nna atik anank shadut wa ai lam na chye lu ai.

Mungkan UN hte Miwa ni a man e mung masa ahkaw ahkang la mayu ai re hpe asan sha mu mada lu nga ai, UN hte Miwa ni a man e KIO gaw gap hkat nkam jahkring ai, simsa lam hpe nra sharawng ai re nga nna dingsa KIO hpe mara rim na matu maw lanyet kaba hte KIO hpe mahkam hkam ai re ngu maram lu nga ai.

KIO hku nna gaw Mi Shwili zuphpawng kaw myit hkrum da sai hte maren "gap hkat njahkring ai sha hpyen majan hpe shayawm mat wa na hte hpyen majan hte manghkang maram masam hpung hpe hpaw sa mat wa na, dai hpang hpyen majan gaungwi zim mat wa na, hpyen majan zim mat jang mung masa bawngban sa wa na" ngu ai masa hpe ngang ngang tek jum let sa wa na re lam na chye lu ai. Mung masa bawngban ai shaloi mung "amyu kaji bawsang yawng shang lawm ai bawngban hpawng hpe rau kalang ta galaw sa wa na" ngu ai lam re. 

Gap hkat jahkring (ceasefire) sen htu dat ai hte myen asuya a mung masa gaw manu mana tsaw mat wa ai sha n-ga mungkan man e mung myipan arawng lu ai hte Teing Seng wa mung Noel Prize lu, KIO a mung masa gaw mi na ta raw bai htingnut mat, tat sum kau sai shara ni hpe mung bai nmai gasat la mat, rai mat na hpe mu mada lu nga ai. Ya gap hkat jahkring tawn sai SSA dingdung hte SSA dingda lahkawng yen hpe pyi myen dap ni hpa n-gawn ai sha shagyip shagyeng rai htim gasat ai hpe yu yang myen gaw tara nlang sadi ndung kam ai hku galaw nga ai re hpe mu mada lu nga ai. Dai majaw ya yang KIO hte Myen Asuya dap ni gap hkat jahkring mai ai nmai ai gaw Myit ngring ai mana wa pyi chye na re.

By/Myutsaw kasa blog

Read more »

နိုင်ငံရေး အာမခံချက်မရှိဘဲ အပစ်ရပ် လက်မှတ်မထိုးသေးရန် KIO ကို ကချင်အဖွဲ့များ အကြံပြု

နိုင်ငံရေး အာမခံချက်မရှိဘဲ အပစ်ရပ် လက်မှတ်မထိုးသေးရန် KIO ကို ကချင်အဖွဲ့များ အကြံပြု
Wednesday, 29 May, 2013

ချင်းမိုင်(မဇ္စျိမ)။ ။ အစိုးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိနေကြသော ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များနှင့် မြစ်ကြီးနားရှိ ကချင်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် နိုင်ငံရေးဆွေးနွေးမှုများ မရေရာ
သေးမီ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခြင်း မပြုသေးရန် KIO အား အကြံပြုခဲ့ကြကြောင်း
တွေ့ဆုံပွဲ တက်ရောက်သူတဦးက မဇ္ဈိမကို ပြောသည်။

ကချင်အတိုင်ပင်ခံ အဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနား ရပ်မိရပ်ဖများ၊ သဘာရေးခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများတို့ အပါအဝင် လူထု ၂၀၀ ခန့်နှင့် မနောကွင်း ခန်းမဆောင်တွင် နှစ်နာရီခန့်ကြာ
တွေ့ဆုံဆွေးနွေး၍ KIO ခေါင်းဆောင်များက အကြံဉာဏ်များ တောင်းခံခဲ့ခြင်း ဖြစ်သည်။

“KIO က လွန်ခဲ့တဲ့ အတွေ့အကြုံအရ ပြဿနာ ဖြစ်ပွားနိုင်တဲ့ နေရာက တပ်တွေကို လျှော့လိုက်ပြီး စစ်ရှိန်ကို လျှော့ဖို့၊ စာချုပ်နဲ့ ရေးတာ မဟုတ်ဘဲ ဒီအတိုင်း ဆုတ်သွားဖို့၊ ပြည်ထောင်စု ဖယ်ဒရယ်ကို ပေးပါ။ အဓိက နိုင်ငံရေးဆွေးနွေးမှု လုပ်ရအောင် ဆိုပြီး ပြောတယ်။ ပြည်သူလူထုက ဘာမှ မရဘဲ အပစ်ရပ် လက်မှတ် လုံးဝ မထိုးနဲ့လို့ ပြောတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရပ်မိရပ်ဖ တဦးဖြစ်သည့် ဦးလခရိလအောင် က ပြောသည်။

ယမန်နေ့က ဆွေးနွေးမှုတွင် ပဋိပက္ခ ဖြစ်ပွားနေသော နေရာဒေသများတွင် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရေးနှင့် နိုင်ငံရေး ဆွေးနွေးရေး တို့ကို KIO ဘက်မှ တင်ပြခဲ့ပြီး အစိုးရ ကိုယ်စားလှယ်များဘက်မှ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ နိုင်ငံရေး ဆွေးနွေးမှု ဆက်လုပ်သွားရန်တို့ ပါဝင်ပြီး အပစ်အခတ် ရပ်စဲရေးကို အဓိကထား ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး၊ နယ်စပ်ရေးရာ ဒု-ဝန်ကြီး၊ မြောက်ပိုင်းတိုင်းမှူးတို့နှင့် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဦးလခရိလအောင် က ပြောသည်။

အစိုးရနှင့် KIO ဆွေးနွေးပွဲများသို့ တက်ရောက် လေ့လာနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားကလည်း ဒေသခံများနှင့် ယနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့သည်။ ကချင်အတိုင်ပင်ခံ အဖွဲ့ WMR၊ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု WMR အတွင်းရေးမှူး ဆရာဂမ်အောင် က ပြောသည်။

“နမ်ဘီးယားက ကျနော်တို့ ကချင်တွေ လိုလားတဲ့အတိုင်း တနေ့ ဖြစ်လာမှာပဲ။ သူတို့ ကချင်အရေးမှာ ပါဝင်လာပြီ။ တခြား နိုင်ငံတကာကလည်း ကချင်အရေးကို စောင့်ကြည့်နေပြီဆိုပြီး ပြောတာ ကြားရတော့ ကောင်းလာမယ်လို့ မျှော်လင့်တယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင် ဆရာဇော်တောင် ကလည်း “ဒီဆွေးနွေးပွဲမှာ MC ဆိုတာ မရှိဘူး။ ဘာပဲလုပ်လုပ် အစိုးရလက်ထဲမှာပဲ ဖြစ်နေတယ်။ အဲဒါကို UN ကနေ လုပ်ပေးသင့်တယ် ဆိုပြီး တင်ပြသူတွေ ရှိတယ်။ ဆိုလိုတာက ဒိုင်လူကြီး လာလုပ်ပေးပါ ဆိုတဲ့သဘော။ နောက်ပြီး တခြားနိုင်ငံတကာကိုလည်း ဒီကချင်အရေးမှာ ပါဝင်လာအောင် ပြောပေးဖို့ တင်ပြကြတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆက်လက်၍ မစ္စတာ နမ်ဘီးယားသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးတွင် KBC ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ထပ်မံ တွေ့ဆုံခဲ့သည်ဟု ဆွေးနွေးမှုတွင်ပါဝင်သူ လူငယ် ကိုဇိုင်းဒူ က ပြောသည်။

“ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဘယ်လိုနည်းနဲ့ ဝင်လာတယ်၊ ဘယ်လိုမြင်တယ် ဆိုတာတွေ သူ့ကို
မေးတယ်။ သူကတော့ သူ့ကို KIO က ဖိတ်လို့ လာတဲ့အတွက် ဘာမှ ပြောဆိုခွင့် မရဘူး။ ကျနော်တို့ UN က ဒီမှာ ပါဝင်တဲ့အတွက် UN မှာ ပါတဲ့ နိုင်ငံတွေလည်း ပိုသိလာမယ်။ ကောင်းတဲ့ အဖြေရနိုင်မယ်လို့
ပြောပါတယ်” ဟု ပြောပြသည်။

KIO ခေါင်းဆောင်များကလည်း မွန်းလွဲပိုင်းတွင် ဘာသာရေးခေါင်းဆောင်များ၊ ကချင် အတိုင်ပင်ခံအဖွဲ့ WMR၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ခေါင်းဆောင်များနှင့် KIO ဆက်ဆံရေးရုံးတွင် ထပ်မံ တွေဆုံဆွေးနွေးကြသည်။

ယင်းနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်နေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ (UNFC) အဖွဲ့များနှင့် အခြား တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တရုတ် ပြည်သူသမ္မတနိုင်ငံ ကိုယ်စားလှယ် တို့မှာ အစိုးရ၏ အစီအစဉ်ဖြင့် ဧရာဝတီ မြစ်ဆုံသို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် KIO နှင့် ပြန်လည်
တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

မေလ ၃၀ ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ကိုယ်စားလှယ်များ ဆက်လက် ဆွေးနွေးကြမည်။

Mizzima News

Read more »

ကေအိုင်အို တောင်းဆိုချက် လူထုသဘောထားနှင့်ကိုက်ညီ

photo.
ကေအိုင်အို တောင်းဆိုချက် လူထုသဘောထားနှင့်ကိုက်ညီ

May 29, 2013 by DVB News 

ပြည်ထောင်စုအစိုးရထံ  ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ တောင်းဆိုချက်တွေဟာ သူတို့ဆန္ဒနဲ့ တူညီတယ်လို့ ကချင်ပြည်သူတွေက ပြောပါတယ်။

မေ ၂၈ ရက်က စတင်တဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေကို မြစ်ကြီးနား စီတာပူရပ်ကွက် မနောကွင်းက မဂျွယ်ခန်းမမှာ ကေအိုင်အိုက မြို့မိမြို့ဖနဲ့ ခေါင်းဆောင်တွေကို တင်ပြရာမှာ လူထုက အခုလို ပြောဆိုလိုက်တာလို့ တက်ရောက်တဲ့သူတွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာ တိုက်ပွဲအရှိန်လျှော့ချဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်အောင် လုပ်ဆောင်သွားမယ့်အကြောင်း အဓိကထားဆွေးနွေးမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုခဲ့တဲ့အပေါ် လူထုက တုံ့ပြန်ခဲ့တာလို့ လူထုနဲ့ တွေ့ဆုံပွဲကို တက်ရာက်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။

“သူတို့ရပ်တည်ချက်က အရင်တုန်းကလို step by step သွားတာကို ဆက်လက် အကောင်အထည်ဖော်ဖို့အတွက်ပေါ့။ အစိုးရကကျတော့ ဒါကို အကောင်အထည်ဖော်ဖို့မဟုတ်ဘဲ အပစ်ရပ်ဖို့ပဲဖြစ်နေတော့ နည်းနည်း ကွဲလွဲမှုရှိနေတယ်။ မှန်းရတော့ ခက်တယ်။ အစိုးရက ဘယ်လောက်ထိ ပြင်ဆင်မှုရှိလာလဲဆိုတာမှာလည်း မူတည်မယ်။ ကေအိုင်အိုဘက်ကတော့ အရင် သဘောတူထားတဲ့ သဘောတူညီချက်တွေကို ဆက်အကောင်အထည်ဖော်ဖို့ကို ဦးတည်နေတဲ့ သဘောရှိတယ်။”

မနက်ပိုင်းမှာ ကချင်လူထုဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ တွေ့ဆုံခဲ့ရာမှာ အထူးကိုယ်စားလှယ်က တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို လူ ၃၀၀ ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။

ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာကလည်း လူထုအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားသလို အလားအလာကောင်းတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ထူးခြားတဲ့ အခြေအနေတရပ်၊ ပြည်တွင်းမှာ၊ မြစ်ကြီးနား မနောကွင်းမှာဆိုတော့ အလားအလာကောင်းပေါ်ထွက်လာဖို့ မျှော်လင့်တယ်။ နောက် နိုင်ငံတကာစောင့်ကြည့်ရေးတွေကလည်း ရန်ကုန် တရုတ်သံရုံးက လူကြီး တယောက် နဲ့ ကုလသမဂ္ဂ ပါကြတယ်။ နိုင်ငံတကာက စောင့်ကြည့်သူလဲ လာထိုင်ပေးတယ်။ အဲဒါတွေက ထူးခြားတဲ့ လက္ခဏာတွေပေါ့။ အရင်ကမလုပ်ခဲ့ဖူးဘူးလေ။ အကျိုးရှိတယ်လို့ ထင်တယ်။ လူထုအရှေ့မှာ လူထုနဲ့ တိုက်ရိုက်ထိတွေ့တဲ့ ဆွေးနွေးပွဲလိုဖြစ်နေတာပေါ့။ အရင်ကလို နိုင်ငံခြားမှာ ဆွေးနွေးတာမဟုတ်ဘူး။ အများကြီး ပွင့်လင်းမြင်သာမှုရှိလာတယ်။”

လူထုဆွေးနွေးပွဲ တက်ရောက်လာတဲ့သူတွေဟာ စိတ်ထဲမှာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့တယ်လို့ တက်ရောက်လာတဲ့ ဂျီဘရန်ရှောင်က ပြောပါတယ်။

“ကျနော်တို့ကလည်း ရသလောက် အရင်ယူရမယ့် သဘော။ လိုချင်တာ ၁ ကျပ်ဖြစ်မယ်၊ ဒါပေမယ့် ၁ မတ်၊ ၅ မူးရရင်လည် ရတဲ့အခြေအနေမှာ ရောင့်ရဲသွားရမယ့် စိတ်မွေးကြဖို့ အားလုံးကို ပြောဆိုကြတယ်။ အဲအတိုင်းမျှော်လင့်ထားတယ်။ အပြည့်အ၀ကြီးရမယ်လို့တော့ မထင်ဘူး။ ကျနော်တို့ စစ်ဦးစီးချုပ်ကလည်းပြောပါတယ်။ ၆၀ ရာခိုင်နှုန်း အရင်အဆင်ပြေတဲ့လမ်းကြောင်းရရင် ဒါကိုဆက်ပြီးတော့ ကျန်တာကို ဘယ်လောက်အတို်င်းအတာ ရမယ်ဆိုတာ ဆွေးနွေးအဖြေရှာပြီး တောင်းဆိုသွားမယ်ပေါ့။”

ဒါ့အပြင် တပ်နေရာချထားရေး၊ တိုက်ပွဲတွေလျှော့ချရေး တပ်ပိုင်ဆိုင်းရာ ကိစ္စတွေကို အစိုးရနဲ့ ကေအိုင်အိုတို့ ဒီနေ့ ဆွေးနွေးခဲ့တယ်လို့ မြစ်ကြီးနားမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအောင်ထွန်းမြင့်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ၂၀၁၁ နှစ်လယ်ပိုင်းကစပြီး တိုက်ပွဲတွေပြန်ဖြစ်ကတည်းက အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၂၀၁၃ ခုနှစ် မတ် ၁၁ ရက်နေ့ ဆွေးနွေးပွဲတုန်းကလည်း နှစ်ဘက် ပြဿနာ ဖြစ်ပွားနိုင်တဲ့ဒေသက တပ်ကိစ္စနဲ့ တိုက်ပွဲတွေ ဆက်ပြီးလျှော့ချဖို့အတွက် အောက်ခြေတပ်ထိ ညွှန်ကြားသွားဖို့ သဘောတူခဲ့ကြပါတယ်။

ခေတ်မီပြီး ဆင်းရဲတဲ့ လူမျိုးနဲ့ နိုင်ငံတွေ အကြောင်း တစေ့တစောင်း

Kachin Duwa

Posted: 28 May 2013 10:41 PM PDT
မြန်မာအစိုးရ ဟာ နိုင်ငံတကာ အကူအညီ နဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကို အငန်းမရ ဖိတ်ခေါ်ပြီး အချိန်တို အတွင်းမှာ စီးပွါးရေး အင်အား မြင့်တက်လာအောင် လုပ်ဖို့ စိတ်ကူးယဉ်နေတာ သတိထားမိပါတယ်။

တဖက်မှာလဲ နိုင်ငံ့လူဦးရေး သန်း ၆၀ ရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ စာမတတ်၊ ပေမတတ်သူတွေကများ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နိမ့်ကျမှုတွေကလဲ ရှိနေတယ်။ ပိုဆိုးတာ အဲဒီ အခြေခံလူတန်းစားတွေရဲ့ ပိုင်ဆိုင်မှုတွေကို အာမခံချက် မပေးနိုင်တဲ့ ပြဿနာရှိနေပါတယ်။ လယ်ယာမြေသိမ်းမှုတွေဟာ နေရာတကာ မှာ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။

လက်တလော ဖြစ်နေတာက ဒုက္ခသည်တွေများလာတဲ့ ပြဿနာပါ။ အဲဒီ ပြဿနာဟာ တွေကို မျော်လင့်ချက် ကင်းမဲ့စေတယ်။ တဖက်မှာ အလုပ်လက်မဲ့ဘ၀ တိုးပွါးစေတယ်။ လူတိုင်း လူတိုင်းဟာ စက်ရုံအလုပ်ရုံ အလုပ်သမား မဖြစ်နိုင်ပါဘူး။ ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကိုယ့်ဒေသမှာ လွတ်လပ်စွာ စီးပွါးရှာနိုင်ဖို့ အရေးကြီးပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာလဲ နေပြည်တော်အစိုးရ ကပဲ ထိန်းချုပ်ထားတော့ နေပြည်တော်နဲ့ အလှန်းဝေးတဲ့ ကချင်ပြည်နယ်လို၊ ချင်းပြည်နယ်လို နေရာက နယ်စပ်နေပြည်သူတွေဟာ တရားဝင် ရောင်းဝယ်ဖို့ အခွင့်အလမ်းတွေ ဝေးသွားစေပါတယ်။ သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ်အဆင့်က အဲဒီ ကိုယ်နဲ့ ဆက်စပ်နေတဲ့ နယ်စပ်မှာ ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို လွတ်လပ်စွာ စီမံပိုင်ခွင့် မရှိသေးသ၍ တိုင်းရင်းသား ပြည်နယ်သားတွေအတွက် ထွက်လမ်းမရှိပါဘူး။

နောက်တခုက ပညာအရည်အချင်း တွေပါ။ ထိရောက်တဲ့ ပညာရေး အခြေခံ မရှိပဲ၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေ လက်ထဲ လုပ်ငန်းအားလုံး အပ်လိုက်ခြင်းဟာ တတိုင်းပြည်လုံးကို သူများလက်ထဲ တရားဝင် ကြေးကျွန် ဖြစ်သွားအောင် တွန်းပို့နေခြင်းသာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ပညာရေးအဆင့်အတန်း မြင့်မားတဲ့ နိုင်ငံတွေက ပညာရေးအဆင့်အတန်း မမီ တဲ့ နိုင်ငံတွေကို ခိုင်းစားနေတာ အားလုံး အသိဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ခေတ်မီခြင်း ဆိုတဲ့ အသွင်အပြင် တော့ ရလာမယ် ဒါပေမယ့် ဆင်းရဲခြင်းဆိုတဲ့ ဘ၀ ကနေ ဘယ်တော့မှ လွတ်လမ်း မမြင်ပါ။ အဲဒါကို ပညာရှင်တွေက ခေတ်မီတဲ့ ဆင်းရဲသားများ (Modern Poverty) ဆိုသတဲ့။ ခေတ်မီတယ် ဆိုတာ နောက်ဆုံးပေါ် ဖုန်းတွေ၊ အိုင်တီပစ္စည်းတွေ၊ ပရိဘောဂ တွေတော့ ကိုင်နိုင်ပါရဲ့၊ သူတို့မှာ ကိုယ်ပိုင် အားလပ်ချိန်မရှိ၊ ကျန်းမာရေး အာမခံချက်မရှိ၊ စုငွေ မရှိ၊ တသက်တာလုံး သူများ အလုပ်သမား တွေပါ။ အခြေခံ အသုံးအဆောင် ပစ္စည်းတွေအတွက် အသပြာ နောက်လိုက်နေရတဲ့ နိုင်ငံသားတွေ အများပိုင်း ဖြစ်နေရင် အဲဒီ နိုင်ငံလဲ ဆင်းရဲတဲ့ နိုင်ငံပါပဲ။ ခေတ်တော့ မီပါရဲ့ သို့သော် ဆင်းရဲတဲ့ နိုင်ငံ ပေါ့။ သူများကို အမှီသဟဲ ပြုနေရ တဲ့ ဘ၀ တွေများလာရင် နိုင်ငံတော်အတွက် ပုံရိပ် မကောင်းပါဘူး။

အဲဒီလို ဘ၀ကနေ လွတ်ထွက်စေချင်ရင်... ပြည်သူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလေးထားရပါမယ်။ စစ်ရေးထက် ပညာရေးမှာ ရင်းနှီးမြုပ်နှံရမယ်။ ကျန်းမာရေးမှာ ရင်းနှီးမြုပ်နှံရမယ်။ အဲဒါမှ နိုင်ငံသားတိုင်း ကျန်းမာပြီး ပညာရည်မြင့်လာတော့မှ ခိုင်မာပြီး စီးပွါးရေး အရှိန်အဟုန်မြင့်တဲ့ နိုင်ငံ ဖြစ်လာမှာပါ။ ဥပမာ တရုတ် နိုင်ငံကို ကြည့်ပါ။ ပညာရေး နဲ့ ကျန်းမာရေးမှာ သူတို့ ရင်းနှီးမြုပ်နှံခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

စစ်ရေးကို အရှိန်သတ် နိုင်ဖို့ ဆိုရင်တော့ ဖက်ဒရယ်ဟာ အဖြေပါပဲ။

Read more »

Tuesday, May 28, 2013

KNO NDAU SHABRA LAIKA

Read more »

panglung matut - 70

Read more »

Jinghpaw Dimogresi Ginrun Pati a kyu hpyi garum dat ai lam

Madu gaw anhte myu ni a ningbaw
Kachin Alliance for Democracy (KAD)
 Kachin Alliance Party for Democracy (KAPD)
Jinghpaw Dimogresi Ginrun Pati a kyu hpyi garum dat ai lam
Nhtoi: 28/5/2013
                Karai Kasang gaw anhte myu ni a ningbaw, Karai Kasang gaw anhte wunpawng sha ni hpe shaman chyeju jaw u ga law. Dai ni gaw anhte Jinghpaw Wunpawng sha ni a mung masa asak ning pawt rai nga ai KIO/KIA dat kasa salang ni hte Myen salang dat kasa ni a mung masa bawng ban jahkrup na ninghtoi rai nga ai. KIO/KIA gaw Jinghpaw Wunpawng sha ni a matu Karai Kasang shamying ya ai shing teng mying nan rai nga ai. Dai hte maren KIO/KIA dai ni du hkra grin nga ai lam gaw Jinghpaw Wunpawng Salang ni a atsam hte nrai, Karai kasang bausin ai shingnip hta hpung shingkang rawng nga ai KIO/KIA she rai law. Dai ni anhte myu sha yawng a sai salum rai nga ai, KIO/KIA gaw myu sha hte mung dan lam hpe daw dan hparan shaga htinglet na rai nga ai. Anhte Kachin Alliance for Democracy (KAD),  Kachin Alliance Party for Democracy (KAPD) hku nna daini na zuphpawng a ntsa Karai Kasang bausin ya, shaman ya, lam woi ya u ga ngu nna akyu hpyi garum dat ga ai law.
Karai Kasang gaw anhte myu sha ni hpe galoi mung bausin up hkang ya nga u ga
Akyu hpyi let
Kachin Alliance Party for Democracy (KAPD)
Central Committee
Email: kapdwunpawng@yahoo.com

Read more »

KIO နှင့် မြန်မာအစိုးရ မြစ်ကြီးနားဆွေးနွေးပွဲ ရုပ်သံ(မေ.၂၈)-၁

KIO နှင့် မြန်မာအစိုးရ မြစ်ကြီးနားဆွေးနွေးပွဲ ရုပ်သံ(မေ.၂၈)-၁ KIO နှင့် မြန်မာ အစိုးရ တို့ရဲ့ မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြင်ကွင်းရုပ်သံ ( ၂၈ မေလ ၂၀၁၃၊ မနက်ပိုင်း) Zup hpawng jahpawt daw (28.5.2013) (DVB)

Read more »

Monday, May 27, 2013

ဒူဝါ အနေနဲ့ ဗမာ စစ်တပ်ကို ဝေဖန်တဲ့အခါ တချို့က မြန်မာနိုင်ငံ ကို မကောင်းပြောတယ်လို့ တုန့်ပြန်တယ် သတိထားမိတယ်။

တကယ်တော့ ဗမာ စစ်တပ်ဟာ မြန်မာ နိုင်ငံကို ကိုယ်စားမပြုသေးပါဘူး။ သူတို့ အင်အားရှိလို့သာ သေနတ် နဲ့ ချိန်ပြီး အဓမ္မ အာဏာယူထားလို့ သူတို့ နေရာ ရနေတာပါ။

ဗမာ စစ်တပ်ဟာ ပြည်ထောင်စု စစ်တပ် စစ်စစ်မဟုတ်သေးဘူး ဆိုတာလဲ အားလုံး အသိပါ။ တချို့ကတော့ ဗမာစစ်တပ်ကို ပြည်ထောင်စု စစ်တပ်ပါ။ တိုင်းရင်းသား အားလုံး ပါတယ် လို့ ကြိုးစား ပြောနေတာ တွေ့ရတယ်။ အခုလက်ရှိ ဗမာ စစ်တပ်ကို ပြည်ထောင်စု စစ်တပ် ဖြစ်တယ် ဆိုတာ ဗမာလူမျိုး အချို့က လွဲပြီး တိုင်းရင်းသား အားလုံးက သဘောတူသေးတာ မဟုတ်ဘူး။ သဘော မတူဘူးလို့လဲ ပြောလို့ မရသေးဘူးလေ။ ဖမ်းမှာပေါ့။ သူတို့က စရဖ တို့၊ SB တို့နဲ့ သေနတ်လာလာထောက် တယ် မလား။ ဘယ်သူပြောရဲလဲ။ အဲ.. ထောက်ခံတဲ့လူလောက်ပဲ ပြောရဲမယ်။ (ဒါက အမှန်တွေပါ။)

လူမျိုးပေါင်းစုံ ပါတယ် ဆိုတာ ဗမာ စစ်တပ်မှာ ပဲ မဟုတ်ဘူး၊ အင်္ဂလိပ် ခေတ် စစ်တပ်၊ ဂျပန်ခေတ် စစ်တပ် တွေမှာလဲ လူမျိုးပေါင်းစုံ ပါလဲ အင်္ဂလိပ် စစ်တပ်၊ ဂျပန် စစ်တပ်လို့ပဲ နာမည်ပေးတာပါ။ ကချင်လူမျိုး သီးသန့် နဲ့ ဖွဲ့ထားတဲ့ ဂျပန် တော်လှန်ရေး တပ် (Kachin Ranger) ကိုတောင် မြန်မာ့သမိုင်းမှာ ကချင် စစ်တပ် လို့ အသိအမှတ် မပြုသေးပါဘူး၊ အမေရိကန် စစ်တပ်လို့ပဲ နာမည် ပေးတယ်လေ။

ပြည်ထောင်စု တပ်ဆိုတာ အားလုံးက လွတ်လွတ်လပ်လပ် ဆွေးနွေးပြီး လူမျိုးစု အားလုံးက တညီတညွတ်ထဲ သဘောတူနိုင်မဲ့ မူဘောင်အပေါ်မှာ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို ခေါ်ရမှာပါ။ အခုထိတော့ ဗမာ လူမျိုး အုပ်ချုပ်တဲ့ စစ်တပ် ဆိုတော့ ဗမာ စစ်တပ်ပါပဲ။ ဗမာ့ လူ့ဘောင်အတွက်ပဲ ကြည့်မယ်။ ဗမာ စစ်တပ်က ကချင်လူ့ဘောင်အတွက် မဟုတ်လို့ပဲ ကချင်ဘုရားကျောင်းတွေကို ဖျက်ဆီးတာကိုး... ပြည်ထောင်စုမှာ ကချင်လူမျိုးလဲ တမျိုး အပါအ၀င် ဖြစ်တယ် ဆိုတာ အသိအမှတ်ပြုတဲ့ ပြည်ထောင်စု စစ်တပ် ဆိုရင် ကချင် ဘုရားကျောင်း ဖျက်စရာ အကြောင်းမရှိဘူးလေ။ ကရင် (ကေအန်ယူ)၊ ကချင် (ကေအိုင်အေ) စစ်သားတွေ ဘယ်တော့မှ ဘုရားကျောင်းမဖျက်ဖူးဘူး။ စေတီ ပုထိုးများ မဖျက်ဖူးဘူး။

စဉ်းစားကြည့်ပေါ့။

Read more »

Interview With N Hpan Ja Ra ( part 2)

Interview With N Hpan Ja Ra ( part 2)

(ဒေါ်အင်ဖန်းဂျာရာဒုတိယပိုင်းတွေ့ဆုံးမေးမြန်း) 

Read more »

R.I.P Fr Thomas Gumrai Awng ( Thank you very much for protecting Myit Sone/Tang Hpre since before the beginning of the Hydro Project. May you rest in peace Our Hero!)

R.I.P Fr Thomas Gumrai Awng. Thank you very much for protecting Myit Sone/Tang Hpre since before the beginning of the Hydro Project. May you rest in peace Our Hero!

အေးချမ်းစွာ နားနေနိုင်ပါစေ ဘုန်းတော်ကြီး သောမတ်စ်ဂွမ်ရိုင်အောင်။ မြစ်ဆုံစီမံကိန်းကို
ကျေးရွာသားများနဲ့ အတူတကွ နောက်ဆုံးအချိန်အထိ ဆန့်ကျင်ခဲ့ပြီး တန်ဖဲရွာမှာ ဆည်ကြောင့် နှာခေါင်းအထိရေတက်လာမှ ၀ါးလုံးမှာ ခိုပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပါ့မယ် ဆိုပြီး နောက်ဆုံးအချိန်အထိ မားမားမတ်မတ် ဆန့်ကျင်ခဲ့တဲ့ သူရဲကောင်း။
ခရစ်တော်ရဲ့ ရင်ခွင်တော်မှာ အေးချမ်းစွာ နားနေနိုင်ပါစေ။

  • Hugawng Kachin mali hka mazup hpe ngang ngang kang kang sin ya nga ai wajau,hkahku shagawng bum ga na sagu rem wa jau,an hte a myu tsaw wajau sumsing mungdan de wa mat sai.an hte hpe shakram kau da sai.shing gyim masha hku myit yang grai yawn ai.Rai tim Wa karai gaw yawng hpe tut bau sin nga na re ngu kam ai.
    -----------------------

    တိုက်တိုက်ဆိုင်ဆိုင် မြစ်ဆုံ။။။။

    Funeral Service of Fr Thomas Gumrai Awng of Myit Sone/Tang Hpre today May 27, 2013 at 1:00 PM at St. Columban's Church Myitkyina.

    မြစ်ဆုံ/တန်ဖဲ ကျေးရွာမှ ဘုန်းတော်ကြီး သောမတ်စ်ဂွမ်ရိုင်အောင် အား မြှုပ်နှံသဂြိုလ်ခြင်းကို ယနေ့ မေလ ၂၇၊ ၂၀၁၃ ညနေ ၁း၀၀ နာရီ၊ တွင် စိန်ကိုလန်ဘန်ကျောင်းတော်ကြီး၊ အောင်နန်းရပ်ကွက်၊ မြစ်ကြီးနားမြို့တွင် ကက်သလစ်ခရစ်ယာန်တို့ ထုံးထမ်းစဉ်လာအတိုင်း Mass ဖြင့် စတင်မည် ဖြစ်ပါသည်။

    R.I.P Fr Thomas Gumrai Awng. Thank you very much for protecting Myit Sone/Tang Hpre since before the beginning of the Hydro Project. May you rest in peace Our Hero! အေးချမ်းစွာ နားနေနိုင်ပါစေ ဘုန်းတော်ကြီး သောမတ်စ်ဂွမ်ရိုင်အောင်။ မြစ်ဆုံစီမံကိန်းကို
    ကျေးရွာသားများနဲ့ အတူတကွ နောက်ဆုံးအချိန်အထိ ဆန့်ကျင်ခဲ့ပြီး တန်ဖဲရွာမှာ ဆည်ကြောင့် နှာခေါင်းအထိရေတက်လာမှ ၀ါးလုံးမှာ ခိုပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပါ့မယ် ဆိုပြီး နောက်ဆုံးအချိန်အထိ မားမားမတ်မတ် ဆန့်ကျင်ခဲ့တဲ့ သူရဲကောင်း။
    ခရစ်တော်ရဲ့ ရင်ခွင်တော်မှာ အေးချမ်းစွာ နားနေနိုင်ပါစေ။

    တိုက်တိုက်ဆိုင်ဆိုင်ပင်

    ယနေ့ညနေ ၄ နာရီအချိန်တွင် မြစ်ဆုံရေကာတာစီမံကိန်းကြောင့်
    အတင်းအဓမ္မရွှေ့ပြောင်းရသော ဒေသခံများမှ ကိုယ်စားလှယ်များက ရန်ကုန်မြို့တွင် အောက်ပါအစီအစဉ်အတိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြမည်ဖြစ်သည်။

    ဘုန်းတော်ကြီး သောမတ်စ်ဂွမ်ရိုင်အောင် ပျံလွန်သွားပြီ ဖြစ်သော်လည်း မြစ်ဆုံကို ကာကွယ်ခြင်း လုပ်ငန်းကို သူ၏ ရွာသူရွာသားများက လက်မလျှော့ဘဲ ဆက်လက် တိုက်ပွဲဝင်နေသည်။ လုပ်ငန်းကို အသေမခံကြပါ။ ၄င်းတို့နှင့်အတူ တနိုင်ငံလုံးလည်း ဆက်လက်တိုက်ပွဲဝင်ကြပါစို့။

    သတင်းစာ ရှင်းလင်းပွဲကျင်းပရန်ရှိပါသည်။
    အတင်းအဓမ္မရွှေ့ပြောင်းရသော ဒေသခံများမှ ကိုယ်စားလှယ်များက မိမိတို့
    စပြစခန်းရှိဘ၀အခြေအနေများကိုတင်ပြမည်ဖြစ်သည်။ သက်ဆိုင်ရာ
    သတင်းမီဒီယာများနှင့်အဖွဲ့အစည်းများ တက်ရောက်အားပေးကြပါရန် လေးစားစွာ
    ဖိတ်ကြားပါသည်။

    နေ့စွဲ။ ။ မေလ ၂၇၊ ၂၀၁၃
    အချိန်။ ။ ညနေ (၄း ၀၀-၆း၀၀)နာရီ
    နေရာ။ ။ Excel Treasure Hotel
    ၁၀ ထပ်၊ Ruby ခန်းမ
    အမှတ် ၅၂၀၊ ကမ္ဘာအေး ဘုရားလမ်း၊ ရွှေဂုံတိုင်၊ ဗဟန်း
    မြို့နယ်၊ ရန်ကုန်။
    ဆက်သွယ်ရန် - မအားထုံ၊ ဖုန်း - ၀၉ ၄၀၀၀၁၉၉၄

    • Ji Ra Maran Sarama,, our condolences to the family members and villagers of Tanghpre for the lost of Fr. Thomas,, he was so much tired that now is time to God's dwelling place for eternal rest..

Read more »

Sunday, May 26, 2013

မြစ်ဆုံစီမံကိန်းနှင့် ဟူးကောင်းဒေသရှိ ယုဇန စီမံကိန်းများမှ ရွှေ့ပြောင်းဒေသခံများ၏ ဘ၀ အခြေအနေ သတင်းစာရှင်းလင်းပွဲ

သို့

သက်ဆိုင်ရာ သတင်းမီဒီယာများနှင့်အဖွဲ့အစည်း
များ

Mungchying Rawt Jat (MRJ) အဖွဲ့မှ ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာနှင့်
ယုဇနကုမ္ပဏီ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းများကြောင့်
အတင်းအဓမ္မရွှေ့ပြောင်းရသော ဒေသခံများအတွက် ဆောက်လုပ်ထားသော
စံပြကျေးရွာစခန်း ၃ ခု၏ လက်ရှိအခြေအနေအခက်အခဲများကို တင်ပြထားသော “စံပြ
မဖြစ်သည့် စံပြစခန်း” အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲ
ကျင်းပရန်ရှိပါသည်။ MRJ အဖွဲ့ဝင်၂ ဦးမှ မိမိတို့
စပြစခန်းရှိဘ၀အခြေအနေများကိုတင်ပြမည်ဖြစ်သည်။  သက်ဆိုင်ရာ
သတင်းမီဒီယာများနှင့်အဖွဲ့အစည်းများ တက်ရောက်အားပေးကြပါရန် လေးစားစွာ
ဖိတ်ကြားပါသည်။

နေ့စွဲ။        ။ မေလ ၂၇၊ ၂၀၁၃
အချိန်။       ။ ညနေ (၄း ၀၀-၆း၀၀)နာရီ
နေရာ။       ။  Excel Treasure Hotel
              ၁၀ ထပ်၊ Ruby ခန်းမ
                  အမှတ် ၅၂၀၊ ကမ္ဘာအေး ဘုရားလမ်း၊ ရွှေဂုံတိုင်၊ ဗဟန်း
မြို့နယ်၊ ရန်ကုန်။
ဆက်သွယ်ရန် - မအားထုံ၊ ဖုန်း - ၀၉ ၄၀၀၀၁၉၉၄

Dear All,

You are invited to attend the press conference by the Kachin affected
farmers group “Mungchying Rawt Jat”. MRJ will launch the report “A
Model Village which is no Model” about the lives of rural Kachin
living in 3 different relocation camps who were forced to move because
of the Myitsone dam project and  the Yuzana  mono crop plantation in
Hugawng. MRJ members will present the report and will further explain
about their lives in the camps.

Date – 27 May 2013
Time –  4:00 – 6:00 PM
Place – Excel Treasure Hotel
        10th  Flr, Ruby Hall
            No(520), Kaba Aye Pagoda Road, Shwe Gone Dine, Bahan
Twonship, Yangon
Contact – Ms. Ah Htung, Mobile – 09-40001994

လေးစားစွာဖြင့်
မအားထုံ
Mungchying Rawt Jat (MRJ)

Read more »

Lt-Gen N'ban La Awng, Vice-Chairman of KIO interviewed with BBC(click on video )

Lt-Gen N'ban La Awng, Vice-Chairman of Kachin Independence Organization interviewed with the BBC Burmese Service.

Read more »

ကိုယ်တွေ့ပင်လုံ အဆက် (၆၉)

Read more »

Roirip hkrum ai lam ( teng sha byin ai lam)

double click on image to enlarge

Read more »

Saturday, May 25, 2013

Myitkyna Na Wunpawng Sha Ni Zuphpawng Sa Ai KIO Ni Hpe Hkaptau Na Lam

Tau hkalum na lam hte seng nna woi awn ai ni hte hkrum shaga yu yang anhte Kachin ni mahkra KIO re hpe ya madun ra sai lam, KIO gaw Kachin yawng a gawng malai re hpe mungkan ting chye na ahkyak re lam chye lu ai.
READ MORE+++CLICK ON+++

Read more »

သမ္မတဦးသိန်းစိန်ရဲ့ရှောင်လင်ကွန်ဖူးအတတ်ပညာ (RFA) —

bY-FACEBOOK/Ku Hser-Thein Sein group killing Burmese monk AND ethnic groups

Read more »

Friday, May 24, 2013

KIO မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်း ဖွင့်လှစ်တော့မည်

shared a photo.
KIO မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်း ဖွင့်လှစ်တော့မည်

Post 23 May 2013 by KNG news

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်းဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

KIO မှ တိုက်ပွဲကြောင့် ထွက်ပြေးသိမ်းရှောင်နေသော ဒုက္ခသည်ကလေးများနှင့် KIO ထိန်းချုပ်နယ်မြေအတွင်း ၁၀ တန်းကျောင်း အောင်မြင်သူများအတွက် ရည်ရွယ်ပြီး ယခုနှစ်မှစကာ တက္ကသိုလ်ကျောင်းဖွင့်လှစ်သွားရန် ဗဟိုကော်မတီမှ အစည်းအဝေးပြုလုပ်နေကြောင်း KIO ပညာရေးဌာနမှ ဒု-အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ခွန်နောင် (Salang Kaba Hkun Nawng) ပြောသည်။

“ဒီနှစ် သြဂုတ်လလောက်မှာ စမယ်လို့တော့ လုပ်နေတယ်။ အတိအကျတော့ မသတ်မှတ်ရသေးဘူး။ ဒီနှစ်မဖြစ်ရင် နောက်နှစ်တော့ ဖြစ်မယ်။ မဖြစ်ရင်လဲ မရတော့ဘူး။ အခုက အစိုးရတက္ကသိုလ်ကိုလဲ သွားတက်လို့ မရတော့ဘူး ဆိုတော့ ကျနော်တို့ကိုယ် ကျနော်တို့ ဖွင့်ကို ဖွင့်ရတော့မဲ့ သဘောဖြစ်သွားတာပေါ့။ နေရာက ပိုသင့်တော်တဲ့ နေရာ လုံခြုံတဲ့နေရာမှာဖြစ်မယ်။ အခုတော့ အဲဒီမှာဆိုပြီး ပြောလို့မရသေးဘူး။ နေ့တိုင်းအစည်းအဝေးတော့ လုပ်နေတယ်။”

ယခုချိန် ကော်မတီမှ ကျောင်း၏ ပေါ်လစီများ၊ ဖွဲ့စည်းတည်ဆောက်ပုံများရေးဆွဲနေပြီး သင်ကြားမည့် ဆရာ/ ဆရာမ စုစည်းမှုများပြုလုပ်နေကာ ကျောင်းကိုဖွင့်လှစ်သင်ကြားသွားရင်း နိုင်ငံတကာ တက္ကသိုလ်ကျောင်း များနှင့် ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ဒုက္ခသည်ကလေးများပိုမို တိုးလာခြင်းကြောင့် စာသင်ကျောင်းဆောင်မလောက်သဖြင့် ဗဟိုဌာနချုပ် လိုင်ဇာ အလဲန်ဘွမ် (Alen Bum) တွင် IDP အထက်တန်းကျောင်းဆောင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ယခုဖွင့်လှစ်မည့်ကျောင်းဆောင်ကို အလဲန့်ဘွမ် (Alen Bum) တွင်ရှိသော KIA တပ်စခန်းကို အသုံးပြုသွားမည်ဖြစ်ပြီး ၎င်းတွင်ဘော်ဒါဆောင်အဖြစ်နေရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ကျောင်းစရိတ်နှင့် အစားအသောက်အတွက် KIO မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူ KIA အရာရှိတစ်ဦးကပြောသည်။

“ကျောင်းသားတွေအားလုံးနေဖို့ စီစဉ်နေပြီ။ ဆရာ/ဆရာမတွေလဲ အကုန်လုံးအဲဒီမှာ နေရမှာဟုတ်တယ်။ စာသင်တဲ့အထဲမှာ အသက်မွေးဝမ်းကျောင်းပညာတွေလဲ သင်ကြားသွားမယ်။ အခုက ၈ တန်းရောက်ပြီးတဲ့ ကျောင်းသားတွေအားလုံးက ကိုယ့်အသက်မွေးဝမ်းကျောင်း တစ်ခုတတ်ကိုတတ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ဟုတ်တယ်။”

၎င်းတွင် တက်ရောက်မည့် ကျောင်းသူကျောင်းသား ၂၀၀၀ ကျော်ရှိပြီး သင်ကြားပေးမည့် ဆရာ/ဆရာမ ၁၃၀ ကျော်ဖြင့်သင်ကြားသွားမည်ဖြစ်ရာတွင် ဆရာ/ဆရာမများလည်း လိုအပ်နေသေးကြောင်း ဆလန်ကဘား ခွန်နောင်က ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၂၆၇ ဦးရှိသည့်အထဲ မေလ ၁၅ ရက်နေ့ အောင်စာရင်းကြေညာရာတွင် ၁၂၃ ဦး အောင်မြင်ကြောင်း သိရသည်။