Wednesday, February 29, 2012

panglung myit jasat gaw hpa ta?

Read more »

Tuesday, February 28, 2012

Chinese Christians Try to Help 40,000 Burmese Refugees on China-Burma Border Fleeing Armed Conflict China Aid Association

(Midland, Tex.—Jan. 28, 2012) Ongoing armed conflicts in north Burma’s Kachin state have left as many as 40,000 Burmese refugees on the China-Burma border, the majority of whom are Christians of the Jingpo minority group and more than half of whom have illegally crossed into China seeking temporary shelter, according to information provided to ChinaAid by the Association of Chinese Christian Journalists.

Since Jan. 1, ongoing clashes have been occurring in an area just 90 kilometers (56 miles) from China’s Yingjiang county and 170 kilometers (105 miles) from the border city of Ruili, in Dehong county, both in southwest China’s Yunnan province.

(Photo: Burmese refugees taken in by Chinese house churches. Photo provided by the Yingjiang house church.)

About 25,000 of the estimated 40,000 refugees wandering along the border have crossed into Yunnan through non-governmental channels to seek shelter and refuge. The Kachin Independence Army (KIA) has reportedly placed some 21,000 refugees in the Burmese border city of Laiza and 4,000 in the region of Maija Yang.  At least 1,500 people are still in the forests, while more than 6,000 have taken temporary refuge in schools, churches and villages.



(Photo: A church relief worker distributing medicine to refugees. Photo provided by a Christian journalist.)

According to the coordinator of the Association of Chinese Christian Journalists’ relief effort, who is surnamed Ma, there appears to be little chance for a ceasefire of the armed conflict between Burmese government troops and the KIA that first broke out on June 9, 2011.  He said the clashes have already displaced more than 35,000 people, leaving them without proper clothes or sufficient food.  Many have appeared along the border in Ruili and the counties of Longchuan and Yingjiang, and more refugees have arrived in recent days.

Christian relief workers in the border camps said that the refugees want to return to their homes in the mountains but cannot do so because of the fighting.  Their numbers are on the rise, and those who are still in Burma lack food, medicine and basic living supplies. Christians in the Yingjiang Church are trying their best to help them.

A pastor of a Yingjiang church told the Association of Chinese Christian Journalists on condition of anonymity that more and more refugees displaced by the conflicts had fled to the China-Burma border, with the total number already reaching 40,000. 

“I feel extremely sad whenever I think about those solders fighting everywhere heedless of people’s lives, and farmers who cannot farm, and women and children who are being capriciously treated.  It is troubling to see those refugees who do not even have adequate food and clothing.  People’s war-torn lives seem meaningless and pathetic,” said the pastor. 

(Photo: Temporary shelter for the refugees provided by Yunnan churches. Photo provided by a Christian journalist.)

“For many years, Burmese Christians who do business and have relatives in Yingjiang have regularly attended our church services.  And brothers and sisters here also frequently travel to Burma to visit relatives and friends.  In fact, we and they are as close as flesh and blood.  We will try our best to help them, but what we can do is limited.  Therefore, we call upon people around us and loving brothers and sisters to help these refugees and pray for them,” the pastor said.

According to the Association of Chinese Christian Journalists, if the large-scale armed clashes between Burmese government troops and the KIA continue in Kachin, the growing numbers of refugees could reach crisis level.  The situation in Kachin is already getting out of hand, and could get worse due to cold weather.  With a shortage of warm clothes, nutritional foods and medicines, the chance for the spread of epidemic diseases is high.  Unless a solution is found, the Sino-Burmese border could become the site of a humanitarian crisis.

ChinaAid and the Association of Chinese Christian Journalists as well as Christians in Kachin and Yunnan are working together to figure out ways to help refugees.

ChinaAid appeals to brothers and sisters in China and overseas to pray for and help with the following efforts:

1. The Association of Chinese Christian Journalists plans to offer assistance to refugees staying along China-Burma border.
2. Local Christians in Yunnan (Yingjiang Church in particular) are collecting and distributing winter clothes, foods and medicines.  Please keep them in prayer.  Among the refugees are pregnant women and children.  Please keep them in prayer as well.
3. Urging the Burmese government troops and the KIA to negotiate a reconciliation and agree to a ceasefire as soon as possible.

Those who wish to help can contact ChinaAid.

ChinaAid Contacts
Bob Fu, President;  Mark Shan, Spokesperson
Tel: 1+ (888) 889-7757      Cell:  (267) 205-5210
Email: Bob@ChinaAid.org Mark@ChinaAid.org
LA Office: Eddie Romero Tel: (323) 521-6777  Email: ChinaAid.LA@gmail.com
Website: www.ChinaAid.org www.MonitorChina.org


Posted by CHINAaid at 8:16 PM
Email This
BlogThis!
Share to Twitter
Share to Facebook

Category: CHINA AID NEWS CENTER
Reactions: 
2 comments:
Khin Mgoo said...
I like to say,thanks a lot for this news,God bless you all.
February 27, 2012 10:03 PM
Khin Mgoo said...
Thanks alot ,God bless you all.
February 27, 2012 10:04 PM
Post a Comment

Read more »

Num hpan 2 (II)

    Hkawp hkungga ai myit rum manang ni hpang de, mani na matut,"Num hpan 2 " hpe bai shagun dat ai yaw. Hti n-gun jaw ai majaw chyeju dum ai. Makau grup-yin majan shiga ni, Tai ni hpe wang tawn da ai nga ai shiga ni mung na lu nga ai. Teng tup gaw n lu shana ai.
                                                                                                                                                        JIC click read more

Read more »

Monday, February 27, 2012

Num Hpan Lahkawng

Hkawp hkungga ai myit rum manang ni, Ngwi pyaw nga myit ga. Daini gaw , "Num Hpan Lahkawng " ngu ai ga baw hte Matsing hpa ka shapoi dat sai yaw . Mungdan ngwi pyaw simsa na matu Kawa la ni ahkyak ai zawn, Kanu Num ni mung ram ram a lahta de ahkyak nga ai n rai i.
      25.2.2012 shani, Namsanyang kaw gasat poi byin ai ; Tai ni tsawmra kyin mat ai lam na lu ai. Jahpan gaw garai n chye ai.    Read more+++click+++                      
                                                        JIC

Read more »

KIO explains current situations (Part I)


KIO explains current situations (Part I) from kachinlandnews on Vimeo.
On behalf of KIO central committee, KIA's Chief of Staff General Gunhtang Gam Shawng explains current political negotiations and military situations to KIO/KIA members and Kachin public.

Read more »

Sunday, February 26, 2012

သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။

*ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ
ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့
 ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊  ဘာသာရေး
ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့  နာယက*

* ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI
သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။ *

*ဒေါ်အင်ဖန်ဂျာရာ။*               ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ
စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက

၁- KIA က ဘာလို့ဖြစ်လာတာလဲ

၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို
ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို
သူမေးခဲ့ပါတယ်။

ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ
ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊  ကချင်တွေက
ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ်

နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး
 ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊

ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး
မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး
အရမ်းကြောက်ခဲ့တာ။

ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ
တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊

ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ
တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊

ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊
ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ
ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊

ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး
တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။

ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ

မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့
အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့
မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ
ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ်
ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင်
သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။
ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး
လွတ်လပ်ရေးကို မလိုချင်ကြဘူး၊  ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင်
လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ
ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း
လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊

၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့
ကတိစကားကို ကျွန်မတို့

အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့
အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊

အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက
ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ
့ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို
ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ  တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့်
အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။

၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့
နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ
စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင်  (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ
ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့
ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊
ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ
ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့
နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။

ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ
မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊  ဒါပေမယ့်
ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က

ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့
ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့
တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊

ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇
 နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊
ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့
လိုအပ်လာတယ်၊

အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ
စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့
ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့
သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင်
မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။

အခု ကချင်ပြည်နယ်မှ  မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း
ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို
 အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့  အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ်
ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို
လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ  ထင်ကြပါတယ်
ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ်
နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ )
ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း
ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး
စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ
မရှိသေးဘူး၊

ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက
ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့
မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့
လို့ကျွန်မပြောခဲ့တယ်။

အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက
ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။

ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့
စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း
မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို
မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI
ကိုပြန်ပြောပြပါတယ်။

အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့
လာသည်ထင်သလဲ ဟုမေးရာ

“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ”  လို့ဖြေဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့
မေးခွန်းကိုတော့

“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊
တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့
ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။

Read more »

ပြတ်ပြတ်သားသား ဝေဖန်ကြဖို့ လိုပါပြီ။

ပြတ်ပြတ်သားသား ဝေဖန်ကြဖို့ လိုပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျ ဥပေးမယ့် ငန်းမကြီးပမာ တယုတယ မွေးမြူထားချင်လာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ထဘီကို အလံထူ၊ နိုင်ငံတကာကို ချော့မြှူပြီး ပြည်သူကို ဖိနှိပ်၊ ဒေါ်စုက ရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။” ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာက ဆုပေါင်း ရာချီရထားတဲ့ ဒီမိုကရေစီမိခင်၊ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ အာဏာရဖို့ မဲဆွယ်တဲ့ အလုပ်ကိုပဲ လုပ်နေပါတယ်။ သူ့ကို အားပေးကြတဲ့ သောင်းချီတဲ့ လူပရိသတ်ကြီးရှေ့မှာ ကျမကို မဲပေးရမယ်နော် ဒါပဲ ... ဆိုတဲ့ စကားမျိုးတွေလောက်ကိုပဲ မရှက်မကြောက် ပြောနေပါတယ်။ ဒါ … ဒီမိုကရေစီခေါင်းဆောင်တဲ့လား။ ဒါ … လူထုခေါင်းဆောင်တဲ့လား။ ပြည်သူလူထုကြီးက ချစ်လွန်းလို့ အမေစု၊ အမေစု အခေါ်ခံရတဲ့သူ၊ အများပြည်သူရဲ့ ဆင်းရဲဒုက္ခနဲ့ ပရိဒေဝ သောကမီးတွေကို ငြှိမ်းသတ်ပေးမယ်လို့ မျှော်လင့်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုကိစ္စမျိုးတွေမှာ တခွန်းတပါဒတောင် မဖွင့်မဟရဲတာက ဦးသိန်းစိန်ကို ကြောက်လို့လား၊ ဦးသန်းရွှေကို ကြောက်လို့လား၊ ဒါမှမဟုတ် အာဏာရမ္မက် ငမ်းငမ်းတက်နေလို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။ ဒီနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မှာ ရပ်နေသလဲ၊ ဘယ်သူ့ဘက်မှာ ရပ်နေသလဲဆိုတာဟာ မဖြစ်မနေ မေးခွန်းထုတ်ရမယ့် ပုစ္ဆာတခုဖြစ်လာပြီ။ သမိုင်းပေးတာဝန် ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို ကိုယ်နဲ့ မဆိုင်သလို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ တနေ့မှာ သင့်အပေါ် ရောက်လာပါလိမ့်မယ်။ မတရားမှုတခုကို အောင်အောင်မြင်မြင် ကျူးလွန်ခွင့်ရသွားခဲ့သူဟာ အစွယ်ကို သွေးလူးသွားတဲ့ ကျားလို မတရားမှုကို အကြိမ်ကြိမ်အခါခါ ကျူးလွန်ပါလိမ့်မယ်။ လူ့အဖွဲ့အစည်းထဲက လူတယောက်အပေါ်မှာ အစိုးရကိုယ်တိုင်က ဒါမှမဟုတ် တခြားတစုံတယောက်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ်ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲသလို တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ရင် တခြားသူတွေအပေါ်မှာပါ မတရားမှုကို ဆက်လက် ကျူးလွန်လာပါလိမ့်မယ်။ ဒါဟာ ဒီနေ့မှ သိရတဲ့ အသစ်အဆန်းမဟုတ်ဘူး။ သမိုင်းတလျှောက်လုံးမှာ ကမ္ဘာတလွှား နိုင်ငံအနှံ့အပြားမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးတဲ့ သင်ခန်းစာပါ။ တိုင်ယီ ဘိနပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ရရှိရေး၊ အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြတာ အားလုံးအသိပါ။ တကယ်တော့ အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေဆိုတာဟာ မြန်မာနိုင်ငံက စက်ရုံတွေတင်မကပါဘူး။ ကမ္ဘာတလွှားမှာပါ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်လွန်းကြတဲ့အတွက် နာမည်ပျက်နဲ့ ကျော်ကြားကြပါတယ်။ ဥရောပကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ GAP၊ Nike၊ Adidas တို့လို ကုမ္ပဏီကြီးတွေတောင်မှ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကြလွန်းလို့ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး ဆောင်ရွက်သူ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဝိုင်းဝန်း ကန့်ကွက်ကြတာ၊ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြတာဟာ အကြိမ်ကြိမ်အခါခါပါ။ ဂါးဒီးယန်းတို့လို၊ ဘီဘီစီတို့လို ထိပ်တန်းမီဒီယာကြီးတွေ ထဲမှာလည်း အကြိမ်ကြိမ် အခါခါ ပါခဲ့ဖူးပါတယ်။ တရုတ်ကုမ္ပဏီတွေကတော့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို ဖောက်ဖျက်ကြတဲ့အထဲမှာ တခြားကုမ္ပဏီတွေထက် နာမည်ပိုပျက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျ ဥပေးမယ့် ငန်းမကြီးပမာ တယုတယ မွေးမြူထားချင်လာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ထဘီကို အလံထူ၊ နိုင်ငံတကာကို ချော့မြှူပြီး ပြည်သူကို ဖိနှိပ်၊ ဒေါ်စုက ရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။” မြန်မာနိုင်ငံမှာလည်း အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြဿနာတက်ကြတာဟာ အကြိမ်ကြိမ်ပါပဲ။ စက်ရုံတွေမှာ အိုဗာတိုင်ပေးရမှာ ကြောက်လို့ အခြေခံလစာကို မတန်တဆ လျှော့ချထားကြတာကို အားလုံးအသိပါ။ ဈေးကွက်ပေါက်ဈေးအရ အခြေခံလစာ သိပ်နည်းနေရင် အလုပ်သမားရှာမရမှာ စိုးတဲ့အတွက် အခြေခံလစာအစား ခရီးစရိတ်၊ ရှားပါးစရိတ်၊ စားသောက်စရိတ်ဆိုတာမျိုးတွေ နာမည်တပ်ပေးပြီး အခြေခံလစာကိုတော့ လျှော့ထားကြပါတယ်။ ဒီညစ်ကွက်ကလည်း လှိုင်သာယာမှာ လုပ်နေကျ ညစ်ကွက်ကြီးလိုလို ဖြစ်နေပါပြီ။ အလုပ်သမားတွေ အိမ်သာတက်ရင် အလုပ်ချိန်လျော့မှာ စိုးလို့ တနေ့ကို အိမ်သာ ဘယ်နှမိနစ်ပဲ တက်ရမယ်လို့ ကန့်သတ်ချုပ်ချယ်တာလည်း အဲဒီစက်ရုံတွေပါပဲ။ ရေသောက်တာကို ဘယ်နှကြိမ်ထက် မပိုရလို့ ကန့်သတ် ချုပ်ချယ်တာလည်း ဒီစက်ရုံတွေပါပဲ။ အလုပ်သမားကို အလုပ်မပေးနိုင်လို့ အားနေရင် သူတို့တာဝန်နဲ့ မဆိုင်တဲ့ ကြမ်းတိုက် မြက်နှုတ်ခိုင်းတာလည်း ဒီစက်ရုံတွေပါပဲ။ ဒီလုပ်ရပ်တွေဟာ အလုပ်သမားတွေကို လခပေး ငှားရမ်းခိုင်းစေတာနဲ့တောင် မတူတော့ပဘဲ လခပေးပြီး ကျေးကျွန်ငှားရမ်းထားတာနဲ့တောင် တူနေပါတယ်။ အလုပ်ခွင်အခြေအနေတွေလည်း ကြည့်ကြဦး။ တော်တော်များများက သွပ်မိုးဂိုဒေါင်ကြီးတွေပုံစံမျိုး။ အင်မတန် ပူလောင်တဲ့နိုင်ငံမှာ အလုပ်သမားတွေ ဘယ်လို အလုပ်လုပ်နေရတယ်ဆိုတာ စာနာစဉ်းစားကြည့်ကြပါတော့။ အလုပ်လုပ်ရတဲ့ ရက်နဲ့ နာရီတွေကလည်း မတန်တဆ။ တလကို ၂၅ ရက် ၂၆ ရက် အလုပ်လုပ်ကြရတယ်။ ညဥ့်နက်သန်းကောင် အလုပ်လုပ်ကြရတယ်။ ၁၈၈၆ ခုနှစ်ကတည်းက တနေ့အလုပ်လုပ်ချိန် ၈ နာရီထက် မကျော်လွန်ရေးကို အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြပေမယ့် ကျနော်တို့ဆီမှာ အလုပ်သမားတွေဟာ သားနဲ့အမိ၊ မောင်နဲ့နှမ တွေ့ဆုံချိန်တောင် မရလောက်အောင် အလုပ်ခွင်ရဲ့ လခစား ကျွန်စနစ်ယန္တရားထဲမှာ ဘဝတွေ ကုန်လွန်နေကြရတုန်းပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာ တချို့စက်ရုံမှာ အိုဗာတိုင် မဆင်းမနေရ သတ်မှတ်ချက်မျိုး ရှိနေပြန်တယ်။ တချို့စက်ရုံတွေမှာ အလုပ်သမားတွေကို အမြဲတမ်း လခစားဝန်ထမ်းအဖြစ် မခန့်ထားဘဲ နေ့စားအဖြစ် ခန့်ထားပြီး အချိန်ပို မဆင်းရင် အလုပ်ဖြုတ်မယ်ဆိုတဲ့ စည်းကမ်းချက်မျိုး သတ်မှတ်တယ်။ နေ့စား အလုပ်သမားအဖြစ် ခန့်ထားပြီး၊ ခွင့်ရက်ခံစားခွင့် မပေးဘဲ ထားတာမျိုးလည်း ရှိတယ်။ ဒီလောက် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်တဲ့ ကြားထဲမှာ နောက်ထပ် လဲရာကို သူခိုးထောင်းတဲ့ လုပ်ရပ်က တရုတ်နှစ်သစ်ကူးမှာ အလုပ်ရှင်က အလုပ်ပိတ်ပြီး အဲဒီပိတ်ရက်ကို လစာမပေးဘဲ ဖြတ်တောက်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဆိုသူကရော ဘယ်ဘက်က ရပ်တည်ပါသလဲ။ ကျနော်တို့တိုင်းပြည်က အစိုးရ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ ခေတ်အဆက်ဆက်မှာ စစ်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖြစ်သာ ရပ်တည်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် စက်ရုံမှာအလုပ်လုပ်ခဲ့စဉ်က အလုပ်သမားရုံး အရာရှိနဲ့ စကားပြောခဲ့ဖူးပြီး သူတို့သဘောထားကို ထင်ထင်ရှားရှား သိခဲ့ရဖူးတယ်။ ကျနော်က စက်ရုံရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ တာဝန်ယူရတဲ့အတွက် အလုပ်ရှင်ရဲ့ကိုယ်စားလှယ်လို့ သဘောထားပြီး အလုပ်သမားရုံး အရာရှိက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်လာတိုင်းမှာ အလုပ်သမားတွေဘက်က ဘာလိုချင်သလဲ။ တယောက်ယောက်က တာဝန်ယူပြီး ထွက်ပြောလို့ သူတို့က ခိုင်းတယ်။ အဲဒီလူကို ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး အရေးယူတယ်။ ဖိနှိပ်တယ်၊ ဖြိုခွဲတယ်။ ခေါင်းဆောင်တဲ့သူ မရှိဘူးဆိုတာ ဟုတ်ကိုမဟုတ်ဘူး။ အမြဲတမ်း ခေါင်းဆောင်ရှိတယ်။ အဲဒီခေါင်းဆောင်ကို ဖော်ထုတ်အရေးယူရမယ်လို့ သူတို့ကို အထက်က ညွှန်ကြားထားကြောင်း ပြောပါတယ်။ အဲဒီညွှန်ကြားချက်တွေကို ပေးတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေသူ ဦးအောင်ကြည်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီလို မတရား ဖိနှိပ်ညှင်းပန်းခံနေရတဲ့သူတွေဘက်မှာ အခု ကိုဖိုးဖြူ၊ မစုစုနွေး၊ ကိုဟန်ဝင်းအောင်တို့ ရပ်တည် အကူအညီပေးကြတယ်။ ဆွီဒင်နိုင်ငံက ဆွီဒင် ဆိုရှယ်ဒီမိုကရက် ကျောင်းသားများအဖွဲ့၊ ဆွီဒင် ဆိုရှယ်ဒီမိုကရက် လူငယ်အဖွဲ့တို့ကတောင် နိုင်ငံတကာသွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ စာနာထောက်ခံကြောင်း စာပေးပို့ပါတယ်။ ဒါပေမယ့် ရှက်စရာကောင်းတာက ကျနော်တို့ရဲ့ ဒီမိုကရေစီ သူရဲကောင်းကြီးများအဖို့မှာ မြင်လျက် အကန်း၊ ကြားလျက် အဆွံ့၊ သိလျက် မဝံ့ဖြစ်နေကြတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာက ဆုပေါင်း ရာချီရထားတဲ့ ဒီမိုကရေစီမိခင်၊ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ အာဏာရဖို့ မဲဆွယ်တဲ့ အလုပ်ကိုပဲ လုပ်နေပါတယ်။ သူ့ကို အားပေးကြတဲ့ သောင်းချီတဲ့ လူပရိသတ်ကြီးရှေ့မှာ ကျမကို မဲပေးရမယ်နော် ဒါပဲ ... ဆိုတဲ့ စကားမျိုးတွေလောက်ကိုပဲ မရှက်မကြောက် ပြောနေပါတယ်။ ဒါ … ဒီမိုကရေစီခေါင်းဆောင်တဲ့လား။ ဒါ … လူထုခေါင်းဆောင်တဲ့လား။ ပြည်သူလူထုကြီးက ချစ်လွန်းလို့ အမေစု၊ အမေစု အခေါ်ခံရတဲ့သူ၊ အများပြည်သူရဲ့ ဆင်းရဲဒုက္ခနဲ့ ပရိဒေဝ သောကမီးတွေကို ငြှိမ်းသတ်ပေးမယ်လို့ မျှော်လင့်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုကိစ္စမျိုးတွေမှာ တခွန်းတပါဒတောင် မဖွင့်မဟရဲတာက ဦးသိန်းစိန်ကို ကြောက်လို့လား၊ ဦးသန်းရွှေကို ကြောက်လို့လား၊ ဒါမှမဟုတ် အာဏာရမ္မက် ငမ်းငမ်းတက်နေလို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။ ဒီနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မှာ ရပ်နေသလဲ၊ ဘယ်သူ့ဘက်မှာ ရပ်နေသလဲဆိုတာဟာ မဖြစ်မနေ မေးခွန်းထုတ်ရမယ့် ပုစ္ဆာတခုဖြစ်လာပြီ။ ဦးသိန်းစိန်ဘက်က ရပ်မှာလား။ အလုပ်သမား၊ လယ်သမား ဆင်းရဲသား ပြည်သူလူထုကြီးဘက်က ရပ်တည်မှာလား။ အာဏာရှင်ဘက်က ရပ်မှာလား၊ ဒီမိုကရေစီဘက်က ရပ်မှာလား။ “မသေချာပေမယ့် စွန့်စားရမှာပဲ” ဆိုတဲ့ သူ့ရဲ့ လွှတ်တော်တွင်းဝင်ပြီး ဒီမိုကရေစီ ကံစမ်းမဲထိုးမယ့် အစီအစဉ်ကြီးအတွက် အလုပ်သမား၊ လယ်သမားတွေရဲ့အရေးကို စတေးလိုက်တော့မှာလား။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်လိုက်လို့ ဘာမှ ဆုံးရှုံးစရာမရှိပါဘူးဆိုတာ ဟုတ်ပါရဲ့လား၊ ပြန်စဉ်းစားဖို့သင့်ပါပြီ။ အခုဆိုရင် အလုပ်သမားအရေးကို ဥပဒေကြောင်းအရ တရားစွဲ ဖြေရှင်းကြရမလို ဖြစ်လာပါတယ်။ ဒီအခြေအနေဟာလည်း အားရစရာ မရှိပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတာ အားလုံးအသိပါ။ အလုပ်သမားအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေလည်း လုံလုံလောက်လောက် မရှိပါဘူး။ အဆိုးဆုံးကတော့ အစိုးရကိုယ်တိုင်က အလုပ်သမားတွေ၊ တက်ကြွသူတွေကို ဖိနှိပ်ညှင်းပန်းနေတဲ့ အချက်ကြောင့် တရားစွဲ ဖြေရှင်းနည်းဟာ ကိုယ့်အတွက် အခွင့်မသာတဲ့ နည်းလမ်းပါ။ တကယ်တော့ အလုပ်သမားအရေးကို အလုပ်သမားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ ILO၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီရေးဆောင်ရွက်သူတွေ ဝိုင်းဝန်းပံ့ပိုးတောင်းဆိုကြမှ အောင်မြင်မှုရမှာပါ။ အားလုံး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ရင် တိုင်ယီ တခုတည်းအတွက် မဟုတ်ဘဲ၊ အလုပ်သမားအားလုံးအတွက် အောင်ပွဲရသွားနိုင်ပါတယ်။ ဘယ်သူမှ မပံ့ပိုးရင် ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အရေခြုံအစိုးရက အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေကို ဘဝပျက်အောင် ဖျက်ဆီးကြပါလိမ့်မယ်။ “လူ့တယောက်ရဲ့တန်ဖိုးကို သမိုင်းက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” လို့ ဆရာဗန်းမော်တင်အောင်က ပြောခဲ့ဖူးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ပုခုံးပေါ်ကို သမိုင်းက တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက် ကျေပွန်သလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ။ ဆရာဗန်းမော်တင်အောင်ကို ကိုးကားလို့ ကျနော့်ကို လက်ဝဲဆန်တယ်လို့ တချို့က ထင်ချင်ထင်ကြမယ်။ အရင်ဆောင်းပါးတွေမှာ လူထုလှုပ်ရှားမှုကို ထောက်ခံလို့ လက်ဝဲဆန်တယ်လို့ ဝေဖန်တာမျိုးကိုလည်း ကြုံခဲ့ရဖူးတယ်။ ကမ္ဘာ့ပြည်သူလူထုကြီးက လူထုလှုပ်ရှားမှုကို တက်တက်ကြွကြွ ဆောင်ရွက်နေချိန်မှာ လူထုလှုပ်ရှားမှုပြောတိုင်း လက်ဝဲတံဆိပ် ကပ်နေတာကတော့ မဆလ ဆန်လွန်းတယ်။ မဆလ၊ နဝတ၊ နအဖ ကနေ ကြံ့ဖွံ့အထိ စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့ကို ဆန့်ကျင်လာရင် လက်ဝဲတံဆိပ် ကပ်တာ ထုံးစံပဲ။ ဒီ့အတွက်ဘာမှ တုန်လှုပ်စရာမရှိဘူး။ လက်ဝဲဆန်တာ လက်ယာဆန်တာက အဓိက မဟုတ်ဘူး။ မှန်သလား၊ မှားသလား၊ တရားသလား၊ မတရားဘူးလား ဆိုတာကသာ အခရာ ဖြစ်ပါတယ်။ တကယ်လို့များ လူထုခေါင်းဆောင်၊ အများကြည်ညိုနေတဲ့ ခေါင်းဆောင်ဟာ လမ်းလွဲပေါ်ရောက်နေပြီဆိုရင် ဘာဖြစ်မလဲ။ ကျနော်တို့ ဘယ်လို ရုန်းကန်ကြရမလဲ။ ဘယ်လောက် အန္တရာယ်ကြီးမလဲ။ သေသေချာချာ စဉ်းစားကြဖို့ လိုပြီ။ ပြတ်ပြတ်သားသား ဝေဖန်ကြဖို့ လိုပါပြီ။ ကျနော်တို့ နိုင်ငံရေးမှာ ဝေဖန်ရေး လိုအပ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မပြောဝံ့၊ မဆိုဝံ့၊ မဝေဖန်ဝံ့ပါ ဆိုတဲ့ နုံချာချာ စိတ်ထားတွေကို ကျနော်တို့ အဝင်ခံလို့ မဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက်ဖြစ်မယ် ဆိုတဲ့ ရှေးဆန်တဲ့ အတွေးအခေါ်ကိုလည်း စွန့်သင့်ပြီ။ သိပါ၊ မြင်ပါရက်နဲ့ ကျနော်တို့ မပြောဘဲနေရင် ကျနော်တို့ပါ ရောပြီး တရားခံဖြစ်သွားနိုင်တယ်။ နောင် အနှစ်နှစ်ဆယ်မှာ ခင်ဗျားတို့ တာဝန်မကျေလို့ ကျုပ်တို့ စစ်ကျွန်ဘဝမှာ နေရတယ်လို့ နောက်မျိုးဆက်က ကျနော်တို့ကို လက်ညှိုထိုးတာ ခံရလိမ့်မယ်။ ဒေါ်စု မှားရင် ဒေါ်စုကို ချစ်တဲ့ ပြည်သူလူထုပါ တွေဝေယိမ်းယိုင်သွားလိမ့်မယ်။ ဒီအဖြစ်မျိုးကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ ခေါင်းဆောင်တွေကို ကျနော် တိုက်တွန်းချင်ပါတယ်။ ဒီနေ့အချိန်မှာ အရေးပါတဲ့ နေရာတွေမှာရောက်နေသူတွေ key players တွေ stake holders တွေအနေနဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ချပြကြဖို့၊ ကြိုက်မကြိုက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ အချိန်တန်ပြီလို့ ဆိုချင်ပါတယ်။ ခင်ဗျား ပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ခင်ဗျား မပြောလိုက်တဲ့ စကားတခွန်းကြောင့်လည်း သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ပြောရေးဆိုခွင့်ကို တန်ဖိုးရှိရှိ အကျိုးရှိရှိ အသုံးချစေချင်ပါတယ်။ ဘာ့ကြောင့် ဒီစကားကို ကျနော် ပြောရပါသလဲ။ မကြာခင်တုန်းက ဥပမာလေးတခုကို ပြန်ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဖြစ်ရပ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး၊ မှတ်ပုံတင်ရေး မတင်ရေးနဲ့ ပတ်သက်ပြီး မဲခွဲကာနီးအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင်ရေး၊ မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်တဲ့အသံ သိပ်များများစားစား မကြားခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ဝန်ခံလက်မှတ်ထိုးမယ့် လုပ်ရပ်ဟာ စစ်အာဏာရှင်စနစ်ကို အညံ့ခံ အလျှော့ပေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်တာမျိုး သိပ်ရှားပါးခဲ့ပါတယ်။ ဒီတော့ နိုင်ငံရေးခေါင်းဆောင် အများအပြားဟာ ဝင်ရေး၊ တင်ရေး၊ အညံ့ခံရေးကို ထောက်ခံနေကြသလားလို့ ထင်မှတ်စရာ ဖြစ်ခဲ့ပါတယ်။ (မှတ်ချက်။ ။ ဦးဝင်းတင်နဲ့ စီအာပီပီ ခေါင်းဆောင်တချို့က လူသိရှင်ကြားမဟုတ်ပေမယ့် အတွင်းကြိတ် ဝေဖန်ခဲ့တာမျိုးတော့ ရှိခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်လောက်မှန်သလဲ၊ ဘယ်အတိုင်းအတာအထိ ဝေဖန်ခဲ့သလဲတော့ မသိရပါ။) ဒါပေမယ့် တကယ်တမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မဲခွဲဆုံးဖြတ်အပြီး၊ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကျအပြီးမှာ ကြေညာချက်တွေ အများအပြား ထွက်ပေါ်လာပါတယ်။ အဲဒီကြေညာချက်တွေအရ နိုင်ငံရေးခေါင်းဆောင်အများစုဟာ ဝင်ရေး၊ တင်ရေးကို မနှစ်သက်ကြဘူးဆိုတာ တွေ့လာရပါတယ်။ တချို့က မကြိုက်ကြောင်း အတိအလင်း ပြောကြပါတယ်။ တချို့ကတော့ မကြိုက်ပေမယ့် ဒေါ်စုကိုတော့ ဝန်းရံသွားမယ်လို့ ဆိုကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (အဲဒီတုန်းက မင်းကိုနိုင်တို့ မလွတ်သေး)၊ သံဃာ့တပ်ပေါင်းစု ( အသျှင်ဂမ္ဘီရ မလွတ်သေး)၊ ဗကသအဖွဲ့ချုပ် (ကျော်ကိုကိုတို့ မလွတ်သေး)၊ ဗကသနိုင်ငံခြားရေးကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ SNLD၊ မွန်၊ ရခိုင် အပါအဝင် စီအာပီပီအဖွဲ့ဝင် ပါတီများ၊ ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့အစည်းတွေ ... စသဖြင့် တော်တော်များများဟာ ဝင်ရေး၊ တင်ရေးကို သိပ်မနှစ်သက်ကြတာ တွေ့လာရပါတယ်။ အဖွဲ့အစည်းအသီးသီးရဲ့ ကြေညာချက်တွေကို ဖတ်ရတဲ့အချိန်မှာ ကျနော် တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ ဘာ့ကြောင့် နှောင့်နှေးခဲ့ကြသလဲ။ သူတို့ ဘာ့ကြောင့် စောစောစီးစီး ထုတ်ဖော်ပြောဆို ဝေဖန်ဖို့ ဝန်လေးခဲ့ကြသလဲ။ အဲဒီအချိန်မှာ လူထုဟာ ခေါင်းဆောင်မှု လိုအပ်နေပါတယ်။ မဲမခွဲခင်မှာ ခေါင်းဆောင်အားလုံးရဲ့ ဆွေးနွေးဝေဖန် အကြံပေးတင်ပြမှုတွေ လိုအပ်နေခဲ့ပါတယ်။ လူထုရှေ့မှောက်မှာ နိုင်ငံရေးအမြင်အမျိုးမျိုးကို ရှင်းလင်းချပြဖို့ လိုအပ်ခဲ့ပါတယ်။ တကယ်လို့သာ အဲဒီအချိန်တုန်းက ဝင်ရေး၊ တင်ရေးကို မနှစ်သက်ကြတဲ့ ခေါင်းဆောင်တွေဟာ သူတို့သဘောထားကို လူထုသိအောင် ချပြနိုင်ခဲ့ရင်၊ စောစောစီးစီး ချပြဖို့ ရှင်းလင်းပြောပြဖို့ မပျက်ကွက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း မဲခွဲတဲ့အခါ ဆုံးဖြတ်ချက်ဟာ တမျိုးတဖုံ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သမိုင်းဟာ တမျိုးတဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် စောစောတုန်းက ပြောခဲ့တာပါ။ ခင်ဗျားပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းကို အပြောင်းအလဲ ဖြစ်စေနိုင်သလို၊ ခင်ဗျား မပြောဖြစ်လိုက်တဲ့ စကားတခွန်းကြောင့်လည်း သမိုင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။ ခုတော့ ခေါင်းဆောင်အသီးသီးဟာ အပြောသိပ်နောက်ကျခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအကြောင်းအမျိုးမျိုးထဲမှာ ဒေါ်အောင်ဆန်းစုကြည်မို့ မဝေဖန်ရဲတာ ဆိုတဲ့ အကြောင်းတချက်များ ပါနေခဲ့လေမလားလို့ သံသယဝင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ ထောက်ခံမှု၊ လူထုထောက်ခံမှု သိပ်ကြီးပါတယ်။ ဒီထောက်ခံမှု အရှိန်အဝါကို မလွန်ဆန်ရဲလို့များ မဝေဖန်ခဲ့ကြသလားလို့ သံသယဝင်မိပါတယ်။ တကယ်တော့ လူအများ ထောက်ခံတိုင်း မှန်တယ်လို့ အခါခပ်သိမ်းမှာ တရားသေ ယူဆလို့ မရပါဘူး။ လူအများ ထောက်ခံပေမယ့် မှားနေတဲ့ ကာလမျိုးတွေ ရှိတတ်ပါတယ်။ များတိုင်းလည်း မမှန်သလို နည်းတိုင်းလည်း မမှားပါဘူး။ ဒီလိုပြောလိုက်လို့ လူအများရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဇွတ်လုပ်ဖို့ ပြောနေတာမျိုး မဟုတ်ပါဘူး။ လူအများကို အမှန်ရောက်လာအောင် အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ စည်းရုံးယူရမယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။ လူများစု လူထုကြီးဆိုတာ မှန်ကန်တဲ့ ဦးဆောင်မှု လိုပါတယ်။ ရှင်းလင်းပြောကြားပေမယ့်သူ လိုအပ်ပါတယ်။ လူထုကို အပြိုင်အဆိုင် စည်းရုံးတင်ပြမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ စည်းရုံးဦးဆောင်မှု မရှိရင် လူထုရဲ့ အားပေးထောက်ခံမှုတွေဟာလည်း ယာယီအားဖြင့် ချွတ်ချော်တိမ်းမှားမှုတွေ၊ ခေတ်နောက်ကျမှုတွေ ရှိတတ်ပါတယ်။ ဥပမာတချို့ ပြောရရင် လူများစုလူထုကြီးမှာ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုကြီးကျော်၊ မနှဲလေး ကိုးကွယ်မှုမျိုးတွေ ရှိတတ်တာမျိုးပါ။ ဂျော်ဒန်နိုဘရူနိုက နေကို ကမ္ဘာက ပတ်တယ်၊ ကမ္ဘာကြီး လုံးတယ် ပြောခဲ့တာကိုလည်း လူအများစု လူထုကြီးက ချက်ချင်း မထောက်ခံခဲ့ပါဘူး။ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုယ်ကျိုးရှာ ဘာသာရေးခေါင်းဆောင်တွေကိုသာ ထောက်ခံခဲ့ကြလို့ ဂျော်ဒန်နိုဘရူနိုဟာ အသတ်တောင် ခံခဲ့ရဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကြိုကာလမှာ ဂျာမန်တွေအပေါ်မှာ မဟာမိတ်အင်အားစုတွေက ဗာဆိုင်းစာချုပ်နဲ့ မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့အချိန်မှာ ဟစ်တလာဟာ ဗာဆိုင်းစာချုပ်ကို စက္ကူစုတ်လို သဘောထားခဲ့တဲ့အတွက် ဂျာမန်ပြည်သူတွေက တခဲနက် ထောက်ခံခဲ့ကြဖူးပါတယ်။ မဲပေးရွေးကောက်ခဲ့ပါတယ်။ အမေရိကန် ဗြိတိန်ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တချို့ကတောင် ဟစ်တလာကို လေးစားရုံသာမက အထင်ကြီး အားကျခဲ့ပါတယ်။ ဒီနေ့ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲမှာ ပြနေသလို အဲဒီခေတ်မှာ ဟစ်တလာကို လူတိုင်းက အရူးလို့ ထင်နေတာမျိုး မဟုတ်ပါဘူး။ အဲဒီတုန်းက ဟစ်တလာနဲ့ နာဇီဝါဒဟာ ကမ္ဘာ့ပြည်သူတွေကို ဒုက္ခအကြီးအကျယ်ပေးမယ်ဆိုတာ လူထုက ကြိုတင်မသိမြင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဟစ်တလာရဲ့အန္တရာယ်ကို ထောက်ပြဝေဖန်ခဲ့သူတွေလည်း ရှိတော့ရှိခဲ့ပါတယ်။ ဆိုလိုတာက တချို့အချိန်တွေမှာ အမှန်တရားဘက်မှာ ထောက်ခံသူ လူနည်းစုသာရှိတဲ့ အချိန်မျိုး ကြုံရတတ်ပါတယ်။ အဲသလို အချိန်မျိုးမှာ လူနည်းစုအတွက် ရင်ဆိုင်ရတဲ့ အခြေအနေဟာ ခက်ခဲကျပ်တည်းတတ်ပါတယ်။ စိတ်ထိခိုက်နာကျင်စရာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲသလို အခက်အခဲ အကျပ်အတည်းမျိုးကို သည်းခံပြီး စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ဖြတ်ကျော်မှုမျိုးသာ မလုပ်ကြရင် အတွေးအခေါ်မှားတွေဟာ ကာလရှည်ကြာ သရဖူဆောင်းသွားကြမှာပါ။ ဒီနေ့အချိန်အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်ယီ အလုပ်သမားအရေး ဥပေက္ခာပြုမှု၊ ရွေးကောက်ကိုယ်စားလှယ် ရွေးချယ်ရာမှာ ဒီမိုကရေစီနည်းမကျတဲ့ ဆောင်ရွက်ချက်တွေ၊ ကိုယ်စားလှယ်ကောင်းတာ မကောင်းတာ အရေးမကြီးပါဘူး ... ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက ဟုတ်မဟုတ်ပဲ အရေးကြီးပါတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ညှိုးထောင် ခေါင်းညိတ်တွေချည်းပဲ ရွေးချယ်ခဲ့တာတွေ၊ ပါတီပြန်လည်ဖွဲ့စည်းရာမှာ အပြိုင်မထားတဲ့ (ဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့) အာဏာရှင်စနစ်ဆီ ဦးတည်သွားနိုင်တဲ့ ဖွဲ့စည်းပုံ ပုံဖော်မှုတွေ၊ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးကိစ္စကို အစိုးရဘက်က ကြားဝင်ပေးဖို့ မတောင်းဆိုလို့ ဘာမှ လုပ်လို့မရပါဘူးဆိုပြီး လက်ပိုက်ကြည့်နေတာတွေ၊ အစိုးရ အလိုတော်ရိ ကရင်သစ္စာဖောက် ဗိုလ်ထိန်မောင်အဖွဲ့နဲ့ကျမှပဲ တိုင်းရင်းသားတွေကို အလွန်ချစ်တဲ့ပုံနဲ့ အတင်းဖက်ပြနေတာတွေ၊ လူထုတရပ်လုံးရဲ့ အကြီးအကျယ် ထောက်ခံမှုရနေပါရက်နဲ့ မဲထည့်ရမယ်နော် ဆိုတာထက် ဘာတခုမှ ပိုပြီး စည်းရုံးလမ်းညွှန်မှု မပြုလုပ်တာတွေနဲ့ ပတ်သက်ပြီး ဘဝင်မကျသူတွေ တော်တော်များများ ရှိနေကြမယ်ထင်ပါတယ်။ ကိုယ်ဘက်မှာ လူနည်းစုဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ထုတ်မပြောသူတွေလည်း အများအပြား ရှိနိုင်ပါတယ်။ ဘဝင်မကျရင် ဘဝင်မကျကြောင်း ထုတ်ဖော်ပြောဆိုကြဖို့သင့်ပါပြီ။ ဒီအခြေအနေကို ဒီအတိုင်း ဆက်လွှတ်ထားရင် ဗိုလ်သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာအချင်းချင်း သွေးစည်းညီညွတ်ရေးလုပ်သွားပြီး တိုင်းရင်းသားတွေကို ဥပေက္ခာပြုထားတယ်၊ ချောင်ထိုးထားတယ်လို့ တိုင်းရင်းသားတွေက တနေ့မှာ ထင်မြင်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျ ဥပေးမယ့် ငန်းမကြီးပမာ တယုတယ မွေးမြူထားချင်လာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ထဘီကို အလံထူ၊ နိုင်ငံတကာကို ချော့မြူပြီး ပြည်သူကို ဖိနှိပ်၊ ဒေါ်စုက ရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။ စစ်အစိုးရအကြိုက် ဖြစ်မှာစိုးလို့ ဒေါ်အောင်ဆန်းစုကြည်ကို မပြောမဆို မဝေမဖန်ဘဲထားရင် အခြေအနေဟာ ဒီမိုကရေစီပန်းတိုင်နဲ့ တနေ့တခြား ပိုပြီး ဝေးကွာလာနိုင်ပါတယ်။ ဒါ့ကြောင့် တာဝန်သိသိနဲ့ ဝေဖန်အကြံပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဟာလည်း သမိုင်းပေးတာဝန်တရပ် ဖြစ်ပါတယ်။ ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

Read more »

အာဏာရှင် ပေါက်စ


အာဏာရှင် ပေါက်စ
ပြည်သူတွေ လိုတာကို အားလုံးလုပ်ပေးမယ်ဆိုတဲ့ သူကို ဘယ်တော့မှမယုံနဲ့
အဲဒါ အာဏာရှင်ပေါက်စ လို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ မနောကွင်းမိန့်ခွန်း

Read more »

Saturday, February 25, 2012

Hkamja lam

yitrum manang ni , ya hte gaw Shanglawt Tsing ni n sadi n maja kau ai majaw, hkamja lam ningra mat ai; KK a chyeju san san hte sha tsi hkrung tsi nan lu lu nna, bai mai tsai wa ai hte, hkamja lam chyu garan gachyan nga mayu sai.Makau  grup-yin hkan majan kaji kajaw byin ai shiga ni mung na lu ai.Galoi wa mi she Mungdan ngwi pyaw simsa sana kun? N-gun dating nna myit nden shaja nga na lam sha nga ai . 
jic

Read more »

Friday, February 24, 2012

she yu yu mu law DASSK-Kachinland

         

Read more »

Tuesday, February 21, 2012

ဖေ့စ်ဘွတ်တည်ထောင်သူမှာ အသက်အရွယ်ကြောင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်


Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဖေ့စ်ဘွတ် တည်ထောင်သူ မခ် ဇာကာဘက်ခ် ရဲ့ ကြွယ်ဝမှုမှာ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၃.၅ ဘီလီယံရှိပြီး၊ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းတွင် ၅၂ နေရာမှာ ရှိသည်။
မကြာခင်က ဖေ့စ်ဘွတ်ကို ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဈေးတင်သတ်မှတ်ခဲ့တာကြာင့်၊ သူ့ရှယ်ယာစုက ၂၈.၄ ရာခိုင်နှုန်းရှိတဲ့အတွက် ဇာကာဘက်ခ်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၂၈.၄ ဘီလီယံ အထိ ရှိလာနိုင်သည်။ ဒါ့အပြင် သူ့ကို ကမ္ဘာ့အချမ်းသာဆုံးသူအဖြစ် မြင်ကြဖို့ ရှိနေသည်။ 
ယခု ဇာကာဘက်ခ်ရဲ့ အသက်က ၂၇ နှစ်သာ ရှိသေးတာမို့၊ အခြား ဘီလျံနာအိုကြီးတွေနဲ့ယှဉ်ရင် ထိပ်ဆုံးရောက်ဖို့ သူ့မှာ  အလားအလာ အများကြီးရှိနေသည်။ ကမ္ဘာ့ထိပ်တန်း ဘီလျံနာ ၁၀၀ စာရင်းဝင် ဂူဂဲလ် ကုမ္ပဏီ ပူးတွဲထူထောင်သူ Larry Page နဲ့ Sergey Brin တို့ရဲ့ အသက်ကလည်း ၄၀ အောက်တွေ ဖြစ်သည်။ သို့သော် လက်ရှိ အသက်အရွယ်နဲ့ ပိုင်ဆိုင်ထားတဲ့ဓနကို တွက်ရင်၊ ဇာကာဘတ်ခ် က အငယ်ဆုံးမို့ ကမ္ဘာ့ အချမ်းသာဆုံးဟုပင် ဆိုနိုင်သည်။

အောက်မှာ ဖေ့စ်ဘွတ် လူဦးရေကို ရုရှား၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ၊ အမေရိက တို့က လူဦးရေနဲ့ ဘီလီယံအားဖြင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ဈေးကွက်ကြွယ်ဝမှု ဒေါ်လာ ဘီလီယံကိုလည်း Boeing, McDonald, Amazon,Google, Toyota, Apple ကမ္ပဏီတို့နှင့်လည်း ဖေ့စ်ဘွတ်ကို နှိုင်းယှဉ်ထားသည်။ နောက် ဖ့စ်ဘွတ်လုပ်ငန်းက ကြွယ်ဝချမ်းသာပေမဲ့ အခြားကုမ္ပဏီများလို လုပ်သားအင်အား သောင်းဂဏန်း၊ သိန်းဂဏန်းမရှိဘဲ၊ နည်းပညာလုပ်သား ၃ ထောင်ကျော်နှင့် ရုံးနှစ်ရုံးသာ ရှိတာက ထူးခြားသည်။

ဝင့်ထန်း
Source: The Economist posted by  Maukkha Education Magazine.

Read more »

Monday, February 20, 2012

Bung li

Myitrum manang ni, daini gaw "Bungli" ngu ai ga shagawp hte, anhte a Wunpawng shadang lagawn kunghkan ni hpe lakjet jaw dat sai. Kade mung n hkap,Kade mung n rap re ai WP shadang ni hpe, wa yu gaya dik ai. Share shagan ni hpe chyawm gaw grai shakawn ai hte grai tsaw ra ai law.
Ya ten hta WP mungdan she chyam hkra, asuya hpyenla ni hpring nga ai. Lawu ga na banau chyahkat ni katsing galang karing karang re ai shazai ni hkrai rai ma ai da. Kyu hpyi shapyen shagrawt kau ra ga ai .. ngu;

JIC: Read More+++click link (1)

Read more »

Lawt nan lawt ra sai ( gum hpawn nna Ka bang dat sai)

Mungdan langai mi,myu langai mi, masha langai mi rawt jat galu kaba galai shai na matu gaw,
1-Tinang nga pra ai mungdan hpe manu shadan rim tek tawn chye ra ai.
2-Tinang asak hkrung taw nga ai prat ladaw hpe manu shadan rimtek ra ai.
3-Tinang lu tawn ai masa lawt lam hpe manu shadan rimtek tawn ra ai.
4-Tinang prat hta lam woi ningbaw ai ningbaw ningla langai ngai a woiawn galaw sa ai hpe madi shadaw jumtek tawn ra ai.
5-Tinang lu tawn ai prat ten hkying hpe manu shadan akyu jashawn rimtek chye ra ai.
part ladaw hkrung nga ai ten hkying hpe manu shadan chye yang chyu annau ni gaw shanglawt ai myu sha langai lawan tai wa lu na re majaw hpunau wa e nang lu tawn ai hpu dik manu dan dan dik ai ten gaw kade matut rai nga ai kun?yihku wan zawn,salu zawn mawng hkoi mat chye ai yup mang zawn myi hprit zawn pat zawn hka shingna zawn mat mat hkoi mat lawan ai annau prat dai ni du nga ai ten gaw manu dan htuk manu dik ai shanglawt lu na ten re ngu sawn mu ai.

Read More+++click +++Anut saga law+++

Read more »

ကျွန်နော် အစွန်းရောက်နေပါသလား

ဗမာလူမျိုးတွေ စိတ်သဘောကောင်းတယ်၊ ဖော်ရွေတယ်၊ ကူညီတတ်တယ်ဆိုတာ ကျနော့်ကိုယ်တွေ့ပါ။ လက်ခံပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ ကျနော်တင်တဲ့ ပို့စ်တွေ၊ သတင်းတွေကြောင့် ကျနော့်ကို တလွှဲမြင်ကြမယ့် သူငယ်ချင်းတွေ(ရှိခဲ့ရင်ပေါ့လေ)ကိုလည်း အစိုးရရဲ့ အလုပ်မဖြစ်တဲ့ မူဝါဒကို ဝေဖန်ခြင်း၊ ထောက်ပြခြင်းသာဖြစ်ကြောင်း နားလည်စေလိုပါတယ်။ Online မှာတော့ ရေးလိုက်တဲ့ လူမျိုးရေး၊ လူချင်းတွေ့တော့ သူမဟုတ်သလိုလို့ ပြောမယ့်သူတွေရှိခဲ့ရင်လည်း နားလည်နိုင်ကြပါစေ။ ကချင်တစ်ယောက်ရဲ့အမြင်ကို ကချင် သဘောထားနဲ့ ထင်ဟပ်ဖော်ပြခြင်းသာ ဖြစ်ကြောင်းပါ။
 အစိုးရက ကချင်တွေကို စစ်ဆင်ရေးလုပ်တာပဲ၊ ဗမာလူမျိုးတွေ ကချင်တွေကို သွားတိုက်နေတာမှ မဟုတ်တာလို့ ဖြေကောင်း ဖြေပါလိမ့်မယ်.. ကချင်လူမျိုးတွေကို တိုက်နေတာမှ မဟုတ်တာ။ ကချင်သူပုန် ကေအိုင်အို/ကေအိုင်အေကို တိုက်နေတာပါလို့ ပြောကောင်းပြောပါလိမ့်မယ်။ ဟုတ်ကဲ့ပါ အတိုင်းအတာတစ်ခုထိ မှန်ပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ဖွဲ့စည်းပုံ အဆင့်ဆင့်မှာ တာဝန်ရယူထားကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအားလုံးနီးပါးဟာ ဗမာလူမျိုးတွေ ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။
ဒီလိုပဲ ကချင်လွတ်မြောက်ရေးအစိုးရ/တပ်မတော်မှ အမှုထမ်းတွေ အများစုဟာလဲ ကချင်မျိုးနွယ်စုဝင်တွေပါ .. ဒီတော့ ဗမာစစ်တပ်က ကချင်နယ်မြေကို ကျူးကျော်စစ်ဆင်လို့ ကချင်စစ်တပ်က တွန်းလှန် တိုက်ခိုက်ရတယ်လို့ပဲ ယေဘုယျ မှတ်ယူရမှာပါ.. တိုင်းတပါးသားတွေ ကျူးကျော်တိုက်ခိုက်လို့ ပြန်လည်ခုခံနေရတဲ့ အနေအထားပါ .. နောက်တစ်ချက်က ကေအိုင်အေကို
စစ်ဆင်ရေးလုပ်တယ်ဆိုရင် ကေအိုင်အေစခန်းတွေ၊ ကေအိုင်အေစစ်သားတွေကိုပဲ တိုက်ပါလားဗျာ။ ဘာလို့ အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အဦတွေကိုပစ်မှတ်ထားရတာလဲ။ ကချင်တွေကို မျိုးဖြုတ် သတ်ဖြတ်ချင်လို့လား။ အစိုးရတပ်တွေလုပ်တာ တို့ဗမာတွေနဲ့ ဘာဆိုင်လို့တုန်းလို့ ထပ်မေးပါလိမ့်မယ်.. ကျနော် ဥပမာ တစ်ခုပေးပါရစေ။ ဆိုပါတော့ယိုးဒယားစစ်တပ်က ရန်ကုန်မြို့ကို သိမ်းဖို့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်စစ်ဆင်နေတယ်ဆိုပါစို့။ ဘယ်ဗမာ မဆို ဒီယိုးဒယားတွေ ငါတို့ကို ကျူးကျော်စော် ကားနေတယ်လို့ပဲ ယေဘုယျတွေးကြမှာပဲ မဟုတ်လား။ တလောကမှ ဖြစ်သွားတဲ့ ဗမာအမျိုးသမီး တစ်ယောက်ကို ဂျပန်တစ်ယောက်ပါးရိုက်တဲ့ ဖြစ်စဉ်ကိုပဲ ကြည့်ပါလား။ ဂျပန်စော်ကား သွားတယ်လို့ပဲ မြင်ကြတာပဲမဟုတ်လား။ ကျနော် ဗမာမုန်းတီးလို့ ဒီလိုပြောနေတာ မဟုတ်ဘူးနော်.. ကချင်လူမျိုးတစ်ယောက်ရဲ့ ခံစားချက်ကို ကချင်အမြင်ဘက် (from a Kachin’s point of view or perspective) ကနေနဲ့ ထုတ်ဖော်ပြနေတာပါ.. စစ်ပွဲမှာ သေဆုံးသွားတဲ့ ဗမာစစ်သည်တစ်ယောက်ရဲ့ မိသားစုဝင်တွေလဲ ငါ့သား၊ ငါ့ခင်ပွန်း၊ ငါ့အဖေကို ကချင်သတ်သွားတယ်လို့ပဲ မြင်မှာပဲလေ.. ဒီတော့ဆိုလိုရင်းက ကျနော်တို့ ကချင်တွေကို ဗမာတွေတိုက်နေတယ်လို့ ယေဘုယျသတ်မှတ်မယ်ဆိုရင် လွန်မယ်မထင်ဘူးလို့ ပြောချင်တာပါ။ မင်းဒီလောက်တောင် ဦးနှောက်မရှိဘူးလား၊ ဒါလေးတောင် ခွဲခွဲခြားခြားမမြင်နိုင်အောင်အမုန်းတွေလွှမ်းမိုးနေပြီလားလို့ မေးစရာဖြစ်လာပါလိမ့်မယ်။ သြော် ပြောပြီးပါပကောကျနော် ဘယ်ဗမာကိုမှ မမုန်းပါဘူးလို့။ ဒီကနေ့ ဖြစ်နေတဲ့ စစ်ပွဲကိုလဲခွဲခွဲခြားခြားမြင်ပါတယ်။ ဒါပေမယ့် ကချင်လူမျိုးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကချင်သဘောထားအမြင်(View)၊ ကချင်ရပ်တည်ချက်(Stand)၊ ကချင်မူဝါဒ(Policy)တွေကိုပဲ ထောက်ခံရမယ်၊ ကိုင်စွဲထားရမယ် ဆိုတာကိုတော့ နားလည်ပေးစေချင်ပါတယ်။ နှစ်ခြင်းခရစ်ယာန်အခြေခံစည်းမျဉ်း (Basic Baptist Christian Distinctives) တွေထဲက ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားရမယ် (Separation of the Church and the State) ဆိုတဲ့အချက်ကိုအခြေပြုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention) တောင်မှ ဒီကျူးကျော်စစ်မှာတော့ ကြားနေလို့မဖြစ်တော့ဘူးဆိုတဲ့ မူဝါဒကို ပြောင်းလဲလာတဲ့ အချိန်မှာ ကချင်တစ်ယောက်ဖြစ်တဲ့ ကျနော်သည်လည်းပဲ ကချင်ပြောတဲ့စကားကိုပဲ ပြောမှာပါ.. ကချင်အမြင်ကိုပဲ မြင်မှာပါ.. ဆရာတော်ကြီးတွေအပါအ၀င် ကချင်တွေအားလုံး သဘောထားတစ်ခုထဲ ရှိနေတဲ့ အချိန်မှာ ကျနော်က ဘာကောင်မို့လို့ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို သစ္စာဖောက်တဲ့ အမြင်မျိုးရှိရမှာလဲဗျာ။ ဟုတ်တယ်မလား။ နောက်တစ်ချက်က ကချင်လွတ်မြောက်ရေးအစိုးရ/အဖွဲ့ (ကချင်တွေက အစိုးရ လို့ပဲသုံးနှုန်းပါတယ်) ရဲ့ နိုင်ငံရေးမူဝါဒပါ.. အန်တီစု ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေ ယခင်စစ်အစိုးရလက်ထက်မှာ ထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒ ကိုင်စွဲထားဆဲကာလကတည်းက ကေအိုင်အိုက စစ်အစိုးရနဲ့ အပစ်ရပ်စဲကာ အမျိုးသားညီလာခံကို အင်တိုက်အားတိုက်(လေ့လာသူ အဆင့်တောင် မဟုတ်ဘူးနော်) တက်ရောက်ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။

Read more »

Sunday, February 19, 2012

Myutsaw hkring htawng(sau kamai) Laika ngau hpe chyeju dum dik ai.

 Ndai laika ngau hti hkrup ai majaw ngai Hugawng mung grai hkam sha ai hku re.
Ndai laika ngau hta e NFA ngu ai hugawng pa ginchyum, mung sun,dabyi dan a lam ni lawm nga ai,Gala india mung hte myen mung dan lapran e gran rai nga ai Hkamung shagawng mayan rai nga ai.Dai shara hta moi shawng e Myutsaw mare ngu ai Wunpawng mungdan shanglawt asu ya gaw de da ai shalawt da ai gai wang nga lai wa sai.Dai ginra e shangai wa ai kaw ngai hugawng lawm nga ai.
Laika ka ai sau Kamai hte Jinghpaw kasa blog hpe grai chye ju dum ai.
Rawt malan labau hpe lawlaw ka ya marit.

Read more »

Saturday, February 18, 2012

Myen hpyen dap::::????

Hkawp myitrum manang ni hpe daini na ga shagawp ningnan Myen hku shagun dat ai yaw. Mani gaw, hkum n zeng mat nna matsinghpa kadun hte sha n-gun lu jaw dat ai hku re.
            Shiga chyalam kun gaw n chye ai, na lu ai shiga gaw, anhte a Shanglawt hpyenla ni asuya hpyenla ni nga ai shara de sinat gap bang yu yang, sharat pyi n na hkra zim gyem taw taw rai ma ai da. Bai shawnglam de na anhte a Commander ni mung hkai tawn da ai bawm ni hpe bai shaw kau shangun ngun re majaw, lachyum n chye na ai hpyenma ni mau nga ma ai da. Ya hte gaw asuya hpyenla langai KIA a bawm kabye hkrup la nna, si ai lam mung na lu ai.
            Manhkrum zuphpawng gaw, “Galoi Mi She” rai na kun? Yawng grai myit lawm nga ga ai. Ya hte KBC kaw na, “Awmdawm” ngu, Kyu jawm hpyi ai nsen na nna, grau myit ru mat masai kun? nga tsun shajang nga ga ai.

Read more »

NDF ဒေါ်ဘောက်ဂျာနှင့် အင်တာဗျူး



အမေရိကန်ပြည်ထောင်စုကို ဆရာမ လာရောက်တဲ့ အကြောင်းကို ပြောပြပေးပါ။

အမေရိကန်အစိုးရက ဖိတ်ကြားတဲ့အတွက် လာရောက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကချင်အရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းစစ်ကိစ္စနဲ့ ကချင်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမေရိကန်အစိုးရက သိရှိလိုတဲ့ အတွက်လာရောက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်ကို ရောက်တုန်းရောက်ခိုက် ကချင်မျိုးနွယ်စုဝင် ညီအစ်ကိုမောင်နှမတွေနဲ့လည်း တွေ့ဆုံလိုတဲ့အတွက် ဒီနေရာကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ဆရာမအနေနဲ့ ကချင်လူမျိုးတွေအတွက် လူမှုရေး၊ နိုင်ငံရေးကိစ္စတွေမှာ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်ပေးနေတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မယ့် ဆရာမရဲ့ လုပ်ငန်းစဉ်ကို သိပါရစေ။

ကချင်လူမျိုးတွေအနေနဲ့ မိမိရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့က ပထမ နံပါတ်(၁) ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ရဲမှသာလျှင် ကျမတို့ လူမျိုးတွေရဲ့ ရပိုင်ခွင့်နဲ့ လိုအပ်ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ လူငယ်မောင်မယ်တွေအနေနဲ့ မိမိရဲ့ နိုင်ငံရေးရပ်တည်ချက်ကို သိရှိပြီး ဒီနိုင်ငံရေးလမ်းစဉ်မှာ မားမားမတ်မတ် ရပ်တည်နေဖို့က နံပါတ်(၁) အရေးကြီးဆုံး ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ လူငယ်တွေသာမက တိုင်းသူပြည်သားတွေ အားလုံးသည်လည်းပဲ မိမိတို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို သေသေချာချာ သိရှိနားလည်ကာ မိမိတို့ရဲ့ နိုင်ငံရေးလမ်းစဉ် ရဲရဲဝံ့ဝံ့ လက်ခံလျှောက်လှမ်းဖို့ လိုပါတယ်။ ဒီကိစ္စတွေကို လက်ရှိအချိန်မှာ (ပညာပေး)လုပ်ဆောင်နေပါတယ်။ နောက်ပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဘာလို့ ရွေးကောက်ပွဲဝင်ရသလဲဆိုရင် ကျမတို့ရဲ့ အရေးကို ကျမတို့ဘက်မှာ ရပ်ပြီးပြောမယ့်သူ မရှိလို့ပါ။ လွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေရှိသော်လည်းပဲ ကျမတို့ရဲ့ လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို တောင်းဆိုတင်ပြမယ့်သူ မရှိပါဘူး။ လွှတ်တော်ထဲမှာ ပိုပြီးတော့ ထိထိရောက်ရောက် ပြောဆိုတင်ပြနိုင်လိမ့်မယ်လို့ ထင်တဲ့အတွက် ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ကျမတို့ ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေ အများကြီးရှိပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ရမယ်။ ဒီလိုကိစ္စတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ အခုကတည်းက ပြင်ဆင်နေပါတယ်။

စစ်ဖြစ်ပွားနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ အများအပြား ဆင်းရဲဒုက္ခရောက်နေကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေလည်း ရှေ့တန်းစစ်မျက်နှာတွေမှာ အပြင်းအထန် ကြိုးစားတွန်းလှန်တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။ ကချင်လွတ်မြောက်ရေးအစိုးရမှလည်း ဗမာ(မြန်မာ)အစိုးရနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကာ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒီအကြောင်းကိစ္စတွေအပေါ် ဆရာမရဲ့ သဘောထားအမြင်ကို ပြောပြပေးပါ။

ကျမတို့ ကချင်ပြည်မှာ သေနတ်ပြန်ဖောက်တာ (၈)လ ရှိလာပါပြီ။ ဒီကာလအတွင်းမှာ ဆင်းရဲဒုက္ခ ရောက်ကြရတယ်ဆိုတာ မှန်ပါတယ်။ စစ်မက်တိုက်ပွဲတွေ မရှိတဲ့ကာလတွေတုန်းကလည်း ကျမတို့ရဲ့ ပြည်သူတွေ အကြီးအကျယ် ဆင်းရဲဒုက္ခရောက်ခဲ့ကြရတာပါ။ ဟူးကောင်းလွင်ပြင်ဒေသမှာ ယုဇနကုမ္ပဏီက မြေဧက နှစ်သိန်းကျော်သိမ်းလိုက်လို့ မြောက်များစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြရတာပါ။ တိုင်းသူပြည်သားတွေခမျာ နေစရာ မရှိ၊ စားစရာ မရှိနဲ့ ဆင်းရဲဒုက္ခရောက်ကြတယ်။ အစားအသောက်မရှိလို့၊ ဆေးဝါးကုသနိုင်ခြင်းမရှိလို့ သေဆုံးသွားကြရတယ်။ ကလေးတွေ ကျောင်းမတက်နိုင်ဘူး။ လူငယ်လူရွယ်တွေ ပျက်စီးသွားကြရတယ်။ ဒီကနေ့ စစ်ဖြစ်နေလို့သာလျှင် ပြည်သူတွေ ဒုက္ခရောက်တာ မဟုတ်ပါဘူး။ စစ်မဖြစ်တဲ့ အချိန်ကာလတွေမှာလည်း ဆင်းရဲဒုက္ခတွေကို အကြီးအကျယ် ခံစားဖြတ်သန်းခဲ့ကြရတာပါ။ ဒီကနေ့အထိလည်း ဒုက္ခရောက်နေကြတုန်းပါပဲ။ စခန်းတွေမှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ပင်ပန်းဆင်းရဲနေကြရပါတယ်။ အထူးသဖြင့် ရှမ်းပြည် ဖောင်းဆိုင်၊ အင်ဘော်ပါ စတဲ့ ဒေသတွေမှာ အကူအညီရောက်ရှိမှု နည်းတဲ့အတွက် ပိုပြီးဆင်းရဲဒုက္ခရောက်ကြကြောင်း သိရပါတယ်။ အင်မတန် ချမ်းတဲ့အချိန်ကာလမှာ ၀တ်စရာ အနွေးထည်မရှိ၊ အမိုးအကာမရှိတဲ့ နေရာတွေမှာ နေထိုင်ကြရတာပါ။ အမိုးအကာနဲ့ လုံလုံခြုံခြုံနေရတဲ့ နေရာတွေမှာလည်း အချို့က စားစရာဆန်ပဲ ရှိပြီး ဟင်းလျာချက်ပြုတ်စားသောက်ဖို့ မရှိဘူး၊ နေမကောင်းဖြစ်ရင် သောက်သုံးဖို့ ဆေးဝါးမရှိဘူး စတာတွေကို ကြုံတွေ့နေကြတယ်။ နေရာဒေသအချို့မှာ ကလေးတွေ ကျောင်းမနေနိုင်ဘူး။ ထွက်ပြေးတိမ်းရှောင်လာရတဲ့အတွက် ကျောင်းမတက်နိုင်တာ၊ တချို့က သူတို့တိမ်းရှောင်ရောက်ရှိနေတဲ့ နေရာနဲ့ စာသင်ကျောင်း ကွာဝေးလွန်းတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်တွေ ကျောင်းမနေနိုင်၊ စာမသင်ကြားနိုင် ဖြစ်နေရပါတယ်။
ပြည်သူလူထုကို ဘယ်လောက်ထိ နှိပ်စက်သလဲဆိုတော့ ကလေးတွေကို စာသင်ကြားပေးတဲ့ ဂေဟာမှာလည်း ဗုံးလာခွဲတယ်။ တောင်ယာသွားတဲ့သူတွေကိုလည်း အသားလွတ် ပစ်သတ်တယ်။ ဒီလို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်တာတွေကိုလည်း ခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားတဲ့ ကိစ္စတွေလည်း အမြောက်အများ ဖြစ်ပွားခဲ့ပါတယ်။ ယောက်ျားတွေ့ရင် ပေါ်တာဆွဲတယ်၊ မိန်းမနဲ့ကလေးတွေကိုတော့ လူသားဒိုင်းသဖွယ်အသုံးပြုတယ်။ နည်းလမ်းပေါင်းစုံနဲ့ စော်ကားနေကြပါတယ်။ ရွာမှာမနေရဲလို့ ထွက်ပြေးသွားတဲ့ရွာတွေကို မီးရှို့တယ်၊ ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့ဖျက်ဆီးတယ်။
ဒီတော့ စစ်မီးငြိမ်းသွားခဲ့ရင်တောင် ပြန်စရာအိမ်မရှိတဲ့အဖြစ်ဆိုတော့ ပြန်လည်ထူထောင်ရေးအတွက်လည်း အများကြီးလုပ်ရဦးမှာပါ။ ဒါ့ကြောင့် ကျမတို့ရဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေအတွက် ပြန်လည်ထူထောင်ရေးသည်လည်းပဲ ကျမတို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကိစ္စအတွက်တော့ ခေါင်းဆောင်ကြီးတွေ ဆောင်ရွက်နေကြပါတယ်။ ရှေ့တန်း စခန်းအသီးသီးမှာ ရဲဘော်ရဲဘက်တွေ ကြိုးပမ်းအားထုတ်နေကြပါတယ်။ ငြိမ်းချမ်းရေးကိစ္စပြောမယ်ဆိုရင် လွန်ခဲ့တဲ့(၁၇)နှစ်တိုင်တိုင် အပစ်ရပ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးလို့ ပြောတဲ့ ဒီအပစ်ရပ်ကာလမှာ တိုင်းသူပြည်သားတွေ အလွန် ဆင်းရဲဒုက္ခရောက်သွားခဲ့ရပါတယ်။ လယ်ယာမြေတွေ သိမ်းခံရတယ်။ ဒီစစ်အေးတိုက်ပွဲကာလမှာ ကျမတို့ အင်မတန် ကျရှုံးသွားခဲ့ရပါတယ်။ အခုလည်းပဲ အရင်လိုအပစ်ရပ် ငြိမ်းချမ်းရေးပုံစံပဲ ပြန်သွားမယ်ဆိုရင်တော့ ဘာမှမထူးပါဘူး။ ဗမာအစိုးရရဲ့ လှည့်ဖြားမှု၊ ကလိန်ကျမှု နောက်တစ်ခေါက် ထပ်မခံရဖို့ လိုပါတယ်။ ကျမတို့ ထပ်မှားလို့ မရပါဘူး။ ထပ်မှားခဲ့မယ်ဆိုရင်တော့ ကျမတို့ တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်ဟာ ပိုမို ဆိုးရွားသွားပါလိမ့်မယ်။ ဒီဗမာအစိုးရက ကျမတို့ကို ဘယ်လိုနည်းနဲ့မှ မနိုင်တဲ့အတွက်ကြောင့်သာ သည်းခံကာ တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ ကျမတို့ရဲ့ ရိုးသားပွင့်လင်းမှုကို အခွင့်ကောင်းယူကာ လှည့်ဖြားနေကြတဲ့ ဒီဗမာအစိုးရရဲ့ သွေးဆောင်မှုအောက် ကျဆုံးရောက်ရှိ မသွားဖို့ ဖန်ဆင်းရှင်ထာဝရဘုရားသခင်ထံ ကိုးစားဆုတောင်းခြင်းဖြင့် တိုင်းသူပြည်သားတွေအားလုံး လက်တွဲညီညီ လျှောက်လှမ်းကြမယ်ဆိုရင် ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀ှမ်းလုံးမှာ ရောက်ရှိနေကြတဲ့ ကချင်လူမျိုးတွေအတွက် အမှာစကားပြောကြားပေးပါဦး။

တိုင်းပြည်ဒေသအသီးသီးကို ရောက်ရှိနေကြတဲ့ ကချင်ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံသား၊ ကချင်လူမျိုးဖြစ်ခွင့်ရခြင်းဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက် ဖြစ်ပါတယ်။ ဒီကနေ့  စစ်တိုက်နေကြနေတယ်ဆိုပေမယ့် ကျမတို့ဟာ အမှန်တရားဘက်မှာ ရပ်တည်နေကြတဲ့အတွက် ကချင်လူမျိုးတွေအားလုံးရဲ့ ဂုဏ်အဖြစ် မှတ်ယူကြရမှာပါ။ စစ်ပွဲတွေနဲ့ ပင်ပန်းဆင်းရဲခက်ခဲမှုတွေအတွက် ညည်းတွားနေစရာအကြောင်း မရှိပါဘူး။ ကျမတို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
အားလုံးအတွက် ကောင်းမွန်တဲ့ လမ်းစဉ်ဖြစ်တဲ့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကာ အားလုံးဆက်လက်ကြိုးစား အားထုတ်သွားမယ်ဆိုရင် ဘုရားသခင်က တည်ငြိမ်အေးချမ်းတဲ့ ခါနန်ပြည်သစ်ကို ခေါ်ဆောင်သွားလိမ့်မယ်ဆိုတာကို ယုံကြည်ခြင်းအားဖြင့်၊ ဆုတောင်းခြင်းအားဖြင့်၊ ညီညွတ်ခြင်းအားဖြင့် ရှေ့ဆက်လျှောက်လှမ်းကြပါစို့။
Myenhku laika gale ya ai P.Zau man hpe chye ju dum ga ai.

Read more »