Thursday, February 28, 2013

လယ်သမားတိုက်ပွဲ မုချအောင်ရမယ်။လယ်တွေကိုမတရားသိမ်းတဲ့ ခရိုနီတွေမှန်သမျှ ကျဆုံးစေရမယ်။

ဧရာဝတီက တုံးမောင်းခေါက်သံ (မိုးသီးဇွန်)

ဧရာဝတီတိုင်းက ငါးသလောက်နဲ့ ငါးပြေမတင် နာမည်ကြီးတာမဟုတ်ဘူး။ လယ်သမားတွေကလဲ အစဉ်အလာကြီးကြ ပါတယ်။ လူသားတွေဖြစ်တဲ့အတွက် ဘယ်လိုတုန့် ပြန်ရမယ်ဆိုတာ နားလည်ကြတယ်။ ဒီမြေပေါ်မှာ အင်ဝဘုရင် မင်း ခေါင်ခေတ်ကနေ ဒီနေအထိ ဒီကန်သင်းရိုးတွေပေါ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ပဒေသရာဇတ်ခေတ်က စစ်ပွဲတွေကို အရင်းခံက မြေယာတော်လှန်ရေးတမျိုးပါပဲ။ မြေယာပိုင်ဆိုင်မှုအတွက် တိုက်ခဲ့ကြတာ။ မြေယာက စီးပွားရေးရဲ့ကျောရိုး ဖြစ်နေတာကိုး၊ စီးပွားရေးစစ်ပွဲလို့လဲ ပြောလို့ရတယ်။

မဆလခေတ်တလျှောက်လုံးကိုလဲ လယ်သမားတွေ တော်လှန်ခဲ့ကြတယ်။ မဆလခေတ်က နေ၀င်း တီထွင်ထားတဲ့ ပေါ်လစီက လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိရမယ် ဆိုတဲ့ ပေါ်လစီဖြစ်တယ်။ လှည့်စားထားတာပါ။ လယ်သမားတွေ လယ် ပိုင်ခွင့် မရှိခဲ့ကြဘူး။ လယ်ယာမြေအားလုံး နိုင်ငံတော်ပိုင်တာပဲ။ နိုင်ငံတော်ကဘယ်သူလဲ။ နိုင်ငံတော်က သူတို့ပဲဖြစ်နေ တယ်။

ဧရာဝတီတိုင်းကို ဖြတ်လေးဖြတ်နဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့ကြတယ်။ ၁၉ ၉၂ လောက်မှာလဲ ကေအင်ယူက ဧရာဝတီ တိုင်းကို ထိုးဖေါက်စစ်ဆင်ခဲ့တယ်။ လယ်သမားတွေ လိုက်ပါကူညီခဲ့ကြတယ်လို့ ပြန်လာတဲ့ ကရင်ရဲဘော်တွေ ပြောပြကြ တယ်။

သူတို့ဟာ တိုက်ပွဲအတွေ့အကြုံရှိကြတယ်။ ဧရာဝတီတိုင်းက ရဟန်းပညာရှိနဲ့ လူပညာရှိတွေလဲထွက်တယ်။ အစဉ်အ လာကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလဲထွက်တယ်။ ဧရာဝတီတိုင်းကို စော်ကားတဲ့သူတွေဟာ ဧရာဝတီကန်သင်းရိုးမှာ ဇာတ်သိမ်းမလှ ဖြစ်မှာပဲ။ နောက်ကို ခရိုနီတွေခိုင်းတိုင်း မလုပ်ကြဖို့လိုတယ်။ မတရားတဲ့အမိန့်တွေကို မနာခံဖို့လိုတယ်။

ဧရာဝတီတိုင်းက လယ်သမားတိုက်ပွဲကို ချီးကျူးဂုဏ်ပြုပါတယ်။ အကြမ်းဖက်လာသူကို ခုခံလိုက်တာဟာ မှန်ကန်မှုရှိတဲ့အပြင်၊ တရားမျှတမှုလည်းရှိတယ်။

လယ်သမားတိုက်ပွဲ မုချအောင်ရမယ်။

လယ်တွေကိုမတရားသိမ်းတဲ့ ခရိုနီတွေမှန်သမျှ ကျဆုံးစေရမယ်။

(မိုးသီးဇွန်)

Read more »

World must act to end Burmese military aggression against Kachin

Press release by the Kachin Women’s Association Thailand


February 28, 2012



World must act to end Burmese military aggression against Kachin


A new report by the Kachin Women’s Association Thailand (KWAT) details widespread civilian casualties from recent Burma Army offensives in Kachin areas and urges international pressure to end military aggression against the Kachin people.


“State Terror in the Kachin Hills” documents the killing or injury of 26 civilians, including women, children and the elderly, by Burma Army shelling during offensives against the Kachin Independence Army (KIA) since September 2012. Attacks have continued in the past few days, despite ongoing peace talks.


Shelling of civilians has taken place across Kachin State: in the jade mining town of Hpakant; the town of Mayan near Myitkyina; an IDP camp near Pangwa on the China border, as well as the border town of Laiza, where mortars were launched indiscriminately in an area populated by over 20,000 civilians, many of whom were internally displaced.


Burmese troops have also deliberately destroyed civilian settlements, including an IDP camp sheltering over 300 on the Shan-China border near Kyukok (Pangsai), which was torched in November 2012.


KWAT is calling for re-imposition of sanctions against the Burmese government, and for a UN-led Commission of Inquiry to investigate crimes against humanity and war crimes in Burma.


“Without international pressure, Burma’s government will continue using force to crush ethnic dissent,” said KWAT coordinator Moon Nay Li. “Even while the government is talking peace, they are launching war.”


Maps in the report show the devastating extent of the war in northern Burma, with 364 villages wholly or partially abandoned, and over 100,000 people internally displaced, most of whom have received hardly any international aid.


Despite a government announcement earlier this month that humanitarian aid would be allowed to IDPs in Kachin-controlled areas, an international aid convoy to Laiza was blocked on February 25.


The new report can be viewed on www.kachinwomen.com


Contact:
Moon Nay Li +66 (0) 85 625 1912

Read more »

ခဲတလုံးနဲ့ လင်းဒနှစ်ကောင်မှန်သွားတာ

ဖောက်ပြန်တဲ့အစိုးရတွေ တခုပဲမှတ်ထားပါ။

ကျုပ်တို့ ရှင်သန်နေသေးတယ်။

မတရားမှုတွေရှိနေသရွေ့ ကျုပ်တို့ သူပုန်ထနေမယ်။
ကျုပ်တို့ ရှင်သန်နေသေးတယ်

“ခဲတလုံးနဲ့ လင်းဒနှစ်ကောင်မှန်သွားတာ” 

ဟုတ်တယ်.. တကယ်ပဲ ခဲတလုံးနဲ့ ၂ ကောင်လုံးမှန်အောင် ပစ်ထဲ့လိုက်တာ။

မနေ့က ဆန္ဒပြသူတွေကို သမ္မတ က ခေါ်တွေ့ဆွေးနွေးဖို့ သူ့ဝန်ကြီး (၂) ပါး ကိုမှာတာက.. သိပ်ပြီးတော့လည်း ယဉ်ကျေးတယ်၊ ဒီမိုကရေစီကျတယ်လို့ သမ္မတကိုအထင်ကြီးလွန်ရင် လွဲလိမ့်မယ်။ 

တကယ်တော့ အော်စလိုမှာ ဒီလိုကြုံမယ်လို့ မမျော်လင့်ထားလို့ သမ္မတ ရှက်သွားတာ။ ကြံ့ဖွတ်သမ္မတ တင်မဟုတ်ဘူး၊ နော်ဝေးနိုင်ငံခြားရေးဌာနလည်း အောက်သွားတယ်။ နော်ဝေးမှာ ဆန္ဒပြတာမဆန်းပေမယ့် သိန်းစိန်အစိုးရကို ဆန့်ကျင်သူမရှိဘူး၊ ပြည်သူက ယုံကြည်ကိုးစားနေတယ်လို့ အပင်းဆို့အယုံသွင်းခံရတော့ မြန်မာ့အရေး သူဝင်ရှုပ်ရတာကို ကိုယ့်ဖာသာအဟုတ်ထင်သွားတာ။
ဒါနဲ့ပဲ ဆန္ဒပြသူတွေရဲ့ ခဲလုံးက ကြံ့ဖွတ်လင်းဒရော အော်စလိုအစိုးရလင်းဒခေါင်းကိုရော တည့်တည့်မှန်သွားတယ်။ သိပ်ရှက်သွားတယ်။ ဒါနဲ့ ယဉ်ကျေးချင်ယောင်ဆောင်လိုက်တယ်။ ဆန္ဒပြကိုယ်စားလှယ်နှစ်ယောက်ကို အိုးနင်းခွက်နင်းရှင်းပြပါလေရော။ ဦးစိုးသိန်းနဲ့ ဦးရဲထွဋ်က လေတော့ တော်တော်ပေါတယ်။

တော်လှန်ရေး ကျောင်းသားယောင်ဆောင်ပြီး ထမင်းအချောင်စားနေတဲ့ ပြည်ပ သူတောင်းစားတချို့နဲ့၊ ပညာရှင်ယောင်ယောင် ၀ါးလုံးခေါင်းထဲက ပုတ်သင်ညိုတွေကို ဈေးပေါပေါနဲ့ရလိုက်တာနဲ့ ပြည်ပမှာနေသူအားလုံး သူတို့ကို ထောက်ခံတယ်ထင်နေတာ။ အိမ်ပြန်လာဖို့ အလုပ်တွဲလုပ်ဖို့တောင် (သူတို့ပစ်ကွင်းကျုံးထဲ) အရောက်ခေါ်နေသေးတယ်။ တော်လှန်ရေးသမားဟာ တော်လှန်ရေးသတိရှိတာ သိပ်သိဟန်မတူဘူး။

သူတို့အချင်းချင်းလည်း အတိုင်အဖောက်မညီဘူး။ ဦးစိုးသိန်းက ဦးရဲထွဋ် အာတာများရင် “မင်းအသာနေစမ်း” ဆိုပြီး ဟောက်သေးတာ။ ကိုယ့်အချင်းချင်းတောင် အထက်အောက်ဆိုတဲ့ စိတ်မာနနဲ့ လေးစားမှုမထားရင် သူတို့ အတိုက်အခံတို့ ရန်သူတို့ဆိုရင် အသေဆော်မယ့် ကြေးစားစစ်သားအကျင့် ကျုပ်တို့က နောကြေနေပြီ။ 

အစိုးရတက်တာ (၂) နှစ်ကြာပြီ။ ခုထိ လူထုကို သေနတ်နဲ့ပစ်၊ မိုင်းနဲ့ခြိမ်းခြောက်တာ သူတို့ စိတ်အခြေခံကို ပြနေတာပဲ။ ၀န် (၂) ပါးကတော့ သူတို့က ပြောင်းချင်တယ်။ စစ်တပ်နဲ့ ကြံ့ဖွတ်ပါတီက ခေါင်းမာနေသလိုလို အယုံသွင်းနေသေးတာ.. ရိုးပါ့။ ရာစုနှစ်တ၀က်ကျော် အလိမ်ခံရတဲ့ ပြည်သူတွေက အဲဒီအထာတွေ နောကြေနေပြီ။

ကဲ စကားကြောရှည်တယ်။ အချိန်ရရင် သေချာလေးထပ်ရေးမယ်။ လောလောဆယ် ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြ။ အပြင်က ရဲဘော်တွေရော အထဲက ရဲဘော်တွေရော ကိုယ့်အလုပ်ကိုယ်လုပ်။ တကယ့် အောင်ပွဲက တိုက်ပွဲအဆုံးသတ်မှာပဲရှိတယ်။ 

အေး.. ပြည်ပမှာနေလို့ သိပ်ချမ်းသာတယ်လို့ အထင်ကြီးနေသူတွေကိုလည်း ပြောချင်တယ်။ ကျနော်တို့ အပြင်မှာ စီးပွားရေးလုပ်နေတာမှုတ်ဘူး။ အသက်ရှင်ရေးရပ်တည်နေတာ။ ပိုက်ဆံရှာနေတာမှုတ်ဘူး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အမှန်တရားကိုရှာနေတာ။ ကျနော်တို့ အလုပ်တဖက်နဲ့ ကိုယ်ယုံကြည်တာလုပ်နေတယ်။ အကြွေးတွေနဲ့ ရုန်းကန်နေတယ်။ သတ္တိရှိရင် အပြင်ထွက်ပြီး လာနေကြည့်။ ဒီက လူတွေထက်ချမ်းသာသူတွေ ဗမာပြည်မှာ အများကြီး။

ဖောက်ပြန်တဲ့အစိုးရတွေ တခုပဲမှတ်ထားပါ။

ကျုပ်တို့ ရှင်သန်နေသေးတယ်။

မတရားမှုတွေရှိနေသရွေ့ ကျုပ်တို့ သူပုန်ထနေမယ်။

ကိုညို
(အော်စလို)
ကျုပ်တို့ ရှင်သန်နေသေးတယ်

“ခဲတလုံးနဲ့ လင်းဒနှစ်ကောင်မှန်သွားတာ”

ဟုတ်တယ်.. တကယ်ပဲ ခဲတလုံးနဲ့ ၂ ကောင်လုံးမှန်အောင် ပစ်ထဲ့လိုက်တာ။

မနေ့က ဆန္ဒပြသူတွေကို သမ္မတ က ခေါ်တွေ့ဆွေးနွေးဖို့ သူ့ဝန်ကြီး (၂) ပါး ကိုမှာတာက.. သိပ်ပြီးတော့လည်း ယဉ်ကျေးတယ်၊ ဒီမိုကရေစီကျတယ်လို့ သမ္မတကိုအထင်ကြီးလွန်ရင် လွဲလိမ့်မယ်။

တကယ်တော့ အော်စလိုမှာ ဒီလိုကြုံမယ်လို့ မမျော်လင့်ထားလို့ သမ္မတ ရှက်သွားတာ။ ကြံ့ဖွတ်သမ္မတ တင်မဟုတ်ဘူး၊ နော်ဝေးနိုင်ငံခြားရေးဌာနလည်း အောက်သွားတယ်။ နော်ဝေးမှာ ဆန္ဒပြတာမဆန်းပေမယ့် သိန်းစိန်အစိုးရကို ဆန့်ကျင်သူမရှိဘူး၊ ပြည်သူက ယုံကြည်ကိုးစားနေတယ်လို့ အပင်းဆို့အယုံသွင်းခံရတော့ မြန်မာ့အရေး သူဝင်ရှုပ်ရတာကို ကိုယ့်ဖာသာအဟုတ်ထင်သွားတာ။
ဒါနဲ့ပဲ ဆန္ဒပြသူတွေရဲ့ ခဲလုံးက ကြံ့ဖွတ်လင်းဒရော အော်စလိုအစိုးရလင်းဒခေါင်းကိုရော တည့်တည့်မှန်သွားတယ်။ သိပ်ရှက်သွားတယ်။ ဒါနဲ့ ယဉ်ကျေးချင်ယောင်ဆောင်လိုက်တယ်။ ဆန္ဒပြကိုယ်စားလှယ်နှစ်ယောက်ကို အိုးနင်းခွက်နင်းရှင်းပြပါလေရော။ ဦးစိုးသိန်းနဲ့ ဦးရဲထွဋ်က လေတော့ တော်တော်ပေါတယ်။

တော်လှန်ရေး ကျောင်းသားယောင်ဆောင်ပြီး ထမင်းအချောင်စားနေတဲ့ ပြည်ပ သူတောင်းစားတချို့နဲ့၊ ပညာရှင်ယောင်ယောင် ၀ါးလုံးခေါင်းထဲက ပုတ်သင်ညိုတွေကို ဈေးပေါပေါနဲ့ရလိုက်တာနဲ့ ပြည်ပမှာနေသူအားလုံး သူတို့ကို ထောက်ခံတယ်ထင်နေတာ။ အိမ်ပြန်လာဖို့ အလုပ်တွဲလုပ်ဖို့တောင် (သူတို့ပစ်ကွင်းကျုံးထဲ) အရောက်ခေါ်နေသေးတယ်။ တော်လှန်ရေးသမားဟာ တော်လှန်ရေးသတိရှိတာ သိပ်သိဟန်မတူဘူး။

သူတို့အချင်းချင်းလည်း အတိုင်အဖောက်မညီဘူး။ ဦးစိုးသိန်းက ဦးရဲထွဋ် အာတာများရင် “မင်းအသာနေစမ်း” ဆိုပြီး ဟောက်သေးတာ။ ကိုယ့်အချင်းချင်းတောင် အထက်အောက်ဆိုတဲ့ စိတ်မာနနဲ့ လေးစားမှုမထားရင် သူတို့ အတိုက်အခံတို့ ရန်သူတို့ဆိုရင် အသေဆော်မယ့် ကြေးစားစစ်သားအကျင့် ကျုပ်တို့က နောကြေနေပြီ။

အစိုးရတက်တာ (၂) နှစ်ကြာပြီ။ ခုထိ လူထုကို သေနတ်နဲ့ပစ်၊ မိုင်းနဲ့ခြိမ်းခြောက်တာ သူတို့ စိတ်အခြေခံကို ပြနေတာပဲ။ ၀န် (၂) ပါးကတော့ သူတို့က ပြောင်းချင်တယ်။ စစ်တပ်နဲ့ ကြံ့ဖွတ်ပါတီက ခေါင်းမာနေသလိုလို အယုံသွင်းနေသေးတာ.. ရိုးပါ့။ ရာစုနှစ်တ၀က်ကျော် အလိမ်ခံရတဲ့ ပြည်သူတွေက အဲဒီအထာတွေ နောကြေနေပြီ။

ကဲ စကားကြောရှည်တယ်။ အချိန်ရရင် သေချာလေးထပ်ရေးမယ်။ လောလောဆယ် ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြ။ အပြင်က ရဲဘော်တွေရော အထဲက ရဲဘော်တွေရော ကိုယ့်အလုပ်ကိုယ်လုပ်။ တကယ့် အောင်ပွဲက တိုက်ပွဲအဆုံးသတ်မှာပဲရှိတယ်။

အေး.. ပြည်ပမှာနေလို့ သိပ်ချမ်းသာတယ်လို့ အထင်ကြီးနေသူတွေကိုလည်း ပြောချင်တယ်။ ကျနော်တို့ အပြင်မှာ စီးပွားရေးလုပ်နေတာမှုတ်ဘူး။ အသက်ရှင်ရေးရပ်တည်နေတာ။ ပိုက်ဆံရှာနေတာမှုတ်ဘူး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အမှန်တရားကိုရှာနေတာ။ ကျနော်တို့ အလုပ်တဖက်နဲ့ ကိုယ်ယုံကြည်တာလုပ်နေတယ်။ အကြွေးတွေနဲ့ ရုန်းကန်နေတယ်။ သတ္တိရှိရင် အပြင်ထွက်ပြီး လာနေကြည့်။ ဒီက လူတွေထက်ချမ်းသာသူတွေ ဗမာပြည်မှာ အများကြီး။

ဖောက်ပြန်တဲ့အစိုးရတွေ တခုပဲမှတ်ထားပါ။

ကျုပ်တို့ ရှင်သန်နေသေးတယ်။

မတရားမှုတွေရှိနေသရွေ့ ကျုပ်တို့ သူပုန်ထနေမယ်။

ကိုညို
(အော်စလို)

Read more »

ဆန္ဒပြတာ မကြိုက်ဘူးတဲ့လား

“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်းစိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” 

စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်နေတဲ့ ဆန္ဒပြသူတွေ (ဓာတ်ပုံ – ထက်အောင်ကျော်)

______________________
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်ကို အော်စလိုရှိ မြန်မာနိုင်ငံသားတွေက ဆန္ဒပြဖို့ရှိတယ်လို့ သတင်း ရထားတဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ အော်စလိုမြို့လယ်က ပါလီမန် ရင်ပြင်ဆီ ကျနော် ထွက်လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သမ္မတကို သူ ယုံကြည်ပါတယ်လို့ ပြောထားဖူးအတွက် ဒီနေ့ဆန္ဒပြပွဲမှာ လူသိပ်မရှိလောက်ဘူးလို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် အခြေနေက ကျနော်ထင်ထားသလို မဟုတ်။ လူအင်အား ၅၀ နီးပါးအထိ ပါလီမန်ရင်ပြင်ရှေ့မှာ ရောက်နေတာကို တွေ့ရပါတယ်။ အများစုဟာ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) အလံတွေ၊ KNU (ကရင်အမျိုးသားအစည်းရုံး) အလံတွေ ကိုင်ထားပြီး ကချင်ရိုးရာဝတ်စုံ၊ ကရင်ရိုးရာဝတ်စုံတွေ၊ အအေးဒဏ်ကို ကာနိုင်မယ့် ထူထဲတဲ့ နှင်းကာဝတ်စုံတွေနဲ့။

ညနေ ၄ နာရီလောက်မှာတော့ သမ္မတ တည်းခိုတဲ့ Continental ဟိုတယ်ရှိရာ ဆီ ချီတက်ဖို့ ပြင်ကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်လာကြတဲ့ နိုင်ငံတကာ အစိုးရအဖွဲ့ ခေါင်းဆောင်တွေဟာ ဒီပါလီမန်ရှေ့က Grand Hotel မှာ တည်းခိုလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာသမ္မတကျမှ ဘာလို့ ဒီဟိုတယ်မှာ မတည်းဘဲ ခပ်လှမ်းလှမ်းက Continental မှာ သွားတည်းသလဲ မသိပါ။ (ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း Grand Hotel မှာပဲ တည်းပါတယ်)။

နောက်ထပ် ထူးခြားချက်တခုကတော့ နိုင်ငံခြားခေါင်းဆောင်တွေ တရားဝင် အလည်အပတ်လာရင် နှစ်နိုင်ငံအလံတွေ တလွင့်လွင့် လွှင့်တင်ထားလေ့ရှိတဲ့ နန်းတော်၊ ပါလီမန်နဲ့ ဘူတာကြီး တလျှောက်က အထင်ကရ လမ်းမကြီး Karl Johans တလျောက် အလံတိုင်တွေမှာ ဘာအလံမှ တင်ထားတာ မတွေ့ရပါ။

ဒီလိုနဲ့ ပါလီမန်၊ Karl Johans လမ်းမ၊ Grand Hotel တွေနဲ့ ခပ်လှမ်းလှမ်းက Continental ဟိုတယ်ဆီ ဒီ လူအုပ် ကြွေးကြော်သံတွေနဲ့ အော်ဟစ်ချီတက်ကြပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်စိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ချီတက်လာတဲ့ လူအုပ် ဟိုတယ်ရှေ့နား ရောက်တော့ ရဲကား ၃ စီးလောက် လုံခြုံရေးအတွက် နေရာယူထားတာ တွေ့ရပါတယ်။

ဟိုတယ်ရှေ့မှာ ဒီလူအုပ် ကြွေးကြော်သံ အော်နေပေမယ့် ဟိုတယ်ထဲမှာ သမ္မတ ရှိနေပုံမရပါဘူး။ ဒါပေမယ့် သိပ်မကြာပါ။ ဆန္ဒပြပွဲ ၁၅ မိနစ်လောက်အတွင်း သမ္မတယာဉ်တန်း ဟိုတယ်ရှေ့ ရောက်လာပါတယ်။ ရဲ တွေအတော် အလုပ်ရှုပ်သွားပြီး ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေကလည်း ကားသံတွေကို လွှမ်းမိုးတဲ့အထိ ဆူညံသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဆန္ဒပြနေသူတွေဖက်ကို လှည့်တောင်မကြည့်ဘဲ ဟိုတယ်ထဲ တန်းဝင်သွားပါတယ်။ တခါ သူနောက်မှာ လိုက်လာကြတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ၀န်ကြီးအဖွဲ့ကလည်း ဆန္ဒပြပွဲကို မသိမသာ လှမ်းကြည့်ပေမယ့် ဘာမှမပြောဘဲ ဟိုတယ်ထဲ လိုက်ဝင်ကြပါတယ်။

ဟိုတယ်ရှေ့ ကားလမ်းတဖက်ကမ်းမှာတော့ ကြွေးကြော်သံတွေက ဆူညံဆဲ။ ကချင်၊ ကရင် တိုင်းရင်းသားတွေနဲ့ အတူ ပြည်ပရောက် ၈၈ မျိုးဆက်တွေဟာ ကြွေးကြော်သံ အော်လိုက်၊ ဒီမိုကရေစီ တိုက်ပွဲဝင် သီချင်းတွေ သီဆိုလိုက်နဲ့။

ထူးထူးခြားခြား ငြိမ်းချမ်းရေး တေးသံရှင် ကိုမွန်းအောင်လည်း ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပြီး ဂီတာတီး သီချင်းဆိုတဲ့အပြင် စကားပါ ပြောပါတယ်။

“သမ္မတ ရောက်တဲ့နေရာတိုင်းမှာ ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြရမယ်။ သူတို့ လမ်းမှန်ရောက်အောင် ဒီနည်းနဲ့ တွန်းပို့ရမယ်” လို့ ကိုမွန်းအောင်က ပြောပါတယ်။

ဒီထက် ပိုထူးခြားတာကတော့ အရင် ဆန္ဒပြပွဲတွေမှာ သတင်းလာယူနေကြ နော်ဝေအခြေစိုက် DVB ကို မတွေ့ရဘဲ နေပြည်တော် အခြေစိုက် Sky Net ကိုသာ တွေ့ရပါတယ်။ သမ္မတနဲ့အတူ ပြည်တွင်း မီဒီယာ တချို့လိုက်ပါလာပြီး ကိုမွန်းအောင်ရဲ့ “သွေးမုန်တိုင်း” သီချင်းကို အမိအရ ရိုက်ယူနေတာ တွေ့ရပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း အသေအချာ အင်တာဗျုး လုပ်ပါတယ်။

ဆန္ဒပြပွဲ အရှိန်ကောင်းတုန်းမှာပဲ သမ္မတ ယာဉ်တန်းနဲ့အတူ ပါလာတဲ့ နော်ဝေ နိုင်ငံခြားရေးဌာမှ အရာရှိတချို့ ဆန္ဒပြနေသူတွေဆီ ရောက်လာပြီး ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ခေါ်ကာ ဟိုတယ်ထဲ ၀င်သွားပါတယ်။

တနာရီကျော်ကြာ ဆန္ဒပြပွဲ အပြီးမှာတော့ ကိုယ်စားလှယ်နှစ်ဦး ဟိုတယ်ထဲက ပြန်ထွက်လာပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်တို့က သူတို့နှစ်ဦးကို လက်ခံတွေ့ဆုံပြီး နေပြည်တော်ရဲ့ တည်ဆောက် ပြုပြင် မြန်ပြည်တခွင် လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြောပြပါတယ်။

“ဘာလို့ ဒီမှာဆန္ဒပြနေလဲ၊ နေပြည်တော်အထိ လာ လေ့လာကြလေ” လို့ ၀န်ကြီးဦးစိုးသိန်းက ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ တိုးတက်နေတဲ့ အခြေအနေတွေကို အပြင်ကလူတွေက မသိလို့ အခုလို ဆန္ဒပြနေတာ ဖြစ်နိုင်တယ်ဆိုပြီး နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေကို ၀န်ကြီးက ပြောတယ်လို့ လည်း သူတို့က ဆိုပါတယ်။

“နေပြည်တော်မှာ ပြောင်းမပြောင်းတော့ မသိဘူး။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာမှာတော့ ရဲက သေနတ်နဲ့ပစ်လို့ လယ်သမား ၆ ယောက် ဆေးရုံတင်လိုက်ရတယ်” ဆိုပြီး ကိုယ်စားလှယ်တွေက ပြောလိုက်တဲ့အခါ ၀န်ကြီးနှစ်ဦး မျက်စိမျက်နှာ ပျက်သွားတယ်လို့လည်း ဆိုပါတယ်။ နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေလည်း တအံတသြဖြစ်သွားပြီး “မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေဆဲလား” လို့ ဖြစ်စဉ် အသေးစိတ်ကို မေးမြန်းခဲ့တယ်လို့ သူတို့က ပြန်ရှင်းပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအကြောင်း မေးတဲ့အခါ လောလောဆယ် မလွယ်သေးတဲ့အကြောင်း၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကို သိပ်မလိုလားတဲ့အတွက် သမ္မတနဲ့ အစိုးရအဖွဲ့က လုပ်ရကိုင်ရ ခက်နေဆဲဖြစ်တယ်ဆိုပြီး ဦးစိုးသိန်းက ပြောတယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြော ပြခဲ့ပါတယ်။

တခါ ဒီလိုပြင်ရခက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လက်ရှိအစိုးရက ဆွဲထားတာ မဟုတ်ဘူး၊ အရင် အစိုးရဟောင်းက ဆွဲထားတာဖြစ်တယ်။ နောက်တခါ လယ်ယာသမားတွေ အပစ်ခံရတဲ့ကိစ္စဟာ အရင်အစိုးရခေတ်က လယ်တွေသိမ်းထားတာကြောင့် ဖြစ်တယ်၊ အခု အစိုးရလက်ထက်မှာတော့ သိမ်းဆည်းလယ်တွေကို လယ်သမား လက်ထဲပြန်အပ်နိုင်အောင် ကြိုးစားနေပါတယ်လို့ ၀န်ကြီးနှစ်ပါးက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ကချင်နယ်မှာ စစ်ပွဲရပ်ရေးအပါဝင် တနိုင်ငံလုံး ငြိမ်းချမ်းရေးရအောင်၊ တိုင်းရင်းသား အားလုံး ပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင်လည်း သူတို့အစိုးရက ဆောင်ရွက်နေတယ်လို့ ၀န်ကြီးတွေက ပြောကြောင်း ဆိုပါတယ်။

ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်ခ်မှာ ဆန္ဒပြပွဲအကြောင်းနဲ့ ကိုယ်စားလှယ် နှစ်ယောက်ကို တွေ့ဆုံတဲ့အကြောင်း ရေးသားခဲ့ပြီး “ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့ လုပ်လို့မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ၀င်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်မယ့် အခြေအနေမျိုး ရောက်အောင် ၀ိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့လိုကြောင်း ရှင်းပြ ခဲ့ပါတယ်” လို့ ရေးတာကို တွေ့ရပါတယ်။

နောက်ပြီး “ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေ ရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆို ဆွေးနွေးတာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော်တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်” လို့ နိဂုံးချုပ်လိုက်ပါတယ်။

ကိုယ်စားနှစ်ဦး ပြန်ပြောပြသမျှအတိုင်းဆိုရင် သမ္မတနဲ့ ၀န်ကြီးအဖွဲ့က ဒီလို ဆန္ဒပြတာကို မကြိုက်ဘူးဆိုပဲ။ သူတို့ဟာ အရင်ကလို စစ်အစိုးရ မဟုတ်တော့ဘဲ ပြည်သူက ရွေးချယ်တဲ့ အရပ်သားအစိုးရ ဖြစ်နေပြီ။ လူအများစုက ကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါလီမန်ထဲ ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလို ဆန္ဒပြဖို့ မလိုတော့ဘူးလို့ တွက်ဆထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင် ဆန္ဒပြနေတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေချည်း မဟုတ်ပါဘူး။ ဧရာဝတီတိုင်း မအူပင်မြိုနယ်က လယ်သမားတွေလည်း သူတို့လယ် ပြန်ရရေးအတွက် ဆန္ဒပြတာပဲ မဟုတ်ပါလား။ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေလည်း လုပ်အားခ တိုးရဖို့နဲ့ အလုပ်သမား အခွင့်အရေးရဖို့ ဆန္ဒပြနေကြတာပဲ မဟုတ်လား။ မုံရွာ လက်ပံတောင်းက ဒေသခံတွေကလည်း သူတို့ရဲ့ တောတောင်ရေမြေ သဘာဝတွေ ဆုံးရှုံးမခံနိုင်လို့ ဆန္ဒပြနေကြတာပဲ မဟုတ်ပါလား။ ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာ စစ်ပွဲတွေရပ်ဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ တန်းစီလမ်းလျှောက် ဆန္ဒပြကြတာပဲ မဟုတ်ပါလား။ ဟံသာဝတီ ကားပွဲစားတန်းကတောင် သူတို့ လုပ်ကွင်းလုပ်ကွက် ဟန်မပျက်သွားရအောင် ဆန္ဒပြကြတာပဲ။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ အစိုးရက ပြောနေပေမယ့် နောက်ထပ်လုပ်စရာတွေ အများကြီး ကျန်နေဆဲဆိုတာကို ဒီဆန္ဒပြပွဲတွေက ရောင်ပြန်ဟပ်နေတာ မဟုတ်လား။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာဟာ ဒီမိုကရေစီစနစ်ရဲ့ ယဉ်ကျေးမှုတရပ်ပဲ မဟုတ်ပါလား။
_________________________________
Irrawady - 27-2-2013
Ref: http://burma.irrawaddy.org/archives/34595#.US20_9FiIDM.facebook
(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

Read more »

လွတ်လပ်မှုဆိုတာ ဖိနှိပ်မှုထက် ပိုပြီး အကုန်အကျ သက်သာတယ်

"ဘယ်နိုင်ငံမှာမဆို လွတ်လပ်မှုဆိုတာ ဖိနှိပ်မှုထက် ပိုပြီး အကုန်အကျ သက်သာတယ်" (ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး -Desmond Tutu )

Read more »

ပင်လုံ ချစ်သူ


             Kachin lap 1 = Myen lap 1 ???????
Myitrum Manang ni, “Panglung Chit Thu” ngu ai, M Ga Shagawp gawp dat ai yaw. Htingbu Miwa ni gaw, 2011ning majan bai byin wa ai shaloi mung, hpyen modo 500 M ni hpe garum jaw sai lam yawng chye saga ai re, Ya mung hpyen modo 100 Shwili kaw du taw sai. 600 du hkra garum na re lam chye lu ai. Dai modo ni hpe wa gau la na M driver marai 150 mung Shwili kaw du taw sai lam na chye lu ai. Anhte hpe mung Kunming kaw bawngban hpawng lawan ladan galaw na shadut ai lam chye lu ai. Htingbu ndai ni hpe mai kam na kun i? JIC gaw bawnu n dep mat sai law. KK hpe sha awmdawm ap da sai.
JIC

Read more »

ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….


ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။
Photos: 8

Read more »

အကြမ်းဖက်ဝါဒ၏ သားကောင်များ

Kachin Duwa




Posted: 26 Feb 2013 07:15 PM PST

(ဒီစာစုလေးက ၂၀၁၂ ဇွန်လ ရခိုင်အရေးအခင်း စဖြင့်တုန်းက ရေးထားတဲ့ စာစုလေးပါ။ ကြာပြီ ဆိုပေမယ့် ကျနော်တို့ မြန်မာနိုင်ငံသားများ ဆင်ခြင်နိုင်အောင် သုံးသပ်ထားခြင်းသာ ဖြစ်ပါတယ်။ ရခိုင်ပြီးတော့၊ လက်ပံတောင်းတောင် ကိစ္စ၊ ပြီးတော့ သာကေတ၊ ပြီးတော့ မအူပင်။ တိုင်းရင်းသားသတ်ပွဲတွေကတော့ ဇာတ်လမ်းတွဲကြီး ဆိုတော့ မပြီးသေးဘူး။)

ရခိုင်ကိစ္စဟာ တော်တော်လေး လူပြောများတဲ့ အဖြစ်အပျက် (issue) ဖြစ်ပြီး အသိမ်းအစောင်း မခံတဲ့ပြဿနာ လို့မြင်ပါသည်။ တင်ထားသမျှ သတင်း၊ ဓါတ်ပုံတိုင်းကို ဖတ်ပြီး comment များကိုဆက်ဖတ်ဖြစ်ပါသည်။ ဘင်္ဂလီိလူမျိုးများ အပေါ် မကျေနပ်သံ နှင့် ဘင်္ဂလီိဖက်မှ တုံ့ပြန်သံများ နှစ်ဖက်စလုံးက အားလုံးလိုလို သတ်ဟေ့၊ ဖြတ်ဟေ့၊ ချဟေ့၊ ဆိုတဲ့ ညာသံပေး နေတာ ကို တွေ့တော့ ငယ်ငယ်တုန်းက အဖြစ်လေးတွေ မြင်ယောင်နေမိသည်။ ကျနော်တို့ ရွာနားမှာ စစ်ဖြစ်တော့ ဗမာ စစ်သားတွေ ရွာထဲဝင်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ညာသံပေးကြတယ်။ "ငါလိုးမသားတွေ ချ ချကွာ. အလွတ်မထားနဲ့... အားလုံး သတ်ပစ်ကွာ... ရှုပ်တယ်..." ဆိုပြီးကျနော်တို့ရဲ့လူကြီးသူမေ
တွ... လူလတ်ပိုင်းတွေကို စုထားပြီး ကျိန်းမောင်းနေတဲ့ အသံ နားထဲ ကြားနေရသလို ခံစားရသည်။

အထူး သဖြင့် NLD ရဲ့ 'ရှဥ့်လဲ လျှောက်သာ ပျားလဲစွဲသာ' သဘာထား ထုတ်ပြန်ချက် အပေါ် အားမလို အားမရ ဖြစ်နေတာ ကိုလဲ တွေ့ရသည်။ တချို့ဆိုရင် NLD ကို တောက်လျှောက် အားပေးနေတဲ့ ပုဂ္ဂိုလ်များ ဒီတခါမှာတော့ NLD ကို အပြစ်တင်ကြသည်။ ဘင်္ဂလီိများ ကို ပြတ်ပြတ်သားသား မဆန့်ကျင်ဘူးဆိုတဲ့ သဘောနဲ့ ဝေဖန်နေကြခြင်းဖြစ်သည်။ တချို့ဆို ပညာတတ်လူတန်းစားများဖြစ်သည်၊ များသောအားဖြင့် နိုင်ငံရပ်ခြား မှာ အလုပ်လုပ်နေသူများ၊ ပညာစည်းပူးနေသူများ ဖြစ်ကြသည်။ ခြုံပြီးပြောရရင်၊ မြန်မာ နိုင်ငံသား (ကျနော်အပါအ၀င်) အများပိုင်းသည် လူလူချင်း အကြမ်းဖက်လုပ်ရပ်အပေါ် တုံ့ပြန်တဲ့နေရာ မှာ ပြန်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ တုံ့ပြန်ရန် ပိုအားသန်သည်။ လူကိုယ်တိုင် မပါချင်တောင်မှ အနဲဆုံး အားပေးအားမြောက် လုပ်ချင်တဲ့ စိတ်ဓါတ်ပြင်းပြတတ်တာတွေ့ရသည်။

ဒီနေရာမှာ မြန်မာပြည်က ဒဿနိကဗေဒ ပါမောက္ခ ဆရာ တစ်ပါး နီတိ ဆိုင်ရာ အတွေးအခေါ်ပိုင်း ပို့ချ ချိန်မှာ သူ့အတွေ့အကြုံ ဖေါက်သည် ချပြတာ သတိရသည်။
သူအမေရိက မှာ ပညာတော်သင်သွားနေတဲ့အချိန်ဖြစ်တယ်။ တနေ့တော့ သူတို့ ကျောင်းသား အဖွဲ့တွေ အုပ်စုဖွဲ့ပြီး ပင်လယ်ကမ်းခြေကို သွားပျော်ကြပါသတဲ့။ ညနေစောင်း နေ၀င်ချိန်၊ မှောင်ရိပ်သန်းလာတော့၊ သူတို့တည်းခိုတဲ့ နေရာ အသီးသီးပြန်ကြတယ်။ အဲဒီချိန်မှာ အမျိုးသမီး တစ်ယောက် ပြဿနာ တက်နေတယ်၊ အခန်းသော့နဲ့ ပိုက်ဆံအိပ်ပါ အကုန် လုယက်သူ တစ်ယောက် လက်ထဲပါသွားပြီ၊ ဆိုတော့ သူလဲ ဖြစ်ကြောင်းကုန်စင် သတင်းမေးရအောင် သူ့ဆီသွားတယ် (သူတို့နဲ့ အတန်းတူထဲကမို့ ခင်တာလဲပါတယ်)။ လူမည်း တစ်ယောက်က ပြေးလာပြီး သူ့လက်ထဲက လုသွားတယ်၊ လို့ သူ့ကို ပြောပြတော့ သူက မြန်မာပီပီ၊ ဟာ.... ဟိုလိုမလုပ်လိုက်ဘူးလား... ဒီလိုမလုပ်လိုက်ဘူးလား... ဒါမျိုး (လက်နက်) မဆောင်ထားဘူးလား.... ငါသာဆို ဒီလိုလုပ်လိုက်ပြီ... ဆိုပြီး အားရ ပါးရ ပညာပေးတော့... အဲဒီအမျိုးသမီးရဲ့... စကားတခွန်းထဲနဲ့ သူလဲ ရှက်ရှက်နဲ့ ခေါက်ပြန်ခဲ့ပါ သတဲ့။။။ အဲဒီ အမျိုးသမီးပြောတာက "ကျမ တခါမှ ဒါမျိုး ပြန်ချဲဘို့ တိုက်တွန်းတာ မခံရ ဖူးတော့ ပြန်ချဲလိုက်ရကောင်းမှန်း မသိလိုက်ဘူး" တဲ့။

ကျနော်တို့ မြန်မာနိုင်ငံမှာက ငယ်စဉ်ကတည်းက အတန်းထဲမှာ ဖိုက်တင် ချမယ်ဆိုရင် အတန်းဖေါ်တွေ မြောက်ပေးတယ်။ ကြောက်သလား... အလကားလူ... ငကြောင်... ဆိုတာမျိုးနဲ့ပဲ ကြီးလာတော့... ချမယ်.. ထိုးမယ်... ကြိတ်မယ်..... ဆိုပြီး ပြောနိုင်တဲ့လူမှ၊ သတ္တိ ရှိ၊ လူစင်မီတဲ့ယောက်ျား၊ လူလားမြောက်တဲ့အလား ထင်တတ်ကြသည်။ ကျောင်းနေ ကလေးများ ဒီလို စိတ်ထား မွေးရခြင်းကလဲ ပတ်ဝန်းကျင် ရဲ့ သွန်သင်မှု တစိတ်တပိုင်းဖြစ်နိုင်သည်။

ညတိုင်းညတိုင်း TV ထဲမှ စစ်ချီတေး၊ စစ်သည်တေး ထုတ်လွင့်ချက်သည်ပင်လျှင်၊ ကလေးများကို တိုက်ရဲ ခိုက်ရဲတဲ့လူ ဖြစ်အောင် (၀ါ) အကြမ်းဖက်ရဲအောင် သင်ပြနေခြင်းဖြစ်သည်။ သူများနိုင်ငံတွေမှာ မြို့ထဲ စစ်ဝတ်စုံဝတ် စစ်သားတွေ ကားစီးပြီး သွားရင် လူမမြင်အောင် တကားလုံး ဖုံးပြီးမှ သွားရပါတယ်။ ဥပဒေကို ပြဋ္ဌာန်းထားတာပါ။ မြန်မာပြည်မှာတော့ သေနတ်ကြီး ရှေ့က တကားကားနဲ့ လာတမျှကားတွေ အကုန်ရပ်ပေး၊ ကျောင်းရှေ့မရှောင်၊ ကလေးများ အားကျအောင် လုပ်ပြလေ့ရှိတော့ စစ်ဗိုလ်လုပ်ချင်တဲ့ ကလေးတွေများလာတယ်။ တိုင်းပြည်ချစ်လို့ စစ်ထဲဝင်တယ် ဆိုတာထက် သနတ်လေး တကားကားနဲ့ လူတကာထုတ်ပြရတာ အားကျလို့ဝင်တာ ပိုများပါတယ်။ ဒီထက်ပိုဆိုးတာက စစ်ဗိုလ်လုပ်ရင် ကြီးပွါးတာမြင်လို့ပဲ။ တကယ်တော့ စိတ်ဓါတ်အခြေခံ (Moral Quality) ကျဆင်းနေခြင်းဖြစ်တယ် ဆိုတာ မည်သူကမှ သတိထားမိဟန်မတူ။ ရိုင်းစိုင်းသော စိတ်ဓါတ်နှင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်လို့မရပါ။ ဂျာမဏီ လူမျိုးများ ဘယ်လောက်ပင် သိပ္ပံ အတတ်ပညာ တိုးတက် နေစေကာမူ၊ ဂျူးလူမျိုးခြောက်သန်းကျော် သတ်လိုက်ခြင်းသည် ဒီနေ့ထိ ဂျာမန်လူမျိုးများ အမှန်တကယ် ယဉ်ကျေးပါရဲ့လား ဆိုတဲ့ မေခွန်း အထုတ်ခံနေရဆဲ ဖြစ်သည်။ အဲဒီလူမျိုးရဲ့ ဘာသာ တရား၊ ယဉ်ကျေးမှု ဘယ်လောက် ကောင်းကြောင်း ထုတ်ကြွားနေစေကာမူ၊ လူတစ်ယောက်ရဲ့ အမူအကျင့်သည် သူ့ရဲ့ လူမှုဝန်းကျင် ကို ကိုယ်စားပြုနေသည်။ ကျနော်တို့ ကိုယ်တိုင် အကြမ်းဖက်ဝါဒ ကို အလိုလို သွန်သင်ခြင်း ခံထားရတဲ့ သားကောင်များ ဖြစ်နေပြီလား ?

ဒါကြောင့်၊ ဒေါ်အောင်ဆန်းစုကြည် ပြောတာမှန်သည်၊ "ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်စေချင်တယ်။" ဒီနေရာမှာ "သိက္ခာ" ဆိုတဲ့ ဝေါဟာရ အဓိပ္ပါယ်ဖွင့်ဆိုချက် အရေးကြီးလာသည်။ ဒေါ်စုပြောသော "သိက္ခာ" နဲ့ စစ်အုပ်စု ပြောပြောနေတဲ့ နိုင်ငံ့ ဂုဏ် "သိက္ခာ" မှာ ကွဲပြားတဲ့ အမြင်သဘောထား ရှိနိုင်သည်။ ဒေါ်စု ပြောချင်တာက "လူသားဆန်တဲ့ သိက္ခာ"၊ စစ်အုပ်စု ပြောနေတာ "တိုက်ရဲ ခိုက်ရဲ (၀ါ) သတ်ရဲတဲ့ သိက္ခာ"။
ဒီနေရာမှာ နောက်ဆုံးအနေနဲ့ နာမည်ကျော်စာရေးဆရာ နဲ့ ခရစ်ယာန် သင်းအုပ် ဆရာကြီး တစ်ပါးဖြစ်တဲ့ Ralph W. Sockman ရဲ့ အဆိုအမိန့် တခုနဲ့ နိဂုံးချုပ် ပါရစေ။

"ဇွဲသတ္တိ စမ်းသပ်ခြင်းဟာ ကျနော်တို့ လူနည်းစုဖြစ်တဲ့အချိန်မှာ လာတယ်၊ စိတ်ရှည်သီးခံခြင်း ကို စမ်းသပ်ခြင်းဟာ ကျနော်တို့ လူများစု ဖြစ်တဲ့အချိန်မှာ လာတယ်။"
“The test of courage comes when we are in the minority. The test of tolerance comes when we are in the majority.”

Read more »

Wednesday, February 27, 2013

UN လက်အောက်ခံ ICRC ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ လိုင်ဇာ သို့ ရောက်ပြီ

Jade Land's photo.
UN လက်အောက်ခံ ICRC ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ လိုင်ဇာ သို့ ရောက်ပြီ 

February 27,2013 by Myu tsaw kasa 

ယမန်နေ့ က လဂျားယန် မှ အစိုးရတပ်များ ဖြတ်ကျော်ခွင့်မပေးသော ကြောင့် လှည့်ပြန်သွားရသော ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ များ ဗန်းမော် -လွယ်ဂျယ် - မိုင်ဂျာယန် လမ်းကြောင်းဘက်မှ တဆင့် လိုင်ဇာ သို့ မနေ့ က ရောက်ရှိသွားပြီဖြစ်သည်။ ဒုက္ခသည် စခန်းများ နှင့် လိုင်ဇာဆေးရုံ များ သို့ သွားရောက် အားပေးကြည့်ရှုသွားမည်ဖြစ်ကြောင်းသိရသည်။ 

 Feb 26, 2013 ya hta Mungkan Wunpawng Hpung (UN) Npu na (ICRC) International Committee Of The Red Cross) hpung ni myen asuya dap a hkum pat ai kata kaw na jahtum e Laiza de Lu shang sai lam na chye lu ai. Manmaw Loije lam Maija Yang maga hku gayin shang wa ai re lam na chye lu ai, ndai hpung hta myen mung kata na ICRC magan gun nkau hte maigan mungdan shara shagu na ICRC magma gun ni, tsi sara wun (doctors) ni mung shang lawm ai lam na chye lu ai.

Laiza gaiwang kata na tsi rung ni hpe wa gawan katsan jep joi ai lam galaw nna, hpyen yen dabang hkan na tsi rung ni hte hkam ja lam ni hpe mung wa gawan katsan ai lam galaw sa wa na re lam na chye lu ai. Lawm sa ai tsi mawan arung arai ni hpe mung seng ang ai lit hkam ni a lata de ap ya sai lam matut na chye lu ai. Ya lang du ai gaw du na ten hta matut manoi garum ningtum jaw lu na matu shawng na lahkam re lam na chye lu ai. 

Yan a zawn yak yak hkak hkak rai myen asuya dap ni laja lana hkum pat ai kata kaw nna Laiza de lu hkra shang wa ai majaw Laiza mung mare masha ni mung, hpyen yen kanu kawa ni yawng grai kabu let hkap tau la ai lam na chye lu ai.
UN လက်အောက်ခံ ICRC ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ လိုင်ဇာ သို့ ရောက်ပြီ

February 27,2013 by Myu tsaw kasa

ယမန်နေ့ က လဂျားယန် မှ အစိုးရတပ်များ ဖြတ်ကျော်ခွင့်မပေးသော ကြောင့် လှည့်ပြန်သွားရသော ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ များ ဗန်းမော် -လွယ်ဂျယ် - မိုင်ဂျာယန် လမ်းကြောင်းဘက်မှ တဆင့် လိုင်ဇာ သို့ မနေ့ က ရောက်ရှိသွားပြီဖြစ်သည်။ ဒုက္ခသည် စခန်းများ နှင့် လိုင်ဇာဆေးရုံ များ သို့ သွားရောက် အားပေးကြည့်ရှုသွားမည်ဖြစ်ကြောင်းသိရသည်။

Feb 26, 2013 ya hta Mungkan Wunpawng Hpung (UN) Npu na (ICRC) International Committee Of The Red Cross) hpung ni myen asuya dap a hkum pat ai kata kaw na jahtum e Laiza de Lu shang sai lam na chye lu ai. Manmaw Loije lam Maija Yang maga hku gayin shang wa ai re lam na chye lu ai, ndai hpung hta myen mung kata na ICRC magan gun nkau hte maigan mungdan shara shagu na ICRC magma gun ni, tsi sara wun (doctors) ni mung shang lawm ai lam na chye lu ai.

Laiza gaiwang kata na tsi rung ni hpe wa gawan katsan jep joi ai lam galaw nna, hpyen yen dabang hkan na tsi rung ni hte hkam ja lam ni hpe mung wa gawan katsan ai lam galaw sa wa na re lam na chye lu ai. Lawm sa ai tsi mawan arung arai ni hpe mung seng ang ai lit hkam ni a lata de ap ya sai lam matut na chye lu ai. Ya lang du ai gaw du na ten hta matut manoi garum ningtum jaw lu na matu shawng na lahkam re lam na chye lu ai.

Yan a zawn yak yak hkak hkak rai myen asuya dap ni laja lana hkum pat ai kata kaw nna Laiza de lu hkra shang wa ai majaw Laiza mung mare masha ni mung, hpyen yen kanu kawa ni yawng grai kabu let hkap tau la ai lam na chye lu ai.

Read more »

Father Desmond Mpilo Tutu: ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။ (26-2-2013)

shared ခွန် ဒီးယမ်'s photo.
မေတ္တာတရားကိုအားကိုးပြီး အတားအဆီးတွေကို အတူကျော်လွှားကြမယ်...

မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။  (26-2-2013)

Burmese Democracy leader aung san suu kyi at her house in yangon praying together with Father Desmond Mpilo Tutu (26-2-2013)
မေတ္တာတရားကိုအားကိုးပြီး အတားအဆီးတွေကို အတူကျော်လွှားကြမယ်...

မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။ (26-2-2013)

Burmese Democracy leader aung san suu kyi at her house in yangon praying together with Father Desmond Mpilo Tutu (26-2-2013)

Read more »

လိုင်ဇာ ချစ်သူ

Myitrum Manang ni, “Laiza Chitthu” ngu ai, M Ga Shagawp ka dat ai yaw. M hpyenla ni gaw, anhte a Myutsaw Brang ni ntsa tsang Ginjaw matsun hpe hkungga madat mara ai hpe ahkaw ahkang la nna, anhte a post hte grau grau dang lu ai daram lu kahtep hkra, kaduk htu shakut nga ma ai lam na lu ai. Shanhte gaw grai myit kaji ai zawn byin nga ma ai. Anhte chyawm me kam ging ai KK lu ga ai i.
                                                
                    JIC

Read more »

မြန်မာလူမျိုးနှင့်အကျင့်ဆိုး


==============
“ဗမာလုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊
“ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊
“ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊
“ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” 

အခုဖေ့ ဘုတ်အင်တာနက်စာမျက်နှာမှာတော့  ကုလားဆိုင်က ဒန်ပေါက်စားနေတာလည်းမြန်မာတွေ ဘဲ...ဒီထက်မက ဒီပြင့် အကြောင်းအရာတွေလည်းရှိမှာပါ။

အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။


ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။



ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။ တရုတ်လူးမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာများပင်ဖြစ်၏။



တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအားလည်းကောင် ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံးရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။



မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်းခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့ သိမ်ဖျင်း သော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာဆန်းစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည် သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ်လိုက်သောအခါ ကောင်းသောအရည်အချင်းတွေချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိ။ ဆိုးယူတ်သော အရည်အချိုးတွေ ချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိနိုင်ကြောင်းကို ဦးခေါင်းပါသူဟူ သမျှ ၀န်ခံပေလိမ့်မည်။

ဆရာကြီးရွှေဥဒေါင်း.ဂျပန်ခေတ် ၁၉၄၃ က ရေးခဲ့တာလေးပါ
ရွှေဥဒေါင်းရဲ့ မြန်မာလူမျိုးနှင့်အကျင့်ဆိုး မှကောက်နှုတ်တင်ပြသည်။

ရွှေအိမ်စည်
http://www.facebook.com/shweaeimsi
http://www.facebook.com/shweaeimsi(ဤ ဆိုဒ် ရှိစာများ ကို မူရင်းစာရေးသူ ၏ အမည်မဖျက်ဘဲ စိတ်ကြိုက်ရှလ်ယူသုံးနိုင်ပါသည်)

Read more »

(ဒူဝါ ကတော့ လယ်သမားသား မို့လို့ လယ်သမားထိရင် ရင်အနာ ဆုံးပဲ

(ဒူဝါ ကတော့ လယ်သမားသား မို့လို့ လယ်သမားထိရင် ရင်အနာ ဆုံးပဲ။ တကယ်ဆို ခရိုနီတွေထက် လယ်သမားတွေက အခွန် ရာခိုင်နှုန်း အများဆုံး ထည့်ပေးခဲ့သူတွေပါ။ တစ်ဧက စပါးဘယ်လောက်ထည့်ရမယ် ဆိုတဲ့ ခေတ်၊ စပါးလာထည့် တဲ့ လယ်သမားတွေကို ရေတောင် မတိုက်ဘူး။ လက်ခံပေးတာကိုပဲ ကျေးဇူးတင် ဆိုတဲ့ မျက်နှာထားတဲ့ အော်ငေါက်ခံရတာလဲ လယ်သမားတွေပါပဲ။ နောက်တော့ ဘိုးဘွားပိုင်မြေတွေ နေရင်းထိုင်ရင်း သူများ သူစိမ်းနာမည် ပေါက်သွားတာကို ထိုင်ကြည့်နေရတာလဲ လယ်သမားတွေပါ။ မပြီးသေးဘူး ပေါ်တာ ဆိုပြီး လာဆွဲတာခံရတာလဲ လယ်သမားတွေက ထိပ်ဆုံးက။)

လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ကြား အကြမ်းဖက်မှုကြောင့် ဒဏ်ရာရသူများရှိ
(RFA Burmese)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက် ဒီကနေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

မလက်တိုကျေးရွာအုပ်စုအတွင်းက ကွန်တိုင်းလေး၊ လက်ပံကုန်း၊ အဒိတ်၊ ပပင်၊ ပလောင် စတဲ့ကျေးရွာသားတွေက ပုဂ္ဂလိကပိုင် ကုမ္ပဏီမွေးမြူရေးတစ်ခုက ငါးကန်အတွက် သိမ်းထားတဲ့လယ်မြေ လယ်ဧက ၅၅၀ ကိုထွန်ယက်ဖို့ ကြိုးစားရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တင်းမာမှုဖြစ်ပြီး ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီကနေ့ နေ့လယ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အဒိတ်ကျေးရွာသား ဦးမောင်စိုးက RFA ကိုအခုလို ပြောပါတယ်။

“သူတို့ခြိမ်းခြောက်တဲ့အခါကျတော့ ကျနော်တို့က ပစ်မယ်ခတ်မယ်လို့တော့ မထင်မိဘူးပေါ့နော်၊ အဲလိုမထင်မိတဲ့အခါကျတော့ သူတို့ကဖယ်ခိုင်းတော့ ကျနော်တို့က မဖယ်ဘူး၊ မဖယ်တော့ ၁၄၄ ထုတ်တယ်၊ ပထမတော့ တုတ်တွေနဲ့ရိုက်တယ်ပေါ့၊ တုတ်တွေနဲ့ရိုက်တဲ့အခါကျတော့ မိန်းကလေးတွေကို ရိုက်မိသွားတဲ့အခါကျတော့ ဘာမှမထူးဘူးဆိုဘူး မိန်းကလေးတွေကလဲ သူရိုက်ကိုယ်ရိုက်ရိုက်ကြတယ်၊ အဲလိုနဲ့ရိုက်ပြီး သူတို့ကပြေးသွားကြရော၊ ပြေးပြီးတော့ ကျနော်တို့ကို ခံပြီးတော့ပစ်တာ၊ အဲလိုခံပြီးတော့ပစ်တဲ့အခါကျတော့ မိုးပေါ်ထောင်ပစ်တာလဲ ရှိတယ်ပေါ့နော်၊ အချက်ပေါင်းခန့်မှန်းခြေကတော့ ၁၅၀ လောက်ရှိတယ်၊ ပြည်သူတွေဘက်ကို လှည့်ပြီးတော့ ပစ်တာကတော့ ၃၀၊ ၄၀ လောက်တော့ရှိလိမ့်မယ်”

အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကတော့ ဒီကနေ့ မလက်တိုကျေးရွာအုပ်စုဖြစ်စဉ်မှာ ကျေးရွာသား ၃၀၀ ကျော်က ပုဒ်မ ၁၄၄ အမိန့်ကို ဖီဆန်ပြီး ရဲတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကို တုတ်၊ဓားတွေနဲ့ ဝင်ရောက်ရိုက်နှက် ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးကျည်ဆန် ၆ ချက်ပစ်ခတ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် မအူပင်ဆေးရုံကိုတင်ပို့ကာ ဆေးကုသမှု ခံယူနေရတယ်လို့ RFA ကိုပြောပါတယ်။ လယ်သမားတွေကတော့ ဒီနေ့လို အဖြစ်မျိုးကြုံတွေ့ရပေမယ့် မိမိတို့ဘိုဘွားစဉ်ဆက်က ပိုင်ဆိုင်တဲ့ လယ်မြေပြန်ရဖို့ကြိုးစားတာကို ရပ်တန့်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလယ်မြေဧက ၅၅၀ ကျော်ကို လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်က ဒေသခံရွာသားတွေဆီကနေ လျော်ကြေးမဲ့ သိမ်းယူခဲ့တာဖြစ်ပါတယ်။

Read more »

မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စု ၊ ပလောင်ကျေးရွာတွင်လုံခြုံရေး တပ်ဖွဲ့များ

မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စု ၊ ပလောင်ကျေးရွာတွင်လုံခြုံရေး တပ်ဖွဲ့များ
  •  မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
    Tuesday, 26 February 2013

    လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
    ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

    ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ်ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းတိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

    အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
    မရနိုင်သေးပါ။

    အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

    အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

    ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

    ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

    အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

    “ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

    ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

    “တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

    ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

    “ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းကသိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

    ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

    7Day News Journal

    "photo Maythit Sar
    Joshua Min Htut thanks for the upload the Voice
  • Ayeyarwady Thar mother fucker leader police....u go back home fuck your mother...
  • Kyaw Lin Tun မအေလိုးးတွေ..
  • Kyaw Lin Tun ဒေါက်ချာခနချ ပီးးဆဲ လိုက်အုံးးမယ် မအေလိုးးတွေ လီးးဘဲ
  • Layoang Oo တပ်ရင်းဘယ်လောက်လဲဟပြောပုံကိုရခိုင်ပိုရမယ်ပြောတဲကောင်ကိုဟိုမှာကျကြောက်ပြေးတာရဲပြေးတွေ
  • April Kyu Kyu ခါးမိ ခါးရိုက်မယ် ခေါင်းမိ ခေါင်းရိုက်မယ် ခြေထောက် မိခြေထောက် ရိုက်မယ်...အဲတာကို ဘယ်နေရာမရိုက်ရဘူးလို့ မပြောထားဘူး ........မိုက်ရိုင်းတယ်ကွာ .......
  • April Kyu Kyu တကယ်တန်း အကြမ်းဖက် ဖြိုးခွင်းတယ်ဆိုပေမယ့် ဒုတ်နဲ့ ဆို ခေါင်းကို ရိုက်ခွင့်မရှိပါဘူး .......မတော်လို့ လက်နဲ့ ကာရင်တောင် လက်ဖျံကို မရိုက်ရပါဘူး ......
  • Joshua Min Htut သမ္မတကြီး ကျန်းမာပါစေ
  • Kyaw Lin Tun အဲ မေ.နေကြထင်သေးး ယူနီဖောင်းချွတ်ပြေးး၇တာ...
  • ခွန် ဒီးယမ် ဘူးလက်အားကိုး ပုဆိန်ရိုး လယ်သမားသတ် အကြမ်းဖက်သမားများအား ဆန့်ကျင်ကြ....
  • Yan Moe Aung so many dogs are there what they doing ?
  • Kayin Thannaing ကုလားကိုတော့ဘာမှမလုပ်နိုင်တဲ့ကောင်တွေကဒီကောင်တွေဘဲ ဘုန်းကြီးသတ် ကုလားရှိခိုးနေတဲ့အကောင်တွေ
  • ခွန် ဒီးယမ် ကောက်စိုက်ဖို့ ရေတောင်းတာ ကျည်ဆံတွေသာပေးတဲ့ အစိုးရ ကျဆုံးပါစေ။
    ကိုယ်ပိုင်တဲ့လယ် ကိုယ်ပြန်တောင်းတာမှာ ကျည်ဆံတွေသာပေးတဲ့အစိုးရ ကျဆုံးပါစေ။ ဘူးလက်အားကိုး ပုဆိန်ရိုး လယ်သမားသတ် အကြမ်းဖက်သမားများအား ဆန့်ကျင်ကြ....
  • Su Yee Phyoe မိုက်ရိုင်းတယ်ကွာ
  • Su Yee Phyoe ဘုန်းကြီးတွေကိုတောင်ငရဲမကြောက်ရိုက်ရဲသေးတာပဲပြည်သူတွေဆိုတော့ပြောစရာတောင်မလိုဘူးဟေ့ စိတ်ပျက်တယ်
  • Soe Pyae လူမဆန်တဲ့ရဲ ..ဒုတ်များအားကိုးတယ်..ဥပေဒေမှမကိုက်ညီဘူး
  • Aree Mi သြော်.....ဖြစ်မှဖြစ် ရ လေဗျာ။လက်နက်မဲ့
    ပြည်သူတွေကို.....သူ့တို့မို့မရှက်တယ်
    ဒိုင်းတွေ သေနတ်တွေနဲ့
  • Sai Naing Soe Win အမိန့် ပေး နေတဲ့ ငိုစါးရယ်စါး စေါက် ရဲမှူး ပြည်သူ့  မသထှာရေစါ မြိုဆို့ ထားလို ဗိုက်စူနံကားနဲ့  ကောင်။
  • Neemun Khaing အလုပ်မမြင် ပလိပ်ဝင် အမွေးဖြူမှ တရစ်ရ သူတောင်းစား ပလိပ်တွေ
  • Lisu Age လူမိုက်ရှိမှ.....လူကောင်းထွက်မယ်....... အမောင်ရှိမှ..အလင်းထွက်မယ်... ပညာမတတ်သူရှိမ...ဆရာထွက်မယ်..........။။။။။ ငါကတော့...မြန်မာသတင်းဆိုးနားထောင်ရတာ...အားမရသေးဘူး...ဟိဟိများများထွက်ပါစေအုံး..........
  • Zaw Naing MG နွားတွေ စကားပြောနေတယ်... အဟိတတွေ
    တနေ့တွေ့ကြမယ်လေ..... နွားလောက်အသုံးမ၀င်တဲ့ ရဲခေါင်းဆောင်...
  • Pyae Phyo Aung သတိထားကျနော် တကယ်ကြီးရိုက်တော့မယ်......
  • Thein Kyaw ဒီလိုအကောင်တွေရှိလို့ငါတို့မြန်မာနှိင်ငံမတိုးတက်တာ အတ်ဒီလို့ဆန်ကုံမြေလေးတွေကိုသေအောင်သာသတ်တန့်နှိင်တဲ့ဘကအားပေးမယ် ပြည်သူတွေဝိုင်းဝန်းပြီးသတ်ကြ သတ်ကြ သတ်ကြ
  • Saya Tin Saya Hla သြော် . . .ပြည်သူကြွေးထားတဲ့ ထမင်းစားပြီး ၊ပြည်သူကိုနှိပ်ကွပ်ဘို့  အကွက်ချနေတာ . . . မဟာစွန့် စားမှုကြီးပေါ့ 
  • Lah Koe တစ်ယောက်ထဲခွဲမလိုက်နဲ့တဲ့ တေမှာတော့ကြောက်သား..ခိခိ
  • Khaing Kyaw Naing မအေေ--ာရဲတွေ မင်းတို့လားကွ ပြည်သူ့ရဲ --ီးဘဲ
  • Anjoy Planet Terrible... but all around the planet ;(
  • N'gun Ja Wa ဒါလားပြည်သူ့ ရဲ.... ခရိုနီလက်ပါးစေ... အာဏာရှင်လက်ပါးစေတွေ့ ... ကျေးဇူးရှင်လယ်သမားကို ကျေးဇူးကန်း...သောက်သုံးမကျတဲ့ ကောင်တွေ... ငါတို့ တိုင်းပြည်ပြောင်းလဲနေပြီ ဆိုတာ ဒါလား....
  • Myo Naing Soe တောက်!! မိုက်ရိုင်းလိုက်တာ
  • Kyaw Thein သောက်သုံးမကျတဲ့ ရဲတွေ မင်းတို့  တွေ သတ္တိ ရှိ ရင် တစ်ယောက်ချင်း ချပါလား။ လက် လက်ချင်း၊ တုတ် တုတ် ချင်း၊ ပြည်သူ့ ရဲ မဟုတ်ဘူး...မင်းတို့ က ပြည်သူကို ပြန်ကိုက်တဲ့ ခွေးလောက်တောင် အဆင့် မရှိတဲ့ ပြည်သူ့ ချဉ်ဖတ်၊ လောက်ကောင်။
  • La Wuyawng How the Burmese Military government's policemen treat the civilians. See how bad they are... How the police inheritate from their God fathers U Thein Sein, Thant Shwe and military Leaders....
  • Yea Chan လုပ်ကြပြန်ပြီဗျာ အခြေခံလူတန်းစား တောင်သူလယ်သမားတွေကို တနေ့တစ်မျိုး ဒုက္ခအမျိုးမျိုးပေးနေတာတွေ ဘယ်တော့ရပ်ကြမှာလဲ သိမ်းပိုက်လိုက် မောင်းထုတ်လိုက် တရားဆွဲလိုက် မီးရှို့လိုက်နဲ့ အခုလဲသေနတ်နဲ့ပြစ်ပြန်ပြီ ဒီလိုဖြေရှင်းနေတာဟာ ပြဿနာ တွေအေးချမ်းသွားမယ်လို့ ကြံဖွ...See More
  • Paing Soe တစ်ကယ် ဖြစ်တော့ ရဲတွေခံရတာပါ။
  • Zawlin Khaing ရှိက်စမ်းပါစေ အမှန်တရားကတော့ဘယ်တော့မှ မကွဲးဘူး မနာဘူး မသေနှိင် အမြဲးတန်းရှင်သန်ဆဲပဲလေ။မှတ်တမ်းတင်ပါတယ်..
  • Win Htike Voice! Voice! Voice!
  • Thu Yemyat အမေစု ဘာလုပ်မှာလဲ...
  • Helios Htet Nay စောက် ခွန်ဒီးယမ်က ပါလာပြန်ပြီ။ ကျက်သတုံးဝက်မ ၊ တိုင်းပြည်ဖျက်မယ့် ဖာမ. အသာနေစမ်းပါ။ နင်တို့လို ကောင်မတွေ ညှော်ဖို့ ခွင်ကောင်းကောင်း တွေ့သွားတာပေါ့လေ။ ၀ှီးချဲပေါ်က ဆင်းပြီး အဲဒီနေရာကို လူကိုယ်တိုင် ရောက်အောင် သွားကြည့်ပါလား။ ဘာမှ စောက်မှန်းကမ်းမှန်းမသိ အ...See More

Read more »